• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁
  • စစ်ကောင်စီထံသို့ ဆက်သွယ်ရေးအချက်အလက်များ ပေးပို့ခဲ့သည့် တယ်လီနောအား တိုင်ချက်ဖွင့်
  • ပျံ့နှံနေသော တရုတ်နှင့် TNLA တွေ့ဆုံမှု ရလဒ် အတည်မပြုနိုင်သေးဟု TNLAပြော
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မိုးဗြဲမြို့တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော် သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
တိုက်ပွဲသတင်း

မိုးဗြဲမြို့တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော် သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

thanlwinkhetBy thanlwinkhetApril 27, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

ဧပြီ ၂၇ ၊ ၂၀၂၃ ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း–ကယားနယ်စပ်ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကိုကရင်နီပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်စွဲထားသည့်နေရာအား သိမ်းပိုက်နိုင်ခဲ့သည်။

မိုးဗြဲမြို့အဝင် အနီးရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (၁၀၀၁) တပ်ရင်းမှလင်းယုန်နက်တပ်ခွဲ၊ရွှေလင်းယုန်တပ်ခွဲ၊ကျွဲဂျိုတပ်ခွဲ၊ပြောက်ကျားတပ်ခွဲတို့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊  KNDF B-01 ၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ဧပြီလ ၂၆ရက် နံနက် ၅နာရီခွဲမှ၁၀:၁၀ နာရီအထိ အချိန်၄နာရီခွဲအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တပ်စွဲထားသည့်နေရာအားသိမ်းပိုက်နိုင်ခဲ့သည်ဟု MBPDF လင်းယုန်တပ်ခွဲက ယနေ့တွင်ထုတ်ပြန်ထားသည်။

ထိုစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ၂ဦးကိုအရှင်ဖမ်းမိခဲ့သည်။ ထို့ပြင်တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာများဖြင့်ထွက်ပြေးခဲ့ကြပြီး RPG(၁)လက်၊MA-1 (၄)လက်၊MA-2(၄)လက်၊MA-3(၂)လက်၊MA-4(၁)လက်၊၆၀mmစိန်ပြောင်း(၂)လက်နှင့်ခဲယမ်းမီးကျောက်အမြောက်အများကိုကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့သည်။

တိုက်ပွဲအတွင်းအထိနာသောစစ်ကောင်စီတပ်က လေယာဥ်ဖြင့်၄ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် ဖယ်ခုံအမြောက်တပ်၊လွိုင်ကော်အ‌မြောက်တပ်၊မိုးဗြဲ ခမရ(၄၂၂)တပ်နှင့် ဝါရီဆူးဖလိုင်ဘက်တို့လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့သည်။

စစ်ကောင်စီတပ်မှ လေယာဥ်အပြင်လက်နက်ကြီးများ အမြောက်အများသုံး၍ ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်းပူးပေါင်းတပ်ဖွဲ့ဘက်မှကျဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာများသာရရှိခဲ့သည်ဟု MBPDF လင်းယုန်တပ်ခွဲကဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူများ၏နေအိမ်အဆောက်အဦးများစွာပျက်စီးခဲ့သည်ဟု MBPDF တပ်ရင်း ၁၀၀၁ ကဖော်ပြထားသည်။

” စစ်ကောင်စီတပ်စွဲထားတဲ့ရပ်ကွက်မှာက သူတို့နဲ့နီးတဲ့အခြမ်းက စစ်ရှောင်ကြတယ်။ တစ်ချို့ကဘုန်းကြီးကျောင်းမှာပြောင်းနေကြတယ်။ သတင်းတောင်ထုတ်ဖို့မလိုလောက်တဲ့ ဒဏ်ရာနည်းနည်းရတာ ပြည်သူ၃ဦးတော့ရှိတယ် ။ အခြားထိခိုက်ဒဏ်ရာရတဲ့ဟာတွေတော့ ကျွန်တော်တို့ဆီအခုထိဆက်သွယ်လာတာမရှိသေးပါဘူး “ဟု မိုးဗြဲမြို့ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ခံက ယနေ့နံနက်ပိုင်းတွင် သံလွင်ခက်ကိုပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း လွိုင်ကော်–မိုးဗြဲလမ်းမ၌တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ဒေသခံတချို့ကဖော်ပြထားပြီး ထိုအခြေအနေနှင့်ပတ်သက် ၍ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ၁၀၀၁ တပ်ရင်း နှင့်သက်ဆိုင်ရာ MBPDF တပ်ခွဲများထံဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလော၌ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မိုးဗြဲမြို့တိုက်ပွဲ၌အထိနာခဲ့သော စစ်ကောင်စီတပ်က ပြည်သူ့အပေါ်အညိုးထားလက်စားခြေမှုတို့အား နည်းလမ်းအမျိုးမျိုးဖြင့်ဆောင်ရွက်လာနိုင်‌သဖြင့် မြို့နေမိဘပြည်သူများ၊စစ်ရှောင်မိဘပြည်သူများ သတိထားကာသွားလာနေထိုင်ကြပါရန် MBPDFက သတိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ၂၅ရက် နေ့လည်ပိုင်းတွင်လည်းစစ်ကောင်စီတပ်က မိုးဗြဲအနောက်ခြမ်းရှိ စစ်ဘေးရှောင်များစခန်းနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆောင်းဖွေးဆေးရုံတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/847

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3873

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနည်းပညာတော်လှန်းရေးအောင်မြင်သည်ဟု အွန်လိုင်းရန်ပုံငွေရှာဖွေသူများပြော
Next Article ၄ လနီးပါး ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲဖော် ဆောင်နိုင်ခဲ့ဟု NUG ထုတ်ပြန်
thanlwinkhet
  • Website

Related Posts

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

September 1, 2025

မြောက်ဦး ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးထိရှိလာ

August 28, 2025

ဝေါ်လေဗျူဟာကုန်းတိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ လေယာဥ်ဖြင့် တိုက်ခိုက်

August 26, 2025

Leave A Reply Cancel Reply

Recent Posts

  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

September 1, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

August 31, 2025

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

August 30, 2025

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

August 29, 2025

စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

August 29, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.