• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်အုပ်စုက IMEI များ စုဆောင်းနေချိန်တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ခိုးသွယ်ထားသော အင်တာနက်ကြိုးများကို ဖြတ်တောက
  • ရီယိုဒီဂျနေးရိုးကမ်းခြေပေါ်က သတ္တလောက အမြင်ကို စိန်ခေါ်နေတဲ့ ဖားတွေ 🟩အသီးစားရုံသာမက ဝတ်မှုန်ပါ ကူးပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကုန်းနေရေနေသတ္တဝါအဖြစ် ပညာရှင်များ စောင့်ကြည့်နေ
  • အရှေ့အလယ်ပိုင်း နောက်ဆုံးရ အခြေအနေအချို့
  • တပ်မဟာ (၄) နယ်မြေတွင် KNLA စစ်ကြောင်းကို KTLA ခြုံခိုတိုက်ခိုက်၊ ရဲဘော် ၅ ဦး ဒဏ်ရာရ
  • ကောင်းမှုတော် ထီးတင်ပွဲ လုံခြုံရေး စစ်ကြောင်းကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ
  • စစ်သုံ့ပန်းများ ထောက်ဖောက်ပြေးသွားသည့် ကရင်နီ မယ်စဲ့ထောင် ဗုံးကြဲခံရ
  • ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ
  • မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မယ်ခါးထာစခန်းပြန်ရရန်စစ်ကောင်စီအပြင်းထန် ထိုးစစ်ဆင်နေ၍ ဒေသခံ ၈၀၀ ကျော်တောထဲပြေးနေရ
တိုက်ပွဲသတင်း

မယ်ခါးထာစခန်းပြန်ရရန်စစ်ကောင်စီအပြင်းထန် ထိုးစစ်ဆင်နေ၍ ဒေသခံ ၈၀၀ ကျော်တောထဲပြေးနေရ

thanlwinkhetBy thanlwinkhetApril 28, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

ဧပြီ ၂၈ ၊ ၂၀၂၃ ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းပြန်လည်ရရှိရန် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။

ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခံထားရသည့် အဆိုပါစခန်းဘက်သို့ စစ်ကောင်စီတပ်က ယခုဧပြီလ ၂၃ ရက်တွင် ဝေဟင်၊ မြေပြင်တို့မှထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်၏ အင်အား၂၀၀ ဝန်းကျင်ရှိမြေပြင်ကြောင်းနှင့် KNLA တပ်ဖွဲ့ဝင်များထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည့်အပြင် တိုက်လေယာဥ်များဖြင့် နေ့စဥ်လာရောက်တိုက်ခိုက်နေသည်။

မြေပြင်စစ်ကြောင်းများနှင့်ထိတွေ့တိုက်ပွဲများ၊လေကြောင်းမှတိုက်ခိုက်မှုများကြောင့် မယ်ခါးထာကျေးရွာအပါအဝင်အနီးနားရှိ ကျေးရွာ၆ရွာခန့်မှ ဒေသခံ ၈၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

” အခက်အခဲအရမ်းလိုအပ်နေတာကတော့ တောထဲမှာတိမ်းရှောင်နေရတဲ့ ပြည်သူတွေပဲ၊ သူတို့အတွက်ကအဓိကအခြေခံစားသောက်ကုန်တွေဖြစ်ကြတဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိတွေပဲ၊ အဲ့ဒါတွေရှိရင်သူတို့အသက်ရှင်ရေးအတွက်မနည်းအဆင်ပြေတယ်။ မိုးတွင်းလည်းရောက်တော့မယ်ဆိုတော့ တာလပတ်တို့ကတော့အမိုးအကာအတွက်လိုအပ်တယ် ” ဟု စစ်ရှောင်များကိုကူညီနေသည့် Daw Kalu Network ဥက္ကဋ္ဌ စောယအဲ့နာက သံလွင်ခက်ကို ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် FFD( Force For Federal Democracy)တပ်တို့ပူးပေါင်း၍ မယ်ခါးထာစခန်းကိုတိုက်ခိုက် သိမ်းပိုက်စဥ်၌စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး၍ ၇ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် MA-1၊ MA-2၊  MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ဖာ စုစုပေါင်း လက်နက်၂၃လက်၊ ကျည် ၃၃၆၀ တောင့်၊ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဗူး ၄ ဗူးနှင့် စစ်ဘောင်းဘီ ၂ ထည်တို့ကိုသိမ်းဆည်းရမိသည်။

ထိုစခန်းကို သိမ်းပိုက်ခံလိုက်ရသည့်အချိန်၌စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများမှာ တောထဲနှင့် ဆွေမျိုးများရှိရာ ထိုင်းဘက်ခြမ်းသို့ ပြီးခဲ့သောမတ်လကုန်ပိုင်းတွင်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နှစ်ဖက်တပ်များအတွက်အချက်အချာကျသည့် မယ်ခါးထာစခန်းကို စစ်ကောင်စီတပ်က မြေပြင်ဝေဟင်တို့မှထိုးစစ်ဆင်နေသော်လည်း စခန်းကိုပြန်မပေးရရေး KNLA တပ်များက အကောင်းဆုံးခုခံတိုက်ခိုက်နေသည်ဟု သိရသည်။

မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ပြီး ၁၉၉၅ခုနှစ် KNUဗဟိုဌာနချုပ်–မာနယ်ပလောကျဆုံးပြီးနောက် စစ်ကောင်စီတပ်က အလုံးအရင်းဖြင့်ထိုးစစ်ဆင်သိမ်းယူထားခဲ့သည့်KNLAစခန်းဟောင်းဖြစ်သည်။

ပုံစာ–ပြီးခဲ့သော မတ်လ၂၈ ရက်တွင်မယ်ခါးထာစခန်းအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့မှု။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/876

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3941

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီနယ်မြေထဲ လမ်းမှားဝင်သွားသည့် KIA ဗိုလ်ကြီးတစ်ဦး ကျဆုံး
Next Article ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု သတင်းပေးသူများကိုဖမ်းဆီးရမိ
thanlwinkhet
  • Website

Related Posts

ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး

March 3, 2026

ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း စစ်တပ် ပတ်ကင်းကား ကြားဖြတ်တိုက်ခံရ၊ ၄ ဦးသေဆုံး

February 28, 2026

ကံတလူးတိုးဂိတ် ထပ်မံတိုက်ခိုက်ခံရ၊ စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်ဟု လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန်

February 28, 2026

Leave A Reply Cancel Reply

Recent Posts

  • စစ်အုပ်စုက IMEI များ စုဆောင်းနေချိန်တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ခိုးသွယ်ထားသော အင်တာနက်ကြိုးများကို ဖြတ်တောက
  • ရီယိုဒီဂျနေးရိုးကမ်းခြေပေါ်က သတ္တလောက အမြင်ကို စိန်ခေါ်နေတဲ့ ဖားတွေ 🟩အသီးစားရုံသာမက ဝတ်မှုန်ပါ ကူးပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကုန်းနေရေနေသတ္တဝါအဖြစ် ပညာရှင်များ စောင့်ကြည့်နေ
  • အရှေ့အလယ်ပိုင်း နောက်ဆုံးရ အခြေအနေအချို့
  • တပ်မဟာ (၄) နယ်မြေတွင် KNLA စစ်ကြောင်းကို KTLA ခြုံခိုတိုက်ခိုက်၊ ရဲဘော် ၅ ဦး ဒဏ်ရာရ
  • ကောင်းမှုတော် ထီးတင်ပွဲ လုံခြုံရေး စစ်ကြောင်းကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်အုပ်စုက IMEI များ စုဆောင်းနေချိန်တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ခိုးသွယ်ထားသော အင်တာနက်ကြိုးများကို ဖြတ်တောက

ရီယိုဒီဂျနေးရိုးကမ်းခြေပေါ်က သတ္တလောက အမြင်ကို စိန်ခေါ်နေတဲ့ ဖားတွေ 🟩အသီးစားရုံသာမက ဝတ်မှုန်ပါ ကူးပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကုန်းနေရေနေသတ္တဝါအဖြစ် ပညာရှင်များ စောင့်ကြည့်နေ

အရှေ့အလယ်ပိုင်း နောက်ဆုံးရ အခြေအနေအချို့

တပ်မဟာ (၄) နယ်မြေတွင် KNLA စစ်ကြောင်းကို KTLA ခြုံခိုတိုက်ခိုက်၊ ရဲဘော် ၅ ဦး ဒဏ်ရာရ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်အုပ်စုက IMEI များ စုဆောင်းနေချိန်တွင် ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ခိုးသွယ်ထားသော အင်တာနက်ကြိုးများကို ဖြတ်တောက

March 5, 2026

ရီယိုဒီဂျနေးရိုးကမ်းခြေပေါ်က သတ္တလောက အမြင်ကို စိန်ခေါ်နေတဲ့ ဖားတွေ 🟩အသီးစားရုံသာမက ဝတ်မှုန်ပါ ကူးပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကုန်းနေရေနေသတ္တဝါအဖြစ် ပညာရှင်များ စောင့်ကြည့်နေ

March 5, 2026

အရှေ့အလယ်ပိုင်း နောက်ဆုံးရ အခြေအနေအချို့

March 5, 2026

တပ်မဟာ (၄) နယ်မြေတွင် KNLA စစ်ကြောင်းကို KTLA ခြုံခိုတိုက်ခိုက်၊ ရဲဘော် ၅ ဦး ဒဏ်ရာရ

March 5, 2026

ကောင်းမှုတော် ထီးတင်ပွဲ လုံခြုံရေး စစ်ကြောင်းကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

March 5, 2026

စစ်သုံ့ပန်းများ ထောက်ဖောက်ပြေးသွားသည့် ကရင်နီ မယ်စဲ့ထောင် ဗုံးကြဲခံရ

March 5, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.