Month: June 2025

စစ်ကောင်စီက မေလအတွင်း၌ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော ၁၃ နေရာထက်မနည်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု TNLA က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ထားသော ရေဖြူရွာ၊ ကျောက်ကြမ်းရွာ၊ ရွှေမုဌောရွာ၊ ကုလားရွာ၊ တရက်ချိုရွာ၊ အုမ္မတီး၊ အုမ္မခါးကျေးရွာ၊ မတ်မန်းတောရွာ၊ နောင်လိတ်ရွာ၊ နောင်ချိုကြီးရွာနှင့်…

Read More

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ အိမ်ဖြူတော်က မနေ့က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး အခု ဇွန်လ ၉ ရက်ကစပြီး အသက်ဝင်မယ်လို့ သိရပါတယ်။ အမေရိကန်ကို လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကျောင်းသားဗီဇာ၊ အလည်အပတ်ဗီဇာတွေနဲ့ လာရောက်ကြပေမယ့် ရက်ကျော်နေထိုင်မှုများတဲ့အတွက် အခုလို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာပါ။ ရက်ကျော်နေထိုင်သူတွေကို အမေရိကန်ဥပဒေအရ နိုင်ငံသားအဖြစ်က…

Read More

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ပိုင်းရှိ သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းသိမ်းတိုက်ပွဲ ဝင်ပြီး ပြန်လာသော ကရင်ပူးပေါင်းတပ်ဖွဲ့ ရဲဘော်များကို ဒေသခံများမှ ယနေ့ ကြိုဆိုခဲ့ကြသည်ဟု သံလွင်ခက် မြေပြင်သတင်းအဖွဲ့မှ ပေးပို့သည်။ ဗိုလ်တာဘောဦးဆောင်သည့် ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်(KNLA), KNDO နှင့် PDF တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများကို တပ်မဟာ ၆ နယ်မြေ တစ်နေရာတွင် သပြေပန်း၊…

Read More

 ခင်သရဖီဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး ကြပ်တည်းလာနေသည်ဟု ဆိုကြသည်။ လက်ရှိတွင် ကျေးတော ရွာမ၊ ကျေးတောပိုက်ဆိတ်ကျေးရွာ၊ ကံပြင်ရွာဟောင်း၊ သုံးဆောင်ကျေးရွာ၊ ဗျိုင်းဖြူရွာ၊ ရွှေမင်းဂံ၊ ချောင်းနွယ်၊ မြစ်နား၊ နာရီကန်၊သင်းပုန်းတန်း၊ ဇော်မဒက် စသည့် ကျေးရွာများမှ စစ်ဘေးရှောင် သောင်းနှင့်ချီပြီး စစ်တွေမြို့တွင် စစ်ဘေးရှောင်နေကြရသည်။…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ယခုရက်ပိုင်းအတွင်း ကုန်ဈေးနူန်များ မြင့်တက်လာသည်ဟု ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ကုန်ပစ္စည်းများ ပြတ်လပ်သွားခြင်းကြောင့် မဟုတ်ဘဲ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကုန်အဝင်နည်းသွားပြီး အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေသည်ဟု ကျောက်တော်ဒေသခံ အသက် ၃၂ အရွယ်…

Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်ထဲက သေ့သောဘိုး စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် အတူ Cobra Column 2 Venom ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ ၃ ရက် ညနေ သုံးနာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ ပြောင်းသုံးပြောင်းအပါအဝင်…

Read More

ထိုင်းနိုင်ငံမှာ ဇွန်လ ၁ ရက်နဲ့ ၂ ရက်အတွင်း ကိုဗစ်ကူးစက်ခံထားရသူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၁ ရက်မှာ ကိုဗစ်ကူးစက်ခံရသူ ၁၈၀၀၀ ကျော်ရှိခဲ့ပြီး ဇွန်လ ၂ ရက်မှာတော့ လူပေါင်း ၁၀၀၀၀ ကျော်ကို…

Read More

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပဋိပက္ခများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် နေထိုင်သူများထဲမှ ၂ ဒဿမ ၇ သန်းက ဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည်။ ရန်ကုန်မြို့တွင် လူဦးရေ ၆ ဒဿမ ၂ သန်းခန့်ရှိပြီး အာဏာမသိမ်းမီ…

Read More

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ထိုင်း – ကရင်နယ်စပ်ရှိ တပ်မ ၄၄ အခြေစိုက် သေ့ဘောဘိုးဗျူဟာကုန်းကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ မေလ ၂၀ ရက် ညမှစ၍ ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့…

Read More

ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ တင်အောင်ကြိုင် ကျောက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် နှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု လုံးခင်းဒေသခံများထံမှ သိရသည်။ ကချင်ပြည်နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း၌ ယနေ့ ဇွန်လ ၃ ရက် မွန်လွဲပိုင်း ၁ နာရီခန့်တွင် မိုးရာသီအလုပ်ရပ်နားထားသော ယမ်းဂိုထောင်ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့က…

Read More