တိုက်ပွဲပြင်းထန်နေသည့် မတ္တရာမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ
************************
စကားမောင်
ဇွန် ၂၆၊ ၂၀၂၄။
မန္တလေးတိုင်း၊ မတ္တရာမြို့တွင် မန္တလေးပြည်သူ့ကာကွယ်ရေး၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက Mi 35 ဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြု လုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“လောလောဆယ် တိုက်ပွဲကတော့ မပြီးသေးတော့ ပြောလို့တော့မရသေးဘူး။(စစ်တပ်က) အင်အားအများကြီး မတ္တရာ ဘက်ကို စစ်ကူလာထားတာကတော့ ဟုတ်တယ်။ လေကြောင်းတိုက်ခိုက်မှုကလည်း တောက်လျှောက်လာနေတာ” ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်- MDY PDFတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ယမန်နေ့ ဇွန်လ ၂၅ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းနှင့်အတူ MDY PDF၊ ပူးပေါင်း တပ်များက မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ် ရေးတပ်ကို စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ မနက်အစောပိုင်းမှစတင်၍ ညနေပိုင်းအထိ စစ်ကောင်စီတပ်မှ ယင်းတပ်စခန်းအနီးတဝိုက်တွင် Mi-35၊ ဂျက် ဖိုက်တာ၊ Y-12 တို့ဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ဝေဟင်ကင်းထောက်တယ်လီဂရမ် ချန်နယ်ကဖော်ပြထားသည်။ ထို့ အပြင် မတ္တရာမြို့အရှေ့ခြမ်းသို့ စစ်ကောင်စီမှ အင်အားအပြည့်ပါသည့် တပ်ကူကားများ စေလွှတ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ကို MDY PDFနှင့် ပူးပေါင်းတပ်များက သိမ်းပိုက် နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
အကယ်၍ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ရရှိပါက SA 16 SAM (ပြည်တွင်းထုတ်)၊ 25/35 mm Anti Aircraft Cannon ၊ ရေဒါ (TWS-312, Smart COM 1 L117) နှင့် Pechora လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်စနစ် စသည်တို့ကိုသိမ်းပိုက်ရရှိမည်ဖြစ်သည်ဟု CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီးဇင်ယော်က ခန့်မှန်းပြောဆိုသည်။
“လေကြောင်းရန်ကာကွယ်ရေးတပ်က အာဏာသိမ်းပြီးခါမှ အလုပ်လုပ်လာရတဲ့ တပ်တွေလို့ပြောလို့ရတယ်။ သူတို့ တပ်ထားတဲ့ ရေဒါတွေကလည်း အိမ်နီးချင်းနိုင်ငံတွေပျံတဲ့ လေယာဥ်တွေတောင် တခါတလေကျရင် မိချင်မှမိတဲ့သ ဘောပေါ့နော်။ အဆင့်နိမ့်တယ် ဒါပေမယ့် ကျွန်တော်တို့ ပခုံးထမ်းဒုံးပစ် လောင်ချာ SAM-16 ပြည်တွင်းဖြစ်နဲ့ ရေဒါ၊ လက်နက်တွေရလိုက်ပြီဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တစ်အားဖြစ်သွားတာပေါ့”ဟု သူကဆက်ပြော သည်။
မတ္တရာမြို့သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်- လပခရှိရာ မန္တလေးနှင့် ၂၃မိုင်သာကွာဝေးပြီး ယာဥ်ဖြင့်သွားလာပါက ၁နာရီခန့်သာကြာမြင့်၍ ရှမ်းပြည်နယ်သို့ အဓိကဆက်သွယ်နိုင်သည့်လမ်းကြောင်းဖြစ်သည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ မြင်ကွင်း။