Saw Smith
ဧပြီ ၂၈၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ကာကွယ်ရေးစခန်းငယ်တစ်ခု တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရကာရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ဧပြီလ ၂၇ရက်၊ ည ၁၁ နာရီဝန်းကျင်၌ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာရှိ ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“ ၁၁၀၂ အလယ်ပိုင်းတိုင်းတပ်ရင်း စခန်းတစ်ခုတိုက်ခိုက်ခံရတာ ။ ရဲဘော်တစ်ယောက်က ပွဲချင်းပြီးကျတယ်။ နှစ်ဦးက အသေးစားထိခိုက်ဒဏ်ရာရတယ် “ဟု တိုက်ခိုက်ခံရသည့်စခန်းနေရာသို့ ရောက်ရှိသွားသည့် ဒီးမော့ဆိုPDF တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ကျဆုံးသွားသည့်ရဲဘော်မှာ အသက်၁၉ နှစ်အရွယ်ဖြစ်ပြီး မိသားစုလုံခြုံရေးအခြေအနေအရ ရဲဘော်အမည်အား မဖော်ပြလိုဟု၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်က လေယာဥ်ဖြင့်လာရောက်တိုက်ခိုက်ခဲ့သည့် ဒီးမော့ဆိုအနောက်ခြမ်း၌ ယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နေ့ညတွင် လေကြောင်းမှတိုက်ခိုက်ခံရသော ကာကွယ်ရေးစခန်းမှာ ယာယီစခန်းငယ်တစ်ခုဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စခန်းအာလုံးနီးပါပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုအနောက်ခြမ်းတွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံပါရှိပြီး အဆိုပါဓာတ်ပုံအား သံလွင်ခက်၏ တယ်လီဂရမ်နှင့်ဝက်ဆိုက်တို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/867
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3920
Website ->https://eng.thanlwinkhet.net