• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်
  • နှစ်ရက်ဆက် လေကြောင်းကြဲခံရပြီး‌နောက် ကျောက်တော် ဒေသခံများ ဘေးလွတ်ရာ ရွေ့ပြောင်း
  • စစ်ကောင်စီနဲ့ ‘ဝ’ ထိန်းချုပ်ဒေသ မိုင်းဆတ်မြို့မှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်
  • ပြည့်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးထားသည့် အမျိုးသမီးနှစ်ဦးမှ တစ်ဦး ပြန်လွတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တိုက်ပွဲဆက်မဖြစ်ရန် အပြန်အလှန် အသိမှတ်ပြု၊ တန်ဖိုးထားရန် PNLO လိုလား
နေ့စဉ်သတင်း

တိုက်ပွဲဆက်မဖြစ်ရန် အပြန်အလှန် အသိမှတ်ပြု၊ တန်ဖိုးထားရန် PNLO လိုလား

thanlwinkhetBy thanlwinkhetApril 20, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်။

ဧပြီ ၂၀ ၊ ၂၀၂၃။

ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကြား တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန် အဖွဲ့အစည်းအချင်းချင်းကြား တစ်ဦးနှင့် တစ်ဦး အသိမှတ်ပြု၊ တန်ဖိုးထားရန်လိုအပ်သည်ဟု PNLO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “  ရှမ်းပြည်နယ် ပြည်သူပြည်သားအချင်းချင်းမှာတော့ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်လှန် အသိမှတ်ပြုမှု၊ တန်ဖိုးထားမှုရှိစေချင်တယ်။ ဒါတွေ မရှိသေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေအုံးမှာပဲ။ ရှမ်းပြည်နယ်သူ နယ်သားအတွင်းမှာ စုစုစည်းစည်းနဲ့  ပြည်နယ်ရဲ့ အကျိုးကို သယ်ပိုးသွားတာကိုပဲ မြင်ချင်တာပေါ့လေ။ ပြီးတော့ ဘယ်ပြဿနာကိုမဆို ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို မြင်ချင်တာပေါ့။ စစ်ရေးနဲ့ဖြေရှင်းသွားမယ်ဆိုရင် မဆုံးနိုင်တဲ့ ပဋိပက္ခဖိတ်ခေါ်သလိုဖြစ်နေမယ် ” ဟုဆိုသည်။

မတ်လ လကုန်ပိုင်းနှင့် ယခု ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် NCA အပစ်ရပ်စာချုပ်ရေးထိုးထားကြသည့်  ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ကြား  နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ဧပြီလ ပထမအပတ်တွင် RCSS တပ်ဖွဲ့ အင်အား ၂၀၀ ခန့်သည်  PNLO ၏ နယ်မြေဖြစ်သည့် မောက်မယ်မြို့နယ်ကဒူးကြီးဒေသ နမ့်ပတဲက် ကျေးရွာဘက်သို့ ဝင်ရောက်ခဲ့သည့်အတွက် နှစ်ဖက် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PNLO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “  စာချုပ်ချုပ်တုန်းက ဒီနေရောဟာ PNLO တပ်ဖွဲ့ရဲ့ အခြေပြုဒေသအဖြစ်နဲ့သတ်မှတ်ပေးထားတာပေါ့လေ။ တစ်ခါတစ်လေ RCSS တပ်ဖွဲ့တွေလည်း ဝင်ထွက်သွားလာတဲ့နေရာမျိုး အနေထားဖြစ်နေတာပေါ့။ ဒီပြဿနာကြောင့် အရင် ၂၀၁၅ မတိုင်ခင် တုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ဖူးတယ်။ ဖြေရှင်းခဲ့တဲ့ သမိုင်းတွေလည်းရှိခဲ့တာပေါ့။ အဓိကတော့ တစ်ဖွဲ့ရဲ့ နေထိုင်မှုကို တစ်ဖွဲ့က အသိမှတ်မပြုနိုင်တဲ့အနေထားဖြစ်တဲ့အခါကြတော့ တိုက်ပွဲ ဖြစ်သွားတဲ့ သဘောလို့ယူဆလို့ရပါတယ် ” ဟုဆိုသည်။

မတ်လ ၃၀ ရက်နေ့တွင် ကဒူးကြီးကျေးရွာအုပ်စုအတွင်း  PNLO/PNLA တပ်ဖွဲ့၏ စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင်လည်း နမ့်ပါတက်ကျေးရွာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့သည်ဟု  သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ သတင်းဌာနဖြစ်သည့် Tai Freedom တွင် ဖော်ပြထားသည်။

ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ RCSS/SSA နယ်မြေခံတာဝန်ရှိသူများမှ PNLO/PNLA ဥက္ကဋ္ဌ ခွန်သူရိန် ထံသို့ပြဿနာဖြေရှင်းရန် အကြောင်းကြားစာ ပေးပို့ထားသော်လည်း PNLO/PNLA တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ရှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာကြသည့် တိုင်းရင်းသားများအချင်းချင်းဖြစ်သောကြောင့်  RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့်ပြဿနာဖြေရှင်းနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု Tai Freedom ၌ ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုများရှိခဲ့သည်ဟု PNLO ဘက်ကပြောသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

၂၀၁၄ ခုနှစ်အတွင်း RCSS နှင့် PNLO တပ်ဖွဲ့ကြား တိုက်ပွားများဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးချိန်၌ ကဒူးကြီးဒေသသည် PNLO အခြေပြုဒေသအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း  PNLO တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများ၊ ဖြစ်ပေါ်နေသည့်လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးနှင့် ပတ်သက်ပြီး RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး အုမ်ခေးထံသံလွင်ခက်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

လတ်တလော ထိတွေ့ တိုက်ပွဲမှုများဖြစ်နေသည့် အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထားသည့်အဖွဲ့များဖြစ်သလို စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့များလည်းဖြစ်သည်။

ပုံစာ – PNLO တပ်ဖွဲ့ဝင်များ

Photo – PNLA News & Information Department

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3672

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေကြောင်းမှတိုက်ခိုက်နေသည့် Pilot များကို မင်းတပ်CDF ဆုကြေးထုတ်
Next Article ခင်ဦးတွင် စစ်ကြောင်းသုံးဖွဲ့ ဝိုင်းညှပ်ပစ်ခတ်၍ PDFများကျဆုံးပြီး လက်နက်များဆုံးရှုံး
thanlwinkhet
  • Website

Related Posts

ဆန်ဝယ်ယူမယ့် မလေးရှားတောင်းဆိုချက် အင်ဒိုနီးရှားပယ်ချ

May 2, 2025

မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီများ စတင်အခြေစိုက်

March 22, 2025

တစ်လအတွင်း ပြည်ပနိုင်ငံတွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိ

March 8, 2025

Leave A Reply Cancel Reply

Recent Posts

  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

May 17, 2025

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

May 16, 2025

Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ

May 16, 2025

စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်

May 16, 2025

နှစ်ရက်ဆက် လေကြောင်းကြဲခံရပြီး‌နောက် ကျောက်တော် ဒေသခံများ ဘေးလွတ်ရာ ရွေ့ပြောင်း

May 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.