ဧပြီ ၁၇ ၊ ၂၀၂၃ ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့သည်ဟုNUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို ယမန်နေ့ ဧပြီ ၁၆ရက်တွင် လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိသည်ဟုဆိုသည်။
ထို့ပြင် လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့် သွားမည်ဖြစ်သည်ဟု အသိပေးသတင်းထုတ်ပြန်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သောနှစ်ကုန်ပိုင်းနှင့်ယခုနှစ်စပိုင်းတို့၌ တောင်ပိုင်းတိုင်းရှိ ကော်ဘရာစစ်ကြောင်းအပါအဝင် စစ်ကြောင်းများကို လက်နက်များဆက်တိုက်ပေးအပ်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သောမတ်လ ၂၇ရက်တွင်လည်း ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ၊မကွေးတိုင်းရှိတပ်ရင်း၊တပ်ဖွဲ့များကို လက်နက်များတပ်ဆင်ပေးအပ်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3612
Website ->https://eng.thanlwinkhet.net