Month: December 2024

သံလွင်ခက် ဒီဇင်ဘာ ၉၊ ၂၀၂၄။ တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စက်လှေစျေးနှုန်းများ မြင့်တက်နေသဖြင့် ဒေသခံအချို့မှာ မြို့တွင်းမှ တိမ်းရှောင်ရန် ခက်ခဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ ဗန်းမော်မြို့ မင်းကျောင်းကုန်းရေဆိပ်နှင့် ဗန်းမော်ရေဆိပ်မှ တိမ်းဖာတောင်‌ရေဆိပ် အထိ ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးလျင် ၂၀,၀၀၀ ကျပ်မှ ၃၀,၀၀၀…

Read More

သံလွင်ခက် ဒီဇင်ဘာ ၇၊ ၂၀၂၄။ စစ်ကောင်စီတပ်သည် ၎င်းတို့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည့် ကချင်ပြည်နယ်ကို လေကြောင်းဖြင့် နေ့စဉ် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ် ရဲဘော်များထံက သိရသည်။ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့မှ အရှေ့တောင်ဘက် ၁၃ မိုင်ခန့်သာဝေးသည့် မံစီမြို့ရှိ တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သည် နေ့စဉ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု…

Read More

သံလွင်ခက် ဒီဇင်ဘာ ၇၊ ၂၀၂၄။ ရန်ကုန်တိုင်း စစ်ကောင်စီမှော်ဘီလေတပ်စခန်းအတွင်းရှိ Y-12 တိုက်ခိုက်ရေးစစ်လေယာဉ်များထားရှိရာ လေယာဉ်ရုံအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar-BWM က ယနေ့တွင် ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လေတပ်အရာရှိသုံးဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂…

Read More

သံလွင်ခက် ဒီဇင်ဘာ ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၀နီးပါးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုတည်းသာ ကျန်ရှိတော့သည်ဟု AAက အသိပေးသည်။ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ တပ်ရင်းဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်များအားလုံးကို သိမ်းပိုက်ထားနိုင်သည်ဟု ဆိုသည်။ လေဆိပ်၊ တိုက်ခိုက်ရေးတပ်ရင်းများ၊ ဝန်ကြီးဌာနရုံးအားလုံး အပါအဝင်…

Read More

သံလွင်ခက် ဒီဇင်ဘာ ၆၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဒေသခံအချို့မှာ ယနေ့ချိန်ထိ မြို့တွင်းပိတ်မိလျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်နေဆဲ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့နံနက် အစောပိုင်းတွင် ဗန်းမော်မြို့ သိမ်တော်ကြီးဘုန်းကြီးကျောင်းရှေ့တွင်ရှိသည့် ရဲစခန်းအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု မြို့တွင်း ပိတ်မိနေသည့် ပြည်သူတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက…

Read More

သံလွင်ခက် ဒီဇင်ဘာ ၆၊ ၂၀၂၄။ လာမည့်ဒီဇင်ဘာလကုန်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင် ပြောဆိုလိုက်သည်။ အာဆီယံဥက္ကဌတာဝန်ကို တာဝန်ယူထားသည့် လာအိုနိုင်ငံက ဦးဆောင်ကျင်းပမည့် အဆိုပါဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugionoလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်…

Read More

သံလွင်ခက် ဒီဇင်ဘာ ၆၊ ၂၀၂၄။ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့က မြန်မာနိုင်ငံသား၊ အမျိုးသားတစ်ဦး လမ်းမီးလျှပ်စစ်ရှော့ (ဓာတ်လိုက်မှု) ကြောင့် သေဆုံးခဲ့သည်ဟု Nepali Gurkha Social Activities & News က ထုတ်ပြန်သည်။ အသက် ၃၃ နှစ်အရွယ် ကိုသူရကျော်သည်…

Read More

သံလွင်ခက် ဒီဇင်ဘာ ၆၊၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင် တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၈ ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်မှ ၃၀အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေး…

Read More

သံလွင်ခက် ဒီဇင်ဘာ ၆၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ပြစ်မှုကျူးလွန်သူ ၁၄ဦးအနက် ၆ဦးကို လူမြင်ကွင်းတွင် သေဒဏ်ပေးခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ထုတ်ပြန်သည်။ စစ်သားအယောင်ဆောင်ကာ လက်နက်ကိုင် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုတို့ကို ကျူးလွန်သူများအား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယမန်နေ့ နံနက် ၈နာရီတွင်…

Read More

သံလွင်ခက် ဒီဇင်ဘာ ၅၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဗန်း‌မော်မြို့ရှိ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူ အချို့ ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့တွင်းမှ ထွက်ခွာနိုင်ခဲ့သည်ဟု ဒေသခံများ၏ မိသားစုဝင်များထံက သိရသည်။ ဗန်းမော်မြို့ဒေသခံများသည် မြို့၏ တောင်ဘက်ပိုင်း ၅ မိုင်ခန့်တွင် ရှိသည့် ညောင်ပင်သာကျေးရွာ လမ်းပိုင်းမှ ထွက်ခဲ့ကြခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံ…

Read More