သံလွင်ခက်
မေ ၂၈ ၊ ၂၀၂၃ ။
ကရင်နီပြည်ရှေ့တန်း တစ်နေရာတွင် စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Medic Unit ဆေးတပ်ဖွဲ့မှရဲဘော်နှင့်ရဲမေ ၄ဦးကျဆုံးခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ မေလ ၂၇ ရက်ညပိုင်းတွင် တိုက်လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး ဆေးတပ်ဖွဲ့ဝင် အမျိုးသားရဲဘော်နှစ်ဦးနှင့်အမျိုးသမီးရဲဘော် နှစ်ဦးတို့ကျဆုံးခဲ့သည်။
Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်၊ ရဲမေ ၄ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ဖြစ်ရပ်အား အလွန်ပင် စိတ်မကောင်း ဝမ်းနည်း နှမြောတသဖြစ်ရပါသည်ဟု ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။
တော်လှန်ရေး၏ အရေးပါသော ဆေးကုသရေး ကဏ္ဍကို လုပ်ဆောင်နေစဉ် ကျဆုံးခဲ့ရသော ရဲဘော်၊ ရဲမေ ၄ ဦးတို့၏ စျာပန အခမ်းအနားကို ယနေ့တွင်ပြုလုပ်ပေးခဲ့သည်ဟု KRU က ဖော်ပြထားသည်။
မြင့်မြတ်စွာ အသက်ပေးလှူသွား သော Medic Unit (Demoso) ဆေးတပ်ဖွဲ့ ရဲဘော်၊ ရဲမေများအားတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအဖြစ် အလေးအနက် ဝမ်းနည်းစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်ဟု KRU က ထုတ်ပြန်ထားသည်။
ကရင်နီပြည်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အလွန်အကျွံအသုံးပြုနေရာ ပြီးခဲ့သည့်ရက်ပိုင်း မေ၂၄ရက်ညပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ်အတွင်းကို လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် KNDF နှင့် PDF ရဲဘော်တချို့ ကျဆုံးခဲ့ရသည်။
ပုံစာ–မေလ ၂၇ရက်တွင် ကျဆုံးခဲ့သော Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်၊ ရဲမေများနှင့် ၎င်းတို့၏ စျာပနပြုလုပ်မှု ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1225
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4652
Website ->https://eng.thanlwinkhet.net