ခင်သရဖီဦး ရခိုင်ပြည်နယ်အတွင်းက လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော် AA မှ ဖွင့်လှစ်ပေးထားသည့် အင်တာနက်အား မြို့အားလုံးတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်မှစ၍ တန်းတူဈေးတစ်ခုအား သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။ အာရက္ခတပ်တော်၏ ပြည်သူ့ဝန်ဆောင်မှုဌာနမှ ဖွင့်လှစ်ထားသည့် နေရာများတွင် ယခင်က တစ်မြို့နှင့် တစ်မြို့ အင်တာနက်အသုံးပြုခ မတူညီသည့်အပြင် ဈေးနူန်းမှာလည်း…
Month: July 2025
ဘုန်းမောင် လားရှိုးမြို့သည် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သေနတ်တစ်ချက်မဖောက်ဘဲ ထိုသို့ပြန်ပေးလိုက်ရခြင်းက မြန်မာ့တော်လှန်ရေးနှင့်အတူ မြန်မာနိုင်ငံရှိ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် မဟာဗျူဟာပိုင်းဆိုင်ရာအပေါ် ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုးမြို့ကို…
တအာင်းတပ် – TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြေပြင်အခြေအနေ သိရှိသူများမှ သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်တွင် နောင်ချိုမြို့၏ သုံးပုံ တစ်ပုံအား သိမ်းပိုက်ရရှိထားပြီဟု ဓာတ်ပုံများနှင့်တကွ ရေးသားထားသလို ယနေ့…
ခင်သရဖီဦး စစ်မူမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရသည့် စစ်မှုထမ်းများအနေဖြင့် ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေရလျှင် ရသကဲ့သို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာနေကြသည်ဟု သိရသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်း-ပဒါန်း စစ်မြေပြင်မှ အလင်းဝင်သူ ၃၀ ခန့်အထိရှိလာသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင်လည်း အလင်းဝင်ရောက်လာသူ…
ရခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် ဟောင်းနွမ်းငွေများနှင့် အစွန့်အထင်းပါသည့် ငွေများကို မယူ၍ ဒေသခံများ အခက် ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ဟောင်းနွမ်းငွေများနှင့် အစွန့်အထင်းပါသည့် ငွေများဖြစ်သည်ဟုဆိုကာ ကျပ် တစ်သောင်းတန်နှင့် ငါးထောင်တန်များကို ဈေးဝယ်ရာတွင် အသုံးပြုမရဖြစ်နေသည်ဟု အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ”အခုလို ကုန်ဈေးနူန်းကြီးနေတဲ့…
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေ့ါမြို့ကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ ဇူလိုင် ၁၅ ရက် နေ့လယ် ၁၂:၅၀ နာရီအချိန်ခန့်တွင် မိုင်းငေါ့မြို့နှင့် နှစ်မိုင်သာ ကွာသည့် ပန်ပင့်တံတားကို ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက “မိုင်းငေါ့မြို့အဝင်နားက…
စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် နောင်ချိုမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်ဟု TNLA ဘက်မှ ဆိုသည်။ တောင်ခမ်းဘက်မှ နောင်ချိုမြို့အထိ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ အပြင်းထန်ဆုံးအခြေအနေတွင် ရှိနေသော်လည်း လက်ရှိအချိန်အထိ နောင်ချိုမြို့အား တအာင်းတပ် TNLA မှ ခုခံကာကွယ်နေသည်ဟု…
စစ်ကောင်စီက ကရင်နီပြည်နယ်၊ မော်ချီးဒေသနှင့် ဒီးမောဆို့မြို့နယ်များကို ယနေ့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မော်ချီးဒေသရှိ အရပ်သားများနေထိုင်ရာနေရာကို ပစ်မှတ်ထား၍ စစ်ကောင်စီက…
စစ်ကောင်စီ၏ ဗိုလ်အဆင့်ရှိသူ ဗိုလ်ကြီးတစ်ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ယမန်နေ့ ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ KNU ထံသို့ ဘက်ပြောင်းခိုလှုံသော တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်သည် KNU တပ်မဟာ (၄) ၏ တပ်ရင်း-၁၀ ထံသို့…
တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်အောက်ရွာအား ပေါင်…