ဧပြီ ၁၇ ၊ ၂၀၂၃ ။
ယနေ့ဧပြီလ၁၇ရက်၊ နှစ်ဆန်း၁ရက်တွင် အကျဥ်းသား/အကျဥ်းသူ ၃၀၁၅ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီကကြေညာသည်။
အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဥ်းသူ၊အကျဥ်းသား၃၀၁၅ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံရမည်ဟုဆိုကာ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ အမိန့်အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၉၈ ဦးနှင့် အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၅ဦးကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3604
Website ->https://eng.thanlwinkhet.net