အကျဥ်းဦးစီးစခန်း ၄ ခုကို TNLAနှင့်PDFတို့ပူးပေါင်းသိမ်းပိုက်
***************************
သံလွင်ခက်
နိုဝင်ဘာ ၂၀ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ
အကျဥ်းဦးစီးစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့သည်ဟု PSLF/TNLA က ယနေ့တွင်သတင်းထုတ်ပြန်သည် ။
နောင်ချိုမြို့ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း (၄) ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့က နိုဝင်ဘာ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက် ခဲ့သည်။
တိုက်ပွဲအတွင်း၌ MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2504
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6319