သံလွင်ခက်
မေ ၂၈ ၊ ၂၀၂၃ ။
KNLA-အမှတ်(၅)တပ်မဟာစစ်သည်တော်များက BGFတပ်အား လမ်းခုလတ်တွင်ရှောင်တခင်တိုက်ခိုက်စဉ် BGF တပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီးလက်နက်မျိုးစုံသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ညတွင် ကေအဲန်ယူ–မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်ထိန်းချုပ်ရာနယ်မြေအတွင်းသို့ နယ်မြေကျူးကျော်လျက် ထင်ရာစိုင်းဗိုလ်ကျသောင်းကျန်းလာသည့်နယ်ခြားစောင့်တပ်(BGF-Border Guard Force)အား မေလ၂၆ရက်၊ နံနက်၀၆း၁၃နာရီအချိန်တွင် KNLA-အမှတ်(၅)တပ်ဟာ၏ဌာနချုပ်စစ်သည်တော်များနှင့် ၎င်းလက်အောက်ရှိတပ်ရင်း(၁၀၂)စစ်သည်တော်များက တိုက်ခိုက်ခဲ့ကြသည်။
ဝါးဒူးနှင့်လယ်ကွဲကြားရှိဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF-1013 အား KNLA ပူပေါင်းတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGFဘက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု မူတြော်သတင်းကဖော်ပြထားသည်။
ထို့ပြင် BGF တပ်ဖွဲ့ဝင်များထံမှ M-16 AR (၄)လက်နှင့် ၎င်းကျည်(၃၂၀)တောင့်၊ M-79လောင်ချာတစ်လက်နှင့် ၎င်းကျည်(၁၇)လုံး၊ 9-MMပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ(၄)စုံ၊ M-16 ARကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်(၆)လုံးအသီးသီးသိမ်းဆည်းရမိခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ KNLA-အမှတ်(၅) တပ်မဟာဖက်မှာမူ ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း အတည်ပြုသိရှိရသည်ဟု မူတြော်သတင်းက ထုတ်ပြန်ထားသည်။
ပုံစာ-BGF တပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1226
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4655
Website ->https://eng.thanlwinkhet.net