https://youtu.be/JUKZdAbhQF0 သံလွင်ခက် ဇွန် ၂၁၊၂၀၂၄။ စစ်မှုထမ်းအပတ်စဉ် (၅) မှသာ အမျိုးသမီးတွေကို ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မွန်ပြည်နယ်က တချို့ဒေသတွေမှာတော့ စစ်မှုထမ်းစာရင်းထဲမှာ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းထဲထည့်သွင်းဖို့ စစ်ကောင်စီက ဘာတွေလုပ်ဆောင်နေလဲ။ မွန်ပြည်နယ် ဘယ်ဒေသက အမျိုးသမီးတွေ ခေါ်ယူခံနေရတာလဲ။…
Year: 2024
https://youtu.be/Afzc87lLfc8 သံလွင်ခက် ဇွန် ၂၀၊ ၂၀၂၄ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ နိုင်ငံတဝန်းက ပြည်သူတွေဟာ နေ့စဉ်ဘဝတွေမှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရသလို မလုံခြုံမှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရာဒေသက ပြည်သူတွေဟာ နှစ် ဖက်တပ်တွေရဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတချို့လည်းရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ…
https://youtu.be/vi_j-7wUkW0 သံလွင်ခက် ဇွန် ၂၂ ၊၂၀၂၄။ ကျိုက်ထိုမြို့နယ်ထဲကို ဇွန်လ ပထမအပတ်ကနေစပြီး စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်နေတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကြောင်းရှိနေတာကြောင့် လတ်တလောမှာ စစ်ကြောင်းလှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိလဲ၊ဘာတွေလုပ်ဆောင်နေတာလဲဆိုတာကို ကျိုက်ထိုဒေသခံဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။
https://youtu.be/PNkd_93PX8k သံလွင်ခက် ဇွန် ၁၅၊၂၀၂၄။ မွန်ပြည်နယ်မှာ စစ်ရေးအရှိန်မြင့်လာပြီး မြို့ပေါ်တွေကို ပြောင်းရွှေ့နေထိုင်သူများပြားလာတာကြောင့် မော်လမြိုင်မြို့ပေါ်မှာ အိမ်ခန်းငှားခ ဈေးနှုန်းတွေမြင့်တက်နေတယ်လို့သိရပါတယ်။ အိမ်ခန်းငှားခဈေးနှုန်းတွေ ဘယ်လိုရှိနေလဲ။ အရင်ကထက် ဘယ်နှစ်ဆမြင့်တက်လာလဲစတဲ့အခြေအနေတွေကို မော်လမြိုင်မြို့က အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားစဉ်နိုင်ပါပြီ။
သဇင် ဇူလိုင် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် TNLA က ဒေသခံများကို ပြန်လည်နေထိုင်ခွင့်ပြုထားသော်လည်း လေကြောင်းအန္တရာယ်စိုးရိမ်သည့်အတွက် ကျောက်မဲဒေသခံများနေရပ်ပြန်လည်နေထိုင်ခြင်းမရှိသေးဟု ဒေသခံများထံက သိရသည်။ “အိမ်မပြန်ရသေးဘူး လောလောဆယ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် လေယာဉ်ကြောက်တယ်လေ။ ၅၀၁ ၊ ၅၀၂ ဘက် မှာ စစ်တပ်ရှိနေတယ်။ အဲ့ဒီနေရာကို သူတို့…
သံလွင်ခက် ဇူလိုင် ၁၀၊ ၂၀၂၄ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများမှ အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ကို ကလေးသူငယ်များအတွက် ကာကွယ်ဆေးထောက်ပံ့ခြင်းမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးမှ ပြောသည်။ ယနေ့တွင် ပြုလုပ်ခဲ့သည့် “ပြည်သူ့အစိုးရ၏လူသားစာနာအရေးကျိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များ” အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ယူနီဆပ်ဖ်၊…
သံလွင်ခက် ဇူလိုင် ၁၀၊ ၂၀၂၄ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ ၈ ဦးပျောက်ဆုံးနေ တယ်လို့ မြန်မာနိုင်ငံမီသတ်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ သမ္မာန်ဟာ ဗားကရားဆိပ်ကမ်းမှ ရေမိုင် (၅) ဖာလုံခန့်အကွာမှာ တိမ်းမောက်ခဲ့တာဖြစ်ပြီး ရေယာဉ်ပေါ်ပါရှိသူ (၁၇) ဦးအနက် (၉) ဦးအား…
https://youtu.be/o4bbA8OO9O0 သံလွင်ခက် ဇူလိုင် ၁၀၊ ၂၀၂၄ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်ဟာ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်မှု မထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဥပဒေပြဌာန်းပြီး သိပ်မကြာခင် ဧပြီလကစလို့ လူငယ်တွေကို အတင်းအဓမ္မခေါ် ဆောင်တာ၊ မဲနှိုက်ရွေးချယ်စေတာတွေ လုပ်ဆောင်ခဲ့ပြီး အပတ်စဉ် ၃…
ယမင်းဖူးပွင့်အောင် ဇူလိုင် ၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စံချိန်တင်မြစ်ရေမြင့်တက်နေပြီး မြေနိမ့်ပိုင်းအိမ်များနှင့်ချင်းတွင်းမြစ်ကမ်းဘေးရှိ အိမ်များသည် ခေါင်မိုးအထိရေနစ်မြုပ်နေခြင်းကြောင့် သောက်သုံးရေများ အခက်အခဲများရှိနေသည်ဟု ပရဟိတအသင်းဝင်များထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်း တွင်းမြစ်ရေမြင့်တက်ကာ ဟုမ္မလင်းမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ “တစ်မြို့လုံးပဲ။ မြို့ပြင်ရော။ လွတ်တာဆိုလို့ တောင်ပေါ်ပေါ့နော်။…
သဇင် ဇူလိုင် ၉ ၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့၏မိုင်တိုင် (၅)တပ်စခန်းမကျစေရေးအတွက် လေကြောင်းဖြင့်ခုခံနေသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်မှ မိုးကုတ်မြို့နယ် မိုင်တိုင် ၅ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများအပြင် ဗျူဟာကုန်းမှလည်း အတွဲလိုက်ဒုံးကျည်များဖြင့်…