သံလွင်ခက်။
ဧပြီ ၂၇ ၊ ၂၀၂၃။
၄လနီးပါး ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲဖော်ဆောင်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၃ ဇန်နဝါရီ ၁ ရက်မှစပြီး ယနေ့ အထိ ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များပါဝင်သည့် တပ်ပေါင်းစုများ ဖော်ဆောင်ခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လေတပ်စခန်း တိုက်ခိုက်မှု ၆ ခု၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု ၉ ခုနှင့် ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု ၁၁ ခု ထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ အာဏာရှင်နိဂုံး ၂၀၂၃ ” သည် သာမာန် ကြွေးကြော်သံ တစ်ခုမျှသာ မဟုတ်ဘဲ စနစ်တကျ စီမံ ညှိနိုင်း ပြင်ဆင်ပြီးမှ ထုတ်ပြန်လိုက်သည့်တိုက်ပွဲခေါ်သံ စစ်စစ်ပင်ဖြစ်ပြီး ၂၀၂၃မှ စ၍ဗျူဟာမြောက် လှုပ်ရှားမှုများ နိုင်ငံအနှံတွင် နေ့စဉ်နီးပါး ဖော်ဆောင်နေကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တိုက်ပွဲများ အဆက်မပြတ်ဖော်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်းကူညီပေးကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တောင်းဆိုထားသည်။
မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) က ရဲဘော်တစ်ဦးက “ အသက်တွေရင်းပြီး တိုက်ပွဲတွေ အဆက်မပြတ်လုပ်ဆောင်နေပြီမို့ ပြည်သူတရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်း ကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ် “ဟုဆိုသည်။
လက်ရှိ ဖေါ်ဆောင်နေသည့် Spring Inya Condo ကိုလည်း ကြိုးစားဝယ်ယူရင်း တော်လှန်ဘဏ္ဏာ ဖြည့်ဆည်းကြဖို့NUG က ထပ်မံ တိုက်တွန်းတောင်းဆိုထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/848
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3876
Website ->https://eng.thanlwinkhet.net