• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရခိုင်အခြေစိုက်သတင်းဌာနက သတင်း​ထောက် ၁ ဦးကို စစ်ကောင်စီဖမ်းဆီး
နေ့စဉ်သတင်း

ရခိုင်အခြေစိုက်သတင်းဌာနက သတင်း​ထောက် ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

thanlwinkhetBy thanlwinkhetOctober 30, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရခိုင်အခြေစိုက်သတင်းဌာနက သတင်း​ထောက် ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

*******************************************************************

မိခိုင်၊ သံလွင်ခက်

အောက်တိုဘာ ၃၀၊ ၂၀၂၃။

ရခိုင်ပြည်နယ် ၊ စစ်​တွေအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည် Development Media Group – DMG သတင်းဌာနက သတင်း​ထောက် ၁ ဦးကို ယမန်​​​နေ့​ ​အောက်တိုဘာ ၂၉ ရက်​​​​တွင် စစ်​ကောင်စီကဖမ်းဆီးသွားပြီး ကျန်သတင်း​ထောက်များအားလည်းရှာ​ဖွေ​နေ​ကြောင်း သိရသည်။

ယမန်​​နေ့ ​နေ့လယ် ၁၂ နာရီ​ကျော်​ဝန်းကျင်​တွင် SB၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ၁ဝ ဦး​ကျော် ကား ၃ စီးဖြင့်ရောက်လာပြီး ည​စောင့်နှင့် သတင်း​ထောက် ၁ ဦးအား ဖမ်းဆီးသွားခဲ့သည့်အပြင် ကျန်သတင်း​ထောက်များကို လည်း ရှာ​ဖွေ​နေ​သည့်အတွက် သတင်း​ထောက်များထွက်ပြေးတိမ်း​ရှောင်​နေရ​ကြောင်း DMG က အမျိုးသမီး သတင်း​ထောက် ၁ ဦးက ပြောသည်။

“လောလောဆယ်တော့ စစ်တွေကနေ အကုန်ရှောင်သွားကြပြီ။ အခြေအနေသိပ်မကောင်းတော့ အကုန်ရှောင်နေရ တယ်။ ကျန်တဲ့လူတွေကိုလည်း ရှာနေတယ် ဘာညာကြားတော့ အကုန်ရှောင်နေတယ်”ဟု ၎င်းကပြောသည်။

စစ်​ကောင်စီအဖွဲ့ဝင်များက DMG ရုံးအတွင်းရှိကာလတန်ဖိုး​​ငွေသိန်း ၁၀၀၀ ခန့်တန်ကြေးရှိသည့် ကင်မရာ၊ ကွန်ပျူတာ စသည့်ပစ္စည်းများကိုလည်း စစ်ကား ၃ စီးဖြင့် ယူ​ဆောင်သွား​ကြောင်း သိရသည်။

ဖမ်းဆီးထား​သည့် သတင်း​ထောက်နှင့် ရုံး​စောင့်တို့အား စစ်​တွေမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထား​ပြီး မည် သည့်အတွက် ဖမ်းဆီးသည်ကိုမူ မသိရ​သေး​ကြောင်း DMG က အယ်ဒီတာ ၁ ဦးက ဆိုသည်။

“လက်ရှိမှာက ရဲစခန်းမှာ ဖမ်းထားတယ်​ပေါ့။ အ​ခြေအ​နေက ​တော်​တော် ဆိုး​နေ​တယ်။ ကျွန်တော်တို့လည်း စစ်​တွေမှာ​နေလို့ အဆင်မ​ပြေ​တော့ ​ရှောင်​နေရတယ် “ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက DMG ရုံးကို မည်သည့်အတွက်​ကြောင့် ဝင်​ရောက်စီးနင်းခြင်းကိုမူ မသိ​သေး​ကြောင်း ဝန်ထမ်းများ ကပြောဆိုထားပြီး ရုံးနှင့်ဆက်စပ်ပစ္စည်းများဖြစ်ကြသည့် ကွန်ပျူတာ၊ လက်တော့ပ်၊ ကင်မရာ စသည့်ပစ္စည်းများ ကို စစ်ကောင်စီကသိမ်းယူ​သွားပြီး ရုံးကိုလည်းချိပ်ပိတ်ထားခဲ့​ကြောင်း သိရသည်။

ကျန်ရှိ​နေသည့် သတင်း​ထောက်များ​အ​နေဖြင့်လည်း လက်ရှိတွင် သတိထားပြီး​နေနေရ​ကြောင်း ရခိုင်အ​ခြေစိုက် သတင်း​ထောက် ၁ ဦးကဆိုသည်။

” ကျွန်တော်တို့ကလည်း စိုးရိမ်​နေတယ်။ သူတို့ဘက်က ​ဖမ်းချင်သလိုဖမ်း​နေတဲ့အ​နေအ​ထားမှာ ​သတိထား​နေရပါ တယ်။ ရခိုင်မှာက သတင်း​​ထောက်တွေကို အမြဲတမ်း စောင့်ကြည့်​နေတဲ့ အ​နေအထားမှာရှိတယ် ” ဟု ၎င်းက ပြောသည်။

DMG သတင်းဌာနသည် မြန်မာ့ရေးရာ၊ နိုင်ငံတကာရေးရာအပါအဝင် ရခိုင်ပြည်အရေးကိစ္စများနှင့် ပတ်သက်သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြနေသော အမှီအခိုကင်းသည့် သတင်းဌာနတစ်ခုဖြစ်၍ ယခုကဲ့သို့ ရုံးအတွင်းကပစ္စည်းများအားသိမ်းဆည်းပြီး သတင်း​ထောက်နှင့်ည​စောင့်တို့အားဖမ်းဆီးခြင်းအပေါ် ရှုတ်ချ​ကြောင်း ယမန်​နေ့ ည​နေဘက်တွင် DMG က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် DMG၊ Narinjara နှင့် Western News သတင်းဌာနများက အယ်ဒီတာ ချုပ်၊ အယ်ဒီတာနှင့် သတင်း​ထောက်အပါအဝင် စုစု​ပေါင်း ၁၀ ​ဦးအား စစ်​​ကောင်စီက အမှုဖွင့်၊ တရားစွဲဆိုထား သည်။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2256

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=6009

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီမြို့အဝင် တံတားကျိုးကျပျက်စီး
Next Article လက်နက်ကြီးပစ်မှုကြောင့် ထွက်ပြေးနေရသည့် မုန်းဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.