နန်းဆုပန်ခန့် ဇူလိုင် ၉၊ ၂၀၂၄။ မိုးကုတ်- မန္တလေးလမ်းပိုင်း၊ လိပ်ကျ-ကျောက်ဖြူရွာအကြားတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ရှောင်များ ကားလမ်းခတ္တပြန်ပွင့်၍ တိုက်ပွဲအခြေအနေကြည့်ကာ ကြိုကြားကြိုကြား လာသွားနေကြရသည်ဟု စစ်ရှောင်တစ်ချို့ထံကသိရသည်။ မိုးကုတ်- မန္တလေးလမ်းပိုင်းရှိ လိပ်ကျရွာနှင့် ကျောက်ဖြူလမ်းချင်းဆက် ဇွန်လ ၃၀ ရက်မှ ယနေ့မနက် ၁၀ နာရီ အထိ ရွာချင်းဆက်လမ်းပိုင်းပိတ်ထားခဲ့ပြီး…
Year: 2024
https://youtu.be/4QHX8TLS61I သံလွင်ခက် ဇူလိုင် ၉၊ ၂၀၂၄။ မြန်မာစစ်တပ်က ကမ္ဘာ့နိုင်ငံ ၁၄၅ နိုင်ငံထဲ အဆင့် ၃၅ ဝင်ပြီး အရှေ့တောင်အာရှမှာဆိုရင် အဆင့် ၆ ဖြစ်တယ်လို့ Global Firepower(GFP) အဖွဲ့ရဲ့ ၂၀၂၄ စာရင်းမှာ ဖော်ပြထားပါတယ်။ လက်တွေ့မှာတော့နှစ်ပေါင်း ၇၀ ကျော်…
သံလွင်ခက် ဇူလိုင် ၉၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာကြရသည့် စစ်ဘေးရှောင်များနှင့် ရေဘေးရှောင်ထောင်ချီ အကူအညီများလိုအပ်နေသည်ဟု ဒေသလူမှုကူညီရေးအသင်းတစ်ချို့ထံက သိရသည်။ လတ်တလောတွင် ရေဘေးရှောင်နှင့် စစ်ဘေးရှောင် လူဦးရေ ၁,၀၀၀ ဝန်းကျင်သည် ရေဘေးရှောင်စခန်းများ၊ နီးစပ်ရာဆွေ မျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်းမှ…
မေသံလွင် ဇူလိုင် ၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးက ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်း၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ဒေသခံသုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဘာဘူကုန်းကျေးရွာနှင့် ရမ်းမကျန်းကျေးရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ခင်၊ ကြိတ်ကွင်း၊…
စကားမောင် ဇူလိုင် ၈၊ ၂၀၂၄။ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် ဒရုန်းတစင်းတွေ့ရပြီးနောက် စစ်ကောင်စီတပ်ရှိရာ ဗျူဟာကုန်းအနီးမှ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့နေ့လည်မှစတင် ပစ်ခတ်၍ ခတ္တရပ်နားခဲ့ပြီး ညနေ ၅နာရီဝန်းကျင်မှ သံလွင်ခက်မှမေးမြန်းချိန် ည၈နာရီ ၁၅မိနစ်အချိန်ထိ လက်နက်ကြီးပစ်ခတ်သည်မှာ ၁၄ချက်ဝန်းကျင် ရှိနေပြီး ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်ဟု သိရသည်။ “လေယာဉ်ကောဝဲနေတာ။…
ခင်သရဖီဦး ဇူလိုင် ၈၊ ၂၀၂၄။ ရခိုင်ပြည်၊ သံတွဲမြို့ကို မကျရှုံးစေရေးအတွက် စစ်ကောင်စီက အင်အားတို့ချဲ့ကာ မြို့တွင်းခံစစ်ဆင်ပြင်နေရာယူထားလျက်ရှိသည်ဟု AA စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ခမရ (၅၆၆) နှင့် မဇင်လေဆိပ်အား AA ကသိမ်းပိုက်ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့မှစ၍ တပ်မ (၂၂) နှင့် တပ်မ(၃၃)…
သံလွင်ခက်။ ဇူလိုင် ၈ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်ကောင်စီအထိုင်စခန်း နှစ်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA (အနောက်မြောက်စစ်ဒေသ) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသော…
သဇင် ဇူလိုင် ၈၊၂၀၂၄ အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ခဲ့သည့် ရခိုင်ဒေသတွင်းထိုးစစ် ၇ လ ကျော် ကာလအတွင်း စစ်ရေးအရအရေးပါသည့် မြို့ (၁၀) မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ “အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်”…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ရှောင်ရန်ထွက်ခွာသူများပြားနေသဖြင့် လားရှိုး-မန္တလေးလမ်းပေါ်ရှိ မယ်ဟန်ဂိတ်အနီးတွင် ကားအစီးရေထောင်နှင့်ချီပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။ လားရှိုးမြို့ရှိ ခြေမြန်တပ်ရင်း -၅၀၇ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် မြို့နေပြည်သူများက အလျင်အမြန်နေရပ်စွန့်ခွာနေကြသည်ဟု လားရှိုးမြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ကားတန်းတအားရှည်တယ်။ ကားတွေထောင်ချီတယ်။…
စကားမောင် ဇူလိုင် ၈၊ ၂၀၂၄။ တိုက်ပွဲဖြစ်ပွားနေသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်မှစ၍ ဆန်များဝယ်ယူ၍ မရဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။ “အခု ဆန်တွေကမရတော့ဘူး၊ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်ကြီးတွေမှာလည်းမရှိတော့ဘူး။ ဆန်တင်မဟုတ်ဘူး အကုန်ဘာမှမရတော့ဘူး”ဟု မိုးကုတ်မြို့ အရှေ့ပိုင်းနေ၊ အမျိုးသမီးတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ဇွန်လကုန်ပိုင်းကစပြီး…