သံလွင်ခက်။
ဇွန် ၁၀ ၊ ၂၀၂၃။
ရခိုင်ပြည်နယ်ရှိ မိုခါ မုန်တိုင်းသင့် ပြည်သူများအတွက် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ငွေကျပ် သိန်း ၁၀၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု MOCHA ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA)က ထုတ်ပြန်သည်။
ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှ မြန်မာငွေ ကျပ်သိန်း (၅၀၀၀) နှင့် “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရမှမြန်မာငွေ ကျပ်သိန်း (၅၀၀၀) ကို ဇွန်လ ၁၀ ရက်တွင် Cyclone Mocha ERRCA ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ ၊ ဒု–ဥက္ကဋ္ဌ အပါအဝင် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဦးကျောက်ကော်အန်းကCyclone Mocha ERRCA ကော်မတီ၊ ဥက္ကဋ္ဌ Dr.ညိုထွန်းအောင် နှင့် Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)သည် မြောက်ပိုင်း တိုင်းရင်းသား ညီနောင်မဟာမိတ်လက်နက်ကိုင် ၇ ဖွဲ့ပါဝင်ပြီး အစိုးရအပါဝင် စစ်တပ်နှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးနိုင်ရန်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း လူသာချင်းစာနာမှုဆိုင်ရာ အကူညီများပေးနေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့စည်းများအား ကူညီသွားလာခွင့်ကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့တွင် ပိတ်ပင်ထားပြီး ကူညီကယ်ဆယ်ရေးကားများကိုလည်း ဖမ်းဆီးနေသည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1391
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5083
Website ->https://eng.thanlwinkhet.net