ဧပြီ ၁၆ ၊ ၂၀၂၃ ။
ယနေ့သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးခဲ့သည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ဧပြီလ၁၆ရက်၊ ညနေ၃နာရီနှင့်၄နာရီကြားအချိန်၌ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် ၊ဗုံး၁၇ လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အသက် ၇၀အရွယ်အဘွား ၁ဦး၊ အသက် ၄ နှစ်အရွယ် ကလေး ၁ဦး သေဆုံးကာ၊အမျိုးသား ၂ဦး၊ အမျိုးသမီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် လူနေအိမ် (၂)လုံးမီးလောင်ပျက်စီး၍ စုစုပေါင်း လူနေအိမ် ၉လုံးပျက်စီးသွားခဲ့သည်။
စစ်ကောင်စီကမင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အပြင် မင်းတပ်မြို့ ခလရ ၂၇၄တပ်မှလည်း လက်နတ် ကြီးများဖြင့် ကျေးရွာဖက်များသို့ ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု Chin Defence Force-Mindatကသတင်းထုတ်ပြန်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3600
Website ->https://eng.thanlwinkhet.net