Month: November 2024

သံလွင်ခက် နိုဝင်ဘာ ၂၇၊ ၂၀၂၄။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုများ ကျူးလွန်သည်ဟူသော အထောက်အထားများရှိသောကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံး(International Criminal Court)မှ ရှေ့နေတစ်ဦးက ဖမ်းဝရမ်းထုတ်ရန် အဆိုတင်သွင်းလိုက်သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ကို ဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားမှု ဖြစ်လာပြီး အဆိုတင်သွင်းမှု…

Read More

ဘုန်းမောင် နိုဝင်ဘာ ၂၆၊ ၂၀၂၄။ ပြီးခဲ့သောအောက်တိုဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံကိုလာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ ဆုံခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သူမက ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာ့အရေးဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့ နောက်ထပ်တစ်ကြိမ်သွားရောက်မည်ဟုလည်း သူမကဆိုသည်၊။ ပထမအကြိမ်သွားရောက်ခဲ့သောခရီးစဥ်မှာတော့…

Read More

သံလွင်ခက် နိုဝင်ဘာ ၂၆၊ ၂၀၂၄။ ကရင်ပြည်နယ် ဖာပွန်-ကမမောင်း လမ်းပေါ်ရှိ မထောရွာအခြေစိုက်တပ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်ထပ်မံ သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)က ယမန်နေ့တွင် ထုတ်ပြန်သည်။ ကမမောင်းမြို့ကို ရှေ့တန်းဌာနချုပ် အခြေစိုက်ထားသော…

Read More

ဆူဏီးလ် နိုဝင်ဘာ ၂၅၊ ၂၀၂၄။ ၁၉၉၉ ဇရာလက္ခဏာပြစပြုလာတဲ့ညမှာ ကျွန်တော်တို့ပြန်လာခဲ့ကြတယ်။ ဂစ်တာပိုက်လို့ . . .။ အခါပေါင်းများစွာကလိုတော့ ကျွန်တော်တို့သွေးတွေက ဆူပွက်ရုန်းကြွလို့မနေဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ် ခေါင်းကလေးတွေငုံ့လို့။ အသွင်သဏ္ဍာန်မှာတိတ်ဆိတ်နေပေမယ့် အတွင်းအနှစ်သာရပိုင်းမှာတော့ ညှိုးနွမ်းခြောက်သွေ့မှုတွေနဲ့။ ထိတ်လန့်ကြေကွဲမှုတွေနဲ့အတူ ပြန်လာနေမိခဲ့တယ်။ ဒီအခြေအနေတွေမရောက်သေးခင်တုန်းကတော့ ကျွန်တော်တို့တတွေဟာ သီချင်းလှိုင်းတွေထဲမှာ လှိုက်ခုန် စွာနဲ့…

Read More

ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၂၅၊ ၂၀၂၄။ ရှမ်းမြောက်ဒေသရှိ စစ်ရေးတင်းမာမှုများကို တွေ့ဆုံဖြေရှင်းရန် အမြဲအသင့်ရှိသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်များခံစားနေရသည့် ဒေသခံပြည်သူများကို ငဲ့ညှာသည့်အပြင် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြု၍ တွေ့ဆုံဆွေးနွေးမည်ဟု…

Read More

သံလွင်ခက် နိုဝင်ဘာ ၂၅၊၂၀၂၄။ ကရင်နီပြည် (ကယားပြည်နယ်)အတွင်း ဖြစ်ပွားနေသည့် နှစ်ဘက်တိုက်ပွဲများနှင့် လူမှုဘဝဖူလုံမှုမရှိခြင်း နောက်ဆက်တွဲအကျိုးဆက်အဖြစ် အမျိုးသမီးငယ်များ လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ခံစားနေကြရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုကြုံတွေ့ခံစားနေရသည့်အပြင် အမျိုးသမီးငယ်များ လုပ်ငန်းခွင်၌ လုပ်ခလစာ…

Read More

သံလွင်ခက် နိုဝင်ဘာ ၂၅၊ ၂၀၂၄။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် ရုရှားနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နေပြည်တော်သို့ရောက်ရှိလာပြီဟု ယနေ့ထုတ် သတင်းစာများမှတဆင့် စစ်ကောင်စီက ထုတ်ပြန်သည်။ တန်ချိန် ၃၅ တန်ခန့်ပါဝင်သော ထောက်ပံ့ရေးပစ္စည်းများကို ရုရှား အရပ်ဘက်ကာကွယ်ရေး၊ အ‌ရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာနနှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန…

Read More

သံလွင်ခက် နိုဝင်ဘာ ၂၅၊ ၂၀၂၄။ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်တွင် မြန်မာအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းစစ်တပ်က ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းသတင်းဌာနများက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါ နိုင်ငံခြားသား ၃၉ ဦးတွင် သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅…

Read More

သံလွင်ခက်။ နိုဝင်ဘာ ၂၄၊ ၂၀၂၄။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးသည့်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသရှိ နယ်စပ်ကုန်သွယ်မှုအားလုံးကို တရုတ်ဘက်က ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှစပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်များထဲမှ ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ကာလအကန့်အသတ်မရှိ…

Read More

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်လေးပင်ခရိုင်က အရပ်သားများ ထိခိုက်ဒဏ်ရာရ ******** သံလွင်ခက် နိုဝင်ဘာ ၂၃၊ ၂၀၂၄။ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ယနေ့နံနက် ၁၁ နာရီခန့်က ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် နံဇအုပ်စု၊ ဖိုးတချောင်းကျေးရွာက ဒေသခံ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု…

Read More