စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတာရုံဆရာတော် စျာပနအခမ်းအနား ယနေ့ပြုလုပ်
******
သံလွင်ခက်
ဇွန် ၂၇ ၊ ၂၀၂၄
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ပဲခူးမြို ၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ စျာပနအခမ်းအနားကို ယနေ့ ဇွန် ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
ဈာပနအခမ်းအနားကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဟု ဝင်းနိမ္မိတာရုံကျောင်းတိုက်က ထုတ်ပြန်ထား သည်။
ပထမပိုင်းအစီအစဉ်တွင် စျာပနရေစက်ချခြင်း၊ ဒုတိယပိုင်းအစီအစဉ်တွင် ပူဇော်ခြင်း၊ တတိယပိုင်းအစီအစဉ်တွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်မြတ်အား တပည့်ကြီး၊ တပည့်ငယ်တို့မှ ဦးဆောင်၍ ကရဝိတ်ဖောင်ပေါ်တင် ခြင်း၊ စတုတ္ထပိုင်း အစီအစဉ်တွင် ဆရာတော်၏ ဥတုဇရုပ်ကလပ်တော်မြတ်အား လောင်တိုက်တော်သို့ ပင့်ဆောင်ခြင်း တို့ဖြစ်သည်။
ထို့အပြင် ပဉ္စပိုင်းအစီစဉ်တွင် ဇွန်လ ၁၈ ရက် နေ့လည် ၁၂ နာရီတွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ ကရဝိတ်ဖောင် တော်ဖြင့် အစီစဉ်အတိုင်း သိပ်ဇရပ်စစ်တောင်းမြစ်အတွင်းသို့ ဆရာတော်၏အရိုးပြာများအား ရေမျှောပူဇော်သွားမည် ဖြစ်သည်။
ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကံမရွာအနီးစစ် ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် စီးနင်းလိုက်ပါလာသည့် ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဝန်ခံထားပြီး အဆင့်မြင့်အရာရှိများပါဝင်သည့် စုံစမ်း
စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းကာ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
ထိုသို့ပြောဆိုထားသော်လည်း စုံစမ်းဖော်ထုတ်သိရှိချက်များကို အသေးစိတ် ထပ်မံဖော်ပြထားခြင်းမရှိပေ။
ဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် အပြစ်မရှိဘဲ ကံ သုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းတို့သာမှားယွင်းကြောင်းဟု မ.ဘ.သများနှင့် စစ်တပ်ထောက်ခံသူများက ဝါဒဖြန့် မှုများလုပ်ဆောင်နေကြသည်။
Photo – ဝင်းနိမ္မိတာရုံစာသင်တိုက်
****
Telegram – > https://t.me/ThanLwinKhetNews/4873
YouTube -> https://youtu.be/6cUc_ZEeneo?si=1v1Yli8_AE3Apf5M
Website -> https://thanlwinkhet.net/?p=10570