Year: 2024

မောင်ဘဦး နိုဝင်ဘာ ၁၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပုလဲမြို့ပေါ်အပါအဝင် ကျေးရွာနှစ်ရွာကို မီးရှို့ကာ စစ်ကြောင်းထိုးနေသဖြင့် နောက်ထပ်ကျေးရွာ ၂၂ ရွာမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်တို့တွင်…

Read More

သံလွင်ခက် နိုဝင်ဘာ ၁၁၊ ၂၀၂၄။ ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာ ၂ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည်။ အရာရှိအဆင့် ဗိုလ်ကြီး (၄) ဦး၊ ရဲအုပ် (၂) ဦး အပါအဝင် တပ်သားနှင့်ရဲ…

Read More

နိုဝင်ဘာ ၁၁၊ သံလွင်ခက် မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် စစ်ကောင်စီတပ်စခန်းများဖြစ်သော ရှမ်းတဲလေတပ်စခန်းနှင့် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်နေရာများသို့ နိုဝင်ဘာ ၁၁ ရက်နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေဿခံများထံမှ သိရှိသည်။ နံနက် ၄နာရီမှ ၄ နာရီ ၄၀ မိနစ်အတွင်း အဆိုပါနေရာများမှ ဆက်တိုက်ပေါက်ကွဲသံများထွက်ပေါ်ခဲ့သည်ဟု…

Read More

ကောင်းချစ်အောင် နိုဝင်ဘာ ၁၀၊၂၀၂၄။ ခေတ်မီစစ်တပ်တစ်ခုအဖြစ် နိုင်ငံတကာ ရှုမြင်ခဲ့ကြတဲ့ မြန်မာစစ်တပ်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက မောင်းသူမဲ့လေယာဉ်(ဒရုန်း)တွေကို ဝယ်ယူစုဆောင်းထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ ဒရုန်းတွေကို စစ်ဆင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတာမျိုးမရှိခဲ့ဘဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာကျမှ ဒရုန်းတွေရဲ့ အရေးပါပုံကိုသိမြင်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှုံးရမှုရဲ့…

Read More

သံလွင်ခက် နိုဝင်ဘာ ၉၊ ၂၀၂၄။ စစ်ကောင်စီ၏ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ယမန်နေ့ညက သေဆုံးခဲ့သည်ဟု ၎င်းနှင့် ဆွေမျိုးနီးစပ်သူများထံက သိရသည်။ “ဟုတ်တယ်၊ မနေ့ညထဲက ဆုံးတာတဲ့” ဟု ပြောသည်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေး…

Read More

ရဲသူ နိုဝင်ဘာ ၉၊ ၂၀၂၄။ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေထဲက တောတွင်းတစ်နေရာမှာ အိန္ဒိယသီချင်းတစ်ပုဒ်ကို အသံမပီမသနဲ့ နောက်ကလိုက်ဆိုရင်း ကွန်ပြူတာစခရင်ကိုကြည့်ရင်း ဒရုန်းအမောင်းသင် လေ့ကျင့်ခန်းဆင်းနေသူကတော့ ရဲဘော် နီနီ ဖြစ်ပါတယ်။ သူမဟာ ငယ်စဥ်ကတည်းက အဆိုနဲ့အကကို ဝါသနာထုံခဲ့သူဖြစ်ခဲ့ပေမယ့် အခုမှာတော့ ဂဠုန်စစ်ကြောင်းက Spring…

Read More

သံလွင်ခက် နိုဝင်ဘာ ၉၊၂၀၂၄။ စစ်ကိုင်းတိုင်း ၊ ကန့်ကလူခရိုင် ၊ကျွန်းလှမြို့နယ် ၊ ဘအင်းသရက်တောရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်က နိုဝင်ဘာလ ၈ရက် တွင် နေအိမ်များကို မီးရှိုကာ ဒေသခံ ၂ ဦးကို သတ်ဖြတ်သွားသည်ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ကလူခရိုင်က…

Read More

ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၉၊ ၂၀၂၄။ မန္တလေးမြို့  အိုးဘိုအကျဉ်းထောင်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကိုအကြောင်းပြကာ ထောင်အာဏာပိုင်များက အကျဉ်းသားများ၏ ရေအသုံးပြုခွင့်ကို ကန့်သတ်ထားရာ ယားနာရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ယမန်နေ့တွင်ထုတ်ပြန်သည်။ လက်ရှိတွင် ခွက်ရေအတွက်ဖြင့်သာ ရေချိုးနေရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် ပုံမှန်ရေချိုးခွက်ဖြင့် ခွက်ရေ ၁၀ ခွက်မှ ၂၀ ခွက်သာ…

Read More

သံလွင်ခက် နိုဝင်ဘာ ၈၊၂၀၂၄။ စစ်ကောင်စီက ဝါဒဖြန့် ဘာသာရပ်အချို့ကို ၎င်းတို့လက်အောက်မှာရှိသည့် အခြေခံပညာ‌ရေး စာသင်ကျောင်းများတွင် ထည့် သွင်းသင်ကြားရန် ပြင်ဆင်နေသည်ဟု ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကို လေ့လာဆန်းစစ်နေသည့် Burma Affairs and Conflict Study-BACS က ယမန်နေ့တွင် ထုတ်ပြန်သည်။ ယခုနှစ် ကျန်ရှိနေသာ စာသင်နှစ် သို့မဟုတ်…

Read More

ခင်သရဖီဦး နိုဝင်ဘာ ၇၊၂၀၂၄။ ရခိုင်ပြည်တွင် စစ်ကောင်စီ ထုတ်အရက်ဘီယာများအား တင်သွင်းရောင်းချခွင့်အား အာရက္ခတပ်တော် AA ကကန့်သတ်ပြီးနောက် လက်ကျန်ရှိနေသည့် အရက်ဘီယာရောင်းချနေရသူများ အရှုံးပေါ်နေသည်ဟု အရောင်းဆိုင်တချို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ AA က ပြည်မထုတ် ဘီယာ၊ အရက်၊ ဝိုင်းများအား ရခိုင်ဒေသအတွင်းသို့…

Read More