• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
  • လားရှိုးတွင် ပျက်စီးသွားသော မှတ်ပုံတင်ပြုလုပ်သူများကို ငွေကြေး အမြောက်မြားတောင်းခံ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုသိမ်းပိုက်
တိုက်ပွဲသတင်း

KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုသိမ်းပိုက်

thanlwinkhetBy thanlwinkhetJune 11, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုသိမ်းပိုက်

*************

(တိုက်ပွဲများကြောင့် ကန်ပိုက်တီအဆင်းကားလမ်းနှင့် ပန်ရှန်ကျေးရွာ လမ်းများကို ယာယီပိတ်ထား)

ထွယ်

ဇွန် ၁၁၊ ၂၀၂၄။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုက်တီ ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့နံနက် အစောပိုင်းကတည်းက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ရာ နံနက် ၉ နာရီခန့်က တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအထွက်ရှိ ၁၃ မိုင် စုပေါင်းဂိတ်အပါအဝင် ဝိုင်းမော် – ကန်ပိုက်တီ ကားလမ်းပေါ်ရှိ ဘွမ်တောင် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဆဒုံးဗျူဟာကုန်းနဲ့ ၁၃ မိုင်ဂိတ်အပါအဝင် ဘေးနားဝန်းကျင်က စစ်ကောင်စီစခန်းတွေကို တစ်ပြိုင်တည်း ဝင်တိုက်နေတာ၊ ၁၃ မိုင်ဂိတ်နဲ့ အပေါ်စခန်းကိုတော့ သိမ်းလိုက်ပြီ” ဟု ပြောသည်။

ဝိုင်းမော် – ကန်ပိုက်တီ ကားလမ်းပေါ်ရှိ ဘွမ်တောင် ပြည်သူ့စစ်စခန်းကို ယနေ့နံနက် ၇ နာရီခွဲခန့်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၃ မိုင် စုပေါင်းဂိတ်ကိုမူ ယနေ့နံနက် ၉ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဝါးရှောင်ကျေးရွာအကျော်ရှိ အဆိုပါ ၁၃ မိုင်ဂိတ်သည် ဆဒုံးနှင့် ချီဖွေ သွားလမ်းခွဆုံတွင် တည်ရှိပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းများ အခွန်ကောက် စစ်ဆေးသည့် ဂိတ်ဖြစ်သည်ဟု မြစ်ကြီးနား – ကန်ပိုက်တီ ကားပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါ ဂိတ်မှ လေးဖာလုံခန့်အကွာတွင် ဂေါ်ဆက်ယန်ကျေးရွာတည်ရှိပြီး ဝါးရှောင်ကျေးရွာဒေသခံများနှင့် ဂေါ်ဆက် ယန်ကျေးရွာဒေသခံ အချို့သည် ဝိုင်းမော်မြို့နယ် မိုင်းနာကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့နံနက်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်းများ ပိတ်ထားပြီး ကန်ပိုက်တီအဆင်းကားများကိုလည်း ကန်ပိုက်တီ – ဆဒုံး ကားလမ်းပေါ်ရှိ ပန်ရှန်ကျေးရွာတွင် လမ်းပိတ်ထားသည်ဟု ကားလိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

“လမ်းပိတ်လို့ ကျွန်တော်တို့ ကားသမားတွေလည်း မြစ်ကြီးနားကို ပြန်ခေါက်လာကြတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်နေ တယ်ဆိုပြီး ပိတ်ထားတာ။ ကန်ပိုက်တီက အဆင်းကားတွေလည်း ပိတ်ထားတာတဲ့။ ဘယ်အချိန်ထိ ပိတ်ထားမယ်၊ ဘယ်အချိန်မှ ဖွင့်ပေးမယ်ဆိုတာတော့ မပြောတတ်သေးဘူးတဲ့” ဟု ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးနှင့် ကန်ပိုက်တီ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်က ယခုနှစ် မတ်လ ၇ ရက်ကတည်းက တစ်ပြိုင် တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်စခန်း စုစုပေါင်း ၁၀၀ ခန့်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ပုံစာ – ကချင်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားများ (ပုံအဟောင်း)

****

Telegram – > https://t.me/ThanLwinKhetNews/4771

YouTube -> https://youtu.be/64zTrEXeLCI

Website -> https://thanlwinkhet.net/?p=10467

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြဝတီ အမှတ်-၅ ရပ်ကွက် ယာယီစစ်ရှောင်စခန်းတွင် အမိုးအကာနှင့် အကူအညီများလိုအပ်
Next Article CI စာအုပ်ထုတ်ပေးရေး စင်တာများအား ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရ ထုတ်ပြန်
thanlwinkhet
  • Website

Related Posts

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

July 5, 2025

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

July 5, 2025

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

July 5, 2025

Leave A Reply Cancel Reply

Recent Posts

  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

July 5, 2025

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

July 5, 2025

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

July 5, 2025

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

July 5, 2025

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး

July 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.