ဘုန်းမောင် ဒီဇင်ဘာ ၁၈၊ ၂၀၂၄။ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့အစိုးရရှေ့နေချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုဝင်ဘာ ၂၇ ရက်ကတောင်းဆိုခဲ့ပါတယ်။ ICC က မြန်မာစစ်ခေါင်း ဆောင်ကို တရားဥပဒေလမ်းကြောင်းကနေ ထွက်ပေါက်မရှိအောင်ပိတ်ဆို့နေသလိုပဲ တရုတ်အစိုးရကလည်း မြန်မာစစ်ကောင်စီအပေါ် ကူညီပံ့ပိုးနေမှုတွေကို တိုးချဲ့နေပုံပေါ်ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။…
Month: December 2024
သံလွင်ခက် ဒီဇင်ဘာ ၁၈၊ ၂၀၂၄။ ၂၉ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ကရင် အမျိုးသား အစည်းအရုံး – KNU ၏ ဌာနချုပ်တည်ရှိရာ မာနယ်ပလောကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်က KNU နှင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ မာနယ်ပလောကျေးရွာရှိ…
သံလွင်ခက် ဒီဇင်ဘာ ၁၄၊ ၂၀၂၄။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် အတွင်းရှိ အုန်းဖန် (Umphang) ဖျော်ဖြေရေးပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်တွင် ကရင်အမျိုးသားအစည်းအရုံး – KNU ၏ အဖွဲ့ဝင်တစ်ဦးပါဝင်သည်ဟု ပြောဆိုချက်မှာ မမှန်ကန်ဟု KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုတောနီး က…
သံလွင်ခက် ဒီဇင်ဘာ ၁၄၊ ၂၀၂၄။ တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ် မြောက်ပိုင်း၊ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။ ယခုနှစ် နိုဝင်ဘာလ ၉ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဖလမ်းမြို့တွင်…
သံလွင်ခက် ဒီဇင်ဘာ ၁၄၊ ၂၀၂၄။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စစ်ကောင်စီကင်းဂိတ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု God’s Hand Forces-GHFအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့ည ၈နာရီ ၄၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၁၆ စစ်တပ်ဝန်းထိပ်ရှိ ကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့်…
ယမင်းဖူးပွင့်အောင် ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယနေ့နံနက်တွင် ဓာတ်ပုံ သက်သေနှင့်တကွ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ ၄၂၂ တပ်က…
ယမင်းဖူးပွင့်အောင် ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ဦးထက်မနည်းဖမ်းဆီးရမိခဲ့သည်ဟု Earthquake People’s Defence Force က ယနေ့နံနက်တွင် ထုတ်ပြန်သည်။ Earthquake People’s…
သရဖီ ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့အနီးတွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ယနေ့ထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကာ တင်းတော်ကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေသည်ဟု…
နန်းဆုပန်ခန့် ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ ဖာပွန် – ကမမောင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်စခန်းကို ယမန်နေ့ နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါ တပ်စခန်းနှစ်ခုမှာ ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ မူတြော်ခရိုင်…
ဘုန်းမောင် ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ အတိုက်အခံအင်အားစုတွေဘက်က အသာစီးရလာနေတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဥ်- BRI နဲ့ပတ်သက်တဲ့စီမံကိန်းတွေကို မြန်မာစစ်ကောင်စီက လုံခြုံအောင်အကာအကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်အစိုးရဘက်က ယူဆ ထားပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီထူထောင်ဖို့ကြိုးစားခြင်းအားဖြင့် မြန်မာ့ပဋိပက္ခမှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှုတိုးလာအောင် အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။…