Month: June 2025

ယနေ့ နံနက်ပိုင်းမှ စတင်၍ KNLA တပ်များက မောင်းသူမဲ့ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက် ထိုးစစ်ဆင်မှုများနှင့်အတူ ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ် သေ့ဘောဘိုးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ စစ်ကောင်စီဘက်မှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ ၎င်းတို့ အခြေစိုက်စခန်းကို ကာကွယ်ရန် အမြှောက်ကြီး ၁၆ ချက် ပစ်ခတ်ခဲ့သည်ဟုလည်း…

Read More

အဆိုတော်ချမ်းချမ်း (ခ) ချမ်းမြငြိမ်းက ပြည်ပကနေ တရားမဝင် တင်သွင်းလိုက်တဲ့ နိုင်ငံခြားဖြစ် ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ အခကြေးငွေနဲ့တဆင့် ပြန်လည်ရောင်းချပေးနေသူတွေကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းက ဒီကနေ့ဇွန်လ ၃ ရက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီက ဖမ်းဆီးလိုက်သူတွေဟာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူ မဖြူဖြူနှင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)…

Read More

ထိုင်း – ကရင်နယ်စပ်၊ သေ့ဘောဘိုးဗျူဟာစခန်းကို ပူးပေါင်းတပ်ဖွဲ့များ တဖန်ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ ၎င်းက “ဒရုန်းက မနေ့က ကြဲတာမဟုတ်ဘူး။ ဒရုန်းက နေ့တိုင်းကြဲနေတယ်။ ဒီနေ့လည်း ကြဲနေတယ်” ဟု ပြောသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ…

Read More

ပအိုဝ်းလူမျိုးအချင်းချင်းကြား အပြန်အလှန် သတ်ဖြတ်သွေးချောင်းစီးစေသော လုပ်ရပ်များကို ရှောင်ရှားသွားမည်ဖြစ်ပြီး စနစ်ပြောင်းတော်လှန်ရေးဖြစ်သည့် စစ်အာဏာရှင်တော်လှန်ရေးကိုသာလျှင် ဆက်လက်ပါဝင်တိုက်ခိုက်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောသည်။ ပြီးခဲ့သော ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် PNLA တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ပြီး…

Read More

 ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအခိုက် ကျရှုံးများကာ လက်နက်ချ အလင်းဝင်သူနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စုစုပေါင်း ၆၀ ခန့်အထိ ရှိလာနေသည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရစ်မြစ်ထံမှ သိရသည်။…

Read More

ဇွန်လပထမဆုံးရက်မှာပဲ ယူကရိန်းက ပင့်ကူမျှင်စစ်ဆင်ရေး – Spider’s Web ဆင်နွှဲခဲ့ပြီး ရုရှားစစ်အခြေစိုက်စခန်း ၄ ခုက စစ်လေယာဥ် ၄၀ ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ရုရှား – ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အခုတိုက်ခိုက်မှုက အကြီးမားဆုံးသော တာဝေးပစ်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။ ခလရ ၂၇၅ သည် ယခုလအတွင်း မြဝတီ – ဝေါလေကားလမ်းမနှင့် ဝေါလေအကျော်ရှိ စစ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့ဘက်မှ…

Read More

ရန်ကုန်တိုင်းစစ်ဌာန၏ ပထမဆုံးတပ်ရင်းဖြစ်သော ရန်ကုန်တပ်ရင်း ၅၁၀၁ သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ရှမ်းတောင်၊ ရှမ်းကယားနယ်စပ်၊ ကရင်နှင့် ပဲခူးဒေသများတွင် စစ်ရေးလှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ တပ်ရင်း ၅၁၀၁ သည် ၂၀၂၃ ခုနှစ်ဇွန်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေး(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​၏ လမ်းညွှန်မှုအောက်တွင် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်။…

Read More

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ၊ သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်းသို့ ဇွန်လ ၁ ရက်ညနေပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသပျံလွန်တော်မူခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ်ပိုင်းအချိန်မှစတင်ကာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်မှာ ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲသဖြင့် သက်တော်…

Read More

မေလ ၂၃ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် ငလျင်သင့်ဒေသများတွင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အား ရစ်ခ်ျတာစကေး ၇.၇…

Read More