လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီမြို့အဝင် တံတားကျိုးကျပျက်စီး
*******************************
သံလွင်ခက်
အောက်တိုဘာ ၃၀ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမပေါ်ရှိ သိန္နီမြို့အဝင်တံတားသည် ယနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း၌ ကျိုးကျပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည် ။
” ဟုတ်တယ် သိန္နီတံတားကတော့ ကျိုးသွားပြီ။ ဒီမနက် ၉ နာရီလောက်မှာပဲ ကျိုးသွားတာ ၊၊ မြို့ထဲမှာ တိုက်ပွဲတွေတော့မဖြစ်ဘူး” ဟု သိန္နီ ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယနေ့မနက် ၅ နာရီခွဲ အချိန်ခန့်ကစပြီး ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားကို ညီနောင်မဟာမိတ်တပ်များက စစ်ဆင်ရေးဖော်ဆောင်နေသောကြောင့် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည် ။
အဆိုပါ တံတားသည် ချင်းရွှေဟော်၊ လောက်ကိုင်ဘက်သွားတဲ့ အဓိကလမ်းမကြီးဖြစ်သသည့်အပြင် ကွတ်ခိုင်၊ မူဆယ် ၊ နမ့်ခမ်း ဘက်ကို ပါ စစ်ကောင်စီက စစ်ကူနှင့် စစ်ထောက်ပို့ပစ္စည်းတွေသယ်ယူပို့ဆောင်ရေး၌ အဓိကအသုံးပြုနေရသောကြောင့် ယခုလို ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်နိုင်သည်ဟုလည်းလားရှိုး ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းမြောက်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လားရှိုး-သိန္နီကြားရှိ စစ်ကောင်စီ၏ မိုင်းလီ တပ်စခန်းတစ်ခုကို ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ည ၈ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ထားသည်။
ယနေ့ အောက်တိုဘာလ ၃၀ရက်တွင်လည်း တအာင်းပြည်နယ်၊ တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ကျက်တပ်စခန်းကို နံနက်ပိုင်း ၄း၁၅ နာရီ အချိန်မှစ၍ တအာင်းတပ်မတော် PSLF/TNLA မှ ဆက်လက်တိုက်ခိုက်ချေမှုန်းနေဆဲဖြစ်သည်ဟု သိရသည် ။
ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုနှင့် ဘေးအန္တာရာယ်မှရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် တအာင်းတပ်မတော် (TNLA)က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည် ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2255
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6006