ဘုန်းမောင် နိုဝင်ဘာ ၂၁၊ ၂၀၂၄။ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများက မကြာခင်အချိန်အတွင်း ပြီးဆုံးသွားမည့်အရိပ်အယောင်မပေါ်သေးပါ။ ထို့ကြောင့်လည်း မြန်မာနိုင်ငံနှင့်အိမ်နီးချင်းဖြစ်သောထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ဝင်ရောက်လာနေသော ပုံမှန်မဟုတ်သည့်ရွှေ့ပြောင်းနေထိုင်မှုနှင့်ပတ်သက်ပြီး ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရလေသည်။ လက်ရှိဖြစ်ပေါ်နေသောပြဿနာများအပေါ် လုံလောက်ပြီးရေရှည် တည်တံ့မည့်ဖြေရှင်းနည်းမျိုးမရှိခဲ့ပါက ထိုင်းနိုင်ငံသည် ၎င်း၏စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် နိုင်ငံ၏အလုံးစုံဖွံ့ဖြိုးတိုးတက်မှုများကို အကြီးအကျယ်ထိခိုက်စေမည်သာဖြစ်သည်။…
Year: 2024
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၂၁၊ ၂၀၂၄။ မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ခြုံခိုတိုက်ခိုက်ရာ တပ်ကြပ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု PRA_Magway က ယနေ့တွင် ထုတ်ပြန်သည်။ ဂုတ်ကြီးကျေးရွာနှင့် အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင်…
သံလွင်ခက် နိုဝင်ဘာလ ၂၁၊၂၀၂၄။ ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း ကျူးကျော်လာသောကြောင့် အာရက္ခတပ်တော် ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရေလုပ်သားများနှင့် ငါးဖမ်းလှေတချို့ကို ပြန်လွှဲပြောင်းပေးခဲ့သည်ဟု AA Info Desk က ယမန်နေ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က ရခိုင်ပြည်နယ်ရေပိုင်နက်သို့ ကျူးကျော်လာသော …
သံလွင်ခက် နိုဝင်ဘာ ၂၁၊ ၂၀၂၄။ တရုတ် – မြန်မာ နယ်စပ်ဂိတ် တည်ရှိရာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီမြို့ကို ယမန်နေ့ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်ထံက သိရသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် -…
နန်းဆုပန်ခန့် နိုဝင်ဘာ ၂၀၊ ၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၃ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာအတွင်း…
သံလွင်ခက် နိုဝင်ဘာ ၂၀၊၂၀၂၄။ တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်တွင် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုင်များဟု ဆိုကာ ဖျက်သိမ်းခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် မနက်ပိုင်းက သုံးဘီးယာဉ်ဖြင့် လမ်းပေါ်ကင်းပတ်လာသော ပြည်သူ့စစ်အဖွဲ့သည် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် ကြားဖြတ်တိုက်ခိုက်ပြီးနောက် ထိုနေရာအနီးရှိ ဆိုင်ခန်းများကို…
ဘုန်းမောင် နိုဝင်ဘာ ၁၂၊ ၂၀၂၄။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ အဆိုပါကျူးကျော်မှုက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ဖြစ်ပွားခဲ့သော ရုရှား- ယူကရိန်း စစ်ပွဲ၏ အမြင့်မားဆုံးသောအခြေအနေဖြစ်လာခဲ့သည်။ ယူကရိန်းကိုတိုက်ခိုက်ရန် မြောက်ကိုရီးယားနိုင်ငံကလည်း တပ်ဖွဲ့ဝင် ၁၀,၀၀၀…
မောင်လှိုင်း နိုဝင်ဘာ ၂၀၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ကို တရုတ်အာဏာပိုင်များ ယမန်နေ့ နံနက် အစောပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု မူဆယ်မြို့ ဒေသခံများထံက သိရသည်။ အဆိုပါ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်အဖွဲ့သည် ယခုနှစ် အောက်တိုဘာလ ၂၂ ရက်ကတည်းက ပိတ်လိုက်ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင်…
သံလွင်ခက် နိုဝင်ဘာ ၂၀၊ ၂၀၂၄။ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တလိုင်းရပ် (ရွာသစ်) ကျေးရွာကို People’s Liberation Army (PLA) – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ယမန်နေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု PLA က ထုတ်ပြန်သည်။ တိုက်ပွဲကြာချိန် ၁၀ မိနစ်ခန့်တွင်…
သံလွင်ခက် နိုဝင်ဘာ ၂၀၊၂၀၂၄။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်းစစ်ဌာန ထံသို့ စစ်ကောင်စီတပ်သား ၂ ဦး ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီရေတပ်မှ တပ်ကြပ် နိုင်မင်းဇော် နှင့် သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး အောင်မင်းဇော် တို့သည်…