• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မင်းတပ်တွင်တိုက်ပွဲဖြစ်ပွား၊ အထိနာပြီးတပ်ဆုတ်ခဲ့သော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်
တိုက်ပွဲသတင်း

မင်းတပ်တွင်တိုက်ပွဲဖြစ်ပွား၊ အထိနာပြီးတပ်ဆုတ်ခဲ့သော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်

thanlwinkhetBy thanlwinkhetMay 30, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

မေ ၃၀ ၊ ၂၀၂၃ ။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာပြီး တပ်ဆုတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု CDF များထံမှ သိရသည်။

မင်းတပ်မှဆင်းလာခဲ့သည့်  အင်အား ၂၀၀ ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းနှင့် မင်းတပ်CDF၊ ကန်ပက်လက်CDF ၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ ပူးပေါင်းတပ်ဖွဲ့တို့ကြား မင်းတပ် –ကျောက်ထုတောလမ်းတစ်နေရာတွင် ယမန်နေ့နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

” ဖြစ်တာက မြို့အထွက် ယောနယ်ဘက်အဆင်း အခြေအနေက အတိအကျမသိရသေးဘူး “ဟု မင်းတပ် CDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးကျဆုံးကာ မင်းတပ်CDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်CDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

မီတာ၂၀အကွာမှပစ်ခတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သော CDFရဲဘော်၏ စစ်မျက်နှာဘက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှုများနိုင်ကြောင်း ခန့်မှန်ရသည်ဟု မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲတွင်အထိနာပြီး ထင်ချောင်းကျေးရွာဖက်ဆုတ်ခွာသွားသော စစ်တပ်အား CDFs နှင့် TYF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညပိုင်း၌ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၂၀​ ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က ကျဆုံးမှု ထပ်မံရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းတိုက်ပွဲအတွင်း၌

ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော  မင်းတပ်မြို့ ခလရ ၂၇၄အထိုင်တပ်နှင့်လက်နက်ကြီးကုန်းအား CDF -Mindat မှ Rocket များဖြင့် တန်ပြန်ပစ်ခတ်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်း မေ၂၅ရက်တွင်လည်း ခလရ ၂၇၄ တပ်၊ မင်းတပ် ရဲစခန်းနှင့် ကန်ပလက်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို မင်းတပ် CDF ၊ မတူပီ CDF တပ်ရင်း၁ ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၁၃ စသည့်တပ်များပူးပေါင်း၍ ရှော့တိုက်ဒုံး ၊ Rocket တို့ဖြင့် အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် မေ ၂၆ရက်နံနကိပိုင်းတွင် ကျောက်ထုမြို့မှတက်လာသည့် အင်အား ၁၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောက်ထု–မင်းတပ်လမ်းပိုင်းတစ်နေရာ၌ ပူးပေါင်းမဟာမိတ်တပ်များက ပဒေသာမိုင်းဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

ရှော့တိုက်ဒုံး ၊ Rocket တို့ဖြင့်ပစ်ခတ်ခဲ့မှု၊ ပဒေသာမိုင်းဖြင့် မိုင်းဆွဲမှုနှင့် ယမန်နေ့ထိတွေ့တိုက်ပွဲများအတွင်း၌ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း စာရင်း အတိအကျ အတည်ပြု၍ မရသေးဟု မင်းတပ်CDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပုံစာ–မင်းတပ်ရှိ စစ်ကောင်စီပစ်မှတ်များကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး၊ Rocket များဖြင့်ပစ်ခတ်မှု ။

***********

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1259

YouTube -> https://youtu.be/Fuwj7S3m10U

Website -> https://thanlwinkhet.net/?p=4718

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအင်အား၂၀၀ ကျော်ဖြင့် ရှေ့တန်းကင်းစခန်းများကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးများပြီးတပ်ပြန်ဆုတ်ရ
Next Article မြန်မာ့အရေးတွင် အမေရိကန်က ဖော်ဆောင်ရမည့် မူဝါဒပိုင်းဆိုင်ရာ အချက် ၈ ချက်
thanlwinkhet
  • Website

Related Posts

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

နှစ်နှစ်ကျော်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်တပ် ပြန်နေရာယူ

September 10, 2025

Leave A Reply Cancel Reply

Recent Posts

  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.