သံလွင်ခက် ဩဂုတ် ၁၇၊၂၀၂၄။ ရခိုင်ပြည်နယ် ၊ မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသော မောင်တောမြို့ရှိ ဒေသခံနှင့် အနီးဝန်းကျင်ရှိ ဒေသခံများတွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် မြို့အတွင်းပိတ်မိနေကြသော ဒေသခံများနှင့် စစ်ပွဲနှင့် နီးစပ်သည့်နေရာမှ ဒေသခံများအား အာရက္ခတပ်တော်က ဘေးကင်းရာသို့…
Year: 2024
ခင်သရဖီဦး ဩဂုတ် ၁၆၊ ၂၀၂၄။ ဧရာဝတီတိုင်းရှိမြို့နယ်တချို့တွင် စစ်ရှောင်နေသည့် ရခိုင်စစ်ဘေးရှောင်များအား ဧည့်စာရင်းမတိုင်ကြားသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်ဟု စစ်ရှောင်များထံက သိရသည်။ ပြီးခဲ့သည့် မတ်လမှစတင်ကာ ရခိုင်ပြည်တောင်ပိုင်းတွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် သံတွဲနှင့်ဂွမြို့နယ်မှ ဒေသခံအများစုမှာ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် အဓိကစစ် ရှောင်နေကြခြင်းဖြစ်သည်။…
သံလွင်ခက် ဩဂုတ် ၁၅ ၊ ၂၀၂၄။ ရှမ်းတောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် တောင်ယာသွားသည့် သားမိနှစ်ဦးအားထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ နေရာမှာပင်သေဆုံးခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA က ယနေ့၌ ထုတ်ပြန်သည်။ ယမန့်နေ့ မနက် ၁၀ နာရီတွင်…
သံလွင်ခက်။ ဩဂုတ် ၁၅ ၊ ၂၀၂၄။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သားလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်ခဲ့ဟု လေလံတင်ရောင်းချပွဲသို့ သွားရောက်ခဲ့သူများထံက သိရသည်။ လေလံတင်ရောင်းချမှုကို ယနေ့ ဩဂုတ် ၁၅ ရက်တွင်…
https://youtu.be/y5qi6lon5Js သံလွင်ခက် ဩဂုတ် ၁၆၊ ၂၀၂၄။ ဒီနှစ်မှာကျရောက်တဲ့ နိုင်ငံတကာလူငယ်များနေ့ရဲ့ ဆောင်ပုဒ်က “လူငယ်တွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကလစ်နှိပ်ခြင်းကနေ ဒစ်ဂျစ်တယ် လမ်းကြောင်းဆီသို့” ပဲဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းပဋိပက္ခတွေ ပြင်းထန်နေသလို စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်တာနဲ့ ဒစ်ဂျစ်တယ်လွပ်လပ်ခွင့်တွေ ကန့်သတ်ခံနေရတဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက်တော့ မသက်ဆိုင်တဲ့…
သံလွင်ခက် ဩဂုတ် ၁၅၊ ၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အရက်သောက်နေသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကျိုက်ထို တော်လှန်ရေးအင်အားစု- KRF တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည် ဩဂုတ်လ ၇ ရက်တွင် ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းတွင် အရက်သောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃…
သံလွင်ခက် ဩဂုတ် ၁၅၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်းပြောဆိုမှုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang Yi ၏ပြောဆိုမှု မဟုတ်ဘဲ စစ်ကောင်စီ၏ အာဘော်သာဖြစ်သည်။ မြန်မာနိုင်ငံသို့ ယမန်နေ့ မနက်ပိုင်းတွင်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr Wang…
သံလွင်ခက် ဩဂုတ် ၁၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ၉ လ အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် ည ၈…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၃၊ ၂၀၂၄။ မန်း- PDF အနေဖြင့် ရှမ်း-မန်းစစ်ဆင်ရေးတွင် ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များ၏ ၈၀ ရာခိုင်နှူန်းခန့်ကို အောင်မြင်အောင်ဖော်ဆောင်ထားနိုင်ပြီဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်သည်။ ထိုသို့ စစ်ဆင်ရေးများကိုအောင်မြင်စွာဖော်ဆောင်နိုင်ခြင်းသည် MDY-PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မန်း-PDF နှင့်အတူ ကျောက်ဆည်ခရိုင်…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် EPC ရုံးဝန်းအတွင်းရှိ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့တွင်ထုတ်ပြန်သည်။ ယမန်နေ့ ည ၁၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် သုံးကြိမ်လာရောက်ပြီး ဗုံး ၆ လုံးကြဲချခဲ့ခြင်းကြောင့် အသက် (၃၀) အရွယ်ဒေသခံ…