ယနေ့ ဇွန် ၁၉ ရက်တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့အား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရောက်ရှိနေသည့် တော်လှန်ရေးအင်အားစုများမှ နေရာအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ မဲဆောက်ဆေးရုံကြီးတွင် သွေးလှူဒါန်း အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏…
Month: June 2025
ယနေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးနှင့် အဖွဲ့အစည်းများက သူနှင့်တကွ မတရားဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ပြီး အာဏာစသိမ်းချိန် ထိန်းသိမ်းခံရစဉ်မှစ၍ အကျဉ်းကျလျက်ရှိစဉ် ဆင်နွှဲရသည့် ငါးကြိမ်မြောက် မွေးနေ့လည်း…
ဒီနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖောင်း ရွမ်ပညာဝုဒ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ တယ်လီဖုန်း ပြောထားတဲ့ အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ဒီကနေ့ မနက်ခင်းမှာတော့ ထိုင်းအတိုက်အခံပါတီက…
ခင်သရဖီဦး စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် လတ်တလော စစ်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည့်အတွက် စာသင်ကျောင်းများအား မဖွင့်လှစ်နိုင်ဘဲ အိမ်စာသင်ဝိုင်းများဖြင့်သာ ပညာသင်ကြားနေရသည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။ စစ်ကောင်စီအနေဖြင့် ယခင်က အစိုးရရုံးစိုက်ခဲ့ရာ အစိုးရဌာနရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည့်အတွက် ကျောင်းများ…
ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုးရဲ့ ဈာပနကို ကရင်လူထုက မဲဆောက်မြို့မှာ ဇွန်လ ၁၇ ရက်က လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ သူ့သက်တမ်းတလျှောက် ပညာရေး၊ ကျန်းမာရေးနဲ့ အမျိုးသမီးရေးရာကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် ကရင်လူထုအတွက် ဆုံးရှုံးမှုကြီးတစ်ခုအဖြစ် မှတ်ချက်ပြုကြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့အတွင်း တရားမဝင်နိုင်ငံခြားသား ဖမ်းဆီးစစ်ဆေးအရေးယူသည့် စီမံချက်ကို တကျော့ပြန် ပြန်လည်စတင်သောကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ်မှုမြင့်တက်နေသည်ဟု သိရသည်။ အဆိုပါစီမံချက်ကို ထိုင်းအစိုးရ၏ အထူးစီမံချက် ကွာလန်းဟု ခေါ်ပြီး ဇွန်လ ၁၇ ရက်မှ စတင်သည်ဟု သိရသည်။ အထောက်အထားမရှိသူ၊ ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အလုပ် ၂၇…
မြန်မာနိုင်ငံမှာ ဇွန်လအတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တဖြည်းဖြည်းမြင့်တက်လာနေပြီး ဇွန်လ ၈ ရက် ည ၈ နာရီကနေ ဇွန်လ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ် – ၁၉ အတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။…
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အိမ်ထောင်စု ၂၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုသည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများစီးဆင်းလာခြင်းကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက “တောင်ကျရေဆင်းတာကြောင့် တချို့နေရာတွေမှာဆိုရင် အားလုံးနစ်မြုပ်သွားပါပြီ။ စစ်ရှောင်စခန်းထဲမှာ…
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ဖို့ တစ်ရက်အလိုမှာပဲ တရားရုံးထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ သူမရဲ့ နေ့စဉ်ထောင်ဘဝ အသေးစိတ်မှတ်တမ်းတွေကို Guardian သတင်းစာက ထုတ်ဖော်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာစသိမ်းချိန်ကနေ ၄ နှစ်ခွဲအကြာမှာ ဖမ်းဆီးခံထားရတဲ့…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်နေသည့် စစ်ရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်နိုင်ရန် ပြီးခဲ့သည့် မေလမှစပြီး အာရက္ခတပ်တော် AA ထံ စာတင်ထားသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်ရသည့် အတွက် နေရပ်သို့ ပြန်ရန် ခွင့်ပြုချက်မရသေးဟု သိရသည်။ ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်များမှာ မေလ ပထမပတ်မှ စတင်ကာ မိမိနေရပ်သို့…