ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်၊ ဟန်ဒုံးရှိ အိမ်ကြီးတစ်လုံးကို ဝင်ရောက်စီးနင်းရာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းမိခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။ ကောလ်စင်တာ ခေါ် ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ၁၇ ဦးကို ဖမ်းဆီးမိရာတွင် တရုတ်နိုင်ငံသား ၁၅ ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။ ၎င်းတို့နှင့်အတူ ကွန်ပျူတာ…
Month: July 2025
သစ်သစ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ သုံးရွာမှ စစ်ဘေးရှောင်နေသည့်ဒေသခံများ အခြေခံ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ စစ်ရှောင်ကူညီသူအမျိုးသမီး တစ်ဦးက “အဓိက အခြေခံစားနပ်ရိက္ခာ လိုအပ်တာပေါ့။ ခြင်လိမ်ဆေးတွေလည်း လိုတယ်။ မိုးရာသီလည်းဖြစ်တော့ ငှက်ဖျားဖြစ်မှာစိုးရိမ်ရတယ်” ဟု ပြောသည်။ ထို့အပြင်…
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့လိုက်သည်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားမှုကြောင့် ထိုင်းအထက်အလွတ်တော်အမတ် ၃၆ ဦးမှ ဝန်ကြီး ပေထုန်တန်ရှင်နာဝပ်အား ရာထူးမှ ဖယ်ရှားပေးရန်တောင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ယနေ့လက်ခံခဲ့သည်။ အထက်လွတ်တော်အမတ်များမှ တင်သွင်းခဲ့သော…
မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ နီကိုဘာကျွန်းတောင်ပိုင်းတို့တွင် ဇွန်လ ၂၉ ရက်က ငလျင်လှုပ်ခတ်မှု အများအပြား ရှိခဲ့သည်ကို ထိုင်းမိုးလေဝသဌာန (TMD) မှတ်တမ်းတင်ချက်အရ သိရသည်။ ထိုင်းမိုးလေဝသဌာန (TMD) ငလျင်လေ့လာရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၉ ရက် က ထိုင်းနိုင်ငံ၏ အိမ်နီးချင်းဒေသများတွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။…
သူရဇော် တနင်္သာရီမြို့ပေါ်နှင့် ၎င်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်မှုထမ်းတပ်သားအင်အားဖြည့်တင်းမှုများရှိသလို ရိက္ခာ၊ ဆေးဝါးများလည်းဖြည့်တင်းနေသည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၁၊ ဇဝဲကျေးရွာအနီးရှိ ခမရ ၅၅၆၊ အောက်ကင်းရွာရှိ ခမရ ၅၅၇၊ ကမ်းပလိုင်းရွာရှိ ခမရ ၅၅၈တပ်ရင်းနှင့် ရေဖြူကျေးရွာရှိ ဗျူဟာကုန်းတို့ကို စစ်ကောင်စီက…