Year: 2024

နန်းဆုပန်ခန့် ဩဂုတ် ၂၁၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းပေါ်ရှိ အောင်ဇေယျစစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့်…

Read More

( စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာကို စွန့်ခွာထွက်ပြေး ) ထွယ်၊ ဩဂုတ် ၂၁။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ၅ မိုင်ခန့်သာဝေးသည့် ကောင်ဂျာယာန်ကျေးရွာတွင် တပ်စွဲသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နေ့ ညနေ၌ ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။…

Read More

သံလွင်ခက်။ ဩဂုတ် ၂၁ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့သည့်အပြင် ကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ယမန်နေ့တွင် ထုတ်ပြန်သည်။ ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး…

Read More

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်- TNLA က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း…

Read More

သံလွင်ခက် ဩဂုတ် ၂၁၊ ၂၀၂၄။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)တည်ထောင်သူ ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်တွင်ကျင်းပမည်ဟု ဈာပနစီမံရေးကော်မတီက ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကင်ဆာရောဂါဖြစ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို မိုင်းလားမြို့တွင်ကျင်းပမည်ဖြစ်သည်။ မိုင်းလားအဖွဲ့(NDAA)ကို ဦးဆောင်သည့်…

Read More

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အကျဉ်းထောင်တွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး အသက်အန္တရာယ်နှင့် လုံခြုံရေးအထူးစိုးရိမ်နေရသည်ဟု မြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ ညနေပိုင်းတွင် ယင်းအကျဉ်းထောင်မှ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦးသည် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးအား တရားမဝင်ထောင်ဝင်စာယူဆောင်သည်ဟု အကြောင်းပြချက်ဖြင့် ဆံပင်ဆွဲရိုက်နှက်ခဲ့ရာ ဝိုင်းဝန်းဟန့်တားခဲ့ကြသည့် တခြား…

Read More

ဩဂုတ် ၂၀၊ သံလွင်ခက် ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ အခြေချနေထိုင်လာသည်ဟု ဒေသခံများက ပြောဆိုကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသော ဘုရားသုံးဆူမြို့သည် ကရင်လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)လှုပ်ရှားမှုနယ်မြေဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်လက်နက်ကိုင်အဖွဲ့အချို့သွားလာလေ့ရှိသော ဒေသဖြစ်သည်။ “များလာတာကတော့ ဘယ်နေရာသွားသွား တရုတ်တွေ…

Read More

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ တအာင်းပြည်နှင့် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁)ကြိမ်ခန့် ပြုလုပ်ခဲ့သည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ (၇)ဦးသေဆုံးပြီး၊(၃၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

Read More

သြဂုတ် ၂၀၊ ၂၀၂၄။ ဘုန်းမောင် Z ၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး သီးခြားမှတ်ချက်တစ်စုံတစ်ရာမပေးနိုင်သေးသော်လည်း Tea မိသား စုသည် ကမ္ဘောဒီးယား – ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် လက်နက်ငယ်မှောင်ခိုရောင်းဝယ်လေ့ရှိသော အုပ်စုအများအပြားကို ထိန်းချုပ်ထားနိုင်သူများဖြစ်ကြသည်ဟု Z ကဆိုသည်။ Tea Banh နှင့် ၎င်း၏သားဖြစ်သူ (လက်ရှိ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး) တို့သည် နယ်စပ်ဖြတ်…

Read More

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၉၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီး ပြန်လည် လည်ပတ်နေပြီဖြစ်သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA ၏ သတင်းဌာနဖြစ်သည့် The Kokang က ယနေ့တွင်ထုတ်ပြန်သည်။ လားရှိုးဆေးရုံကြီးတွင် ဆေးရုံလုပ်ငန်းများပြန်လည်စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ အထူးဒေသ ၁ ကျန်းမာရေးတာဝန်ခံက ဒေါက်တာဘသက် “လက်ရှိတွင်…

Read More