• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တရုတ်ဩဇာကြီးမားလာမှုနှင့် နက်ရှိုင်းလာသောမြန်မာ့ပဋိပက္ခ
ဆောင်းပါး

တရုတ်ဩဇာကြီးမားလာမှုနှင့် နက်ရှိုင်းလာသောမြန်မာ့ပဋိပက္ခ

thanlwinkhetBy thanlwinkhetNovember 26, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
နိုဝင်ဘာ ၂၆၊ ၂၀၂၄။

ပြီးခဲ့သောအောက်တိုဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံကိုလာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ ဆုံခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သူမက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့အရေးဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့ နောက်ထပ်တစ်ကြိမ်သွားရောက်မည်ဟုလည်း သူမကဆိုသည်၊။ ပထမအကြိမ်သွားရောက်ခဲ့သောခရီးစဥ်မှာတော့ သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံထံတင်သွင်းသော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယင်းအပြင် မစ္စဂျူလီဘစ်ရှော့က “မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခသည် ရှုပ်ထွေးပြီး ဘက်ပေါင်းစုံစိန်ခေါ်မှုဖြစ်သည်” ဟု သတိပေးထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကလည်း ၁ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် သိသာထင်ရှားသော စစ်ရေးဆိုင်ရာအောင် မြင်မှုများရရှိခဲ့ပြီး လောက်ကိုင်ကဲ့သို့သော ဗျူဟာမြောက်နေရာများအပါအဝင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။

မြန်မာစစ်ကောင်စီကတော့ ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ထောင်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့ကြသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’အောင်မြင်မှုများက မြန်မာစစ်တပ်ကိုအားနည်းစေခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်နှင့် တပ်သားသစ်စုဆောင်းရေးဆိုင်ရာစိန်ခေါ်မှုများကို ပိုမို ဆိုးရွားလာစေခဲ့ကာ မြန်မာစစ်တပ်၏အားနည်းချက်ကိုလည်း ထုတ်ဖော်ပြသနိုင်ခဲ့သည်။

ယင်းအပြင် မြန်မာစစ်တပ်သည် သိသာထင်ရှားသောနယ်မြေဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင်ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပင်လယ်ဘူးမြို့အားသိမ်းပိုက်ခြင်း၊ ကရင်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ခေါပုတ်စခန်းအားသိမ်းပိုက်ခြင်းနှင့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ အမ်းမြို့သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများက မြန်မာစစ်တပ်၏အနေအထားကို ပိုမိုအားနည်းလာစေခဲ့သည်။

မြန်မာစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ၎င်းတို့ဆုံးရှုံးသွားခဲ့သော အချက်အချာနယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေသော်လည်း အဆိုပါကြိုးပမ်းမှုများသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ပြင်းထန်သောခုခံမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရလေသည်။

ထို့အပြင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်အတူပူးပေါင်းကာ ကရင်နှင့် ရှမ်းပြည်မြောက် ပိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နိုင်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တို့ကလည်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း၌ စစ်ဆင်ရေးများဖော်ဆောင်ဖို့စီစဥ်ထားသည်ဟု ကြေညာခဲ့သည်။

တရုတ်ဩဇာလွှမ်းမိုးမှု

မြန်မာ့အရေးကိုဆန်းစစ်ကြည့်မည်ဆိုပါက ပြင်ပဩဇာလွှမ်းမိုးမှုများကြောင့် ရှုပ်ထွေးနေသည်ကိုတွေ့ရ သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏အခန်းကဏ္ဍဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏နယ်စပ်တလျှောက် တည်ငြိမ်ရေးအပေါ်အခြေခံ၍ ၎င်း၏ရပ်တည်ချက်ကို ပြန်လည်သုံးသပ်နိုင်သည်ဟူသောတွက်ဆချက်များ လည်းရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း၌ ပိုမိုပြင်းထန်လာသောအကြမ်းဖက်မှုများအပေါ် တရုတ်က သတိကြီးကြီးထားနေခဲ့သည်။

မကြာသေးခင်ကပဲ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နယ်စပ်ဂိတ်များအားလုံးကို ကုန်စည်တင်သွင်းခွင့်ပိတ်ပင်ခဲ့သဖြင့် လောင်စာဆီ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကဲ့သို့သော အခြေခံကုန်ပစ္စည်းများ ထိခိုက်နစ်နာခဲ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကစတင်ပြီး မူဆယ် – ကျယ်ခေါင်ဂိတ်၊ မိုင်းလား – တာ့လော့ဂိတ်တို့မှတဆင့် ကုန်စည်တင်သွင်းခွင့်ကိုကန့်သတ်လိုက်ပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာတော့ ‘ဝ’ – တရုတ်နယ်စပ်ဂိတ်အားလုံးကို ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကအတည်ပြုပြောဆိုသည်။

ယင်းအပြင် တရုတ်အစိုးရက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) သို့မဟုတ် မိုင်းလားအဖွဲ့ကထိန်းချုပ်ထားသော နယ်စပ်ဂိတ်များကိုလည်း တဆက်တည်းဆိုသလိုပင် ပိတ်ပင်ခဲ့သည်။ တရုတ်အစိုးရသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကုန်စည်တင်သွင်းခွင့်ပိတ်ပင်ထားခြင်းအား ထိရောက်မှုရှိစေ ရန်အတွက် တရုတ် – ‘ဝ’နယ်စပ်ရှိ နမ့်တစ်(မန်ခါး)ဂိတ်အား ဩဂုတ်လကတည်းကပင် ပိတ်ထားခဲ့လေသည်။

ထိုမျှသာမက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံခဲ့ရပြီး ထိုသို့ တိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံတွင်း လုံခြုံရေးအခြေအနေယိုယွင်းလာခြင်းနှင့် တရုတ်နိုင်ငံ၏မြန်မာ့အရေး၌ပါဝင်ပတ်သက်နေမှုများအပေါ် မကျေနပ်မှုများအား မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီကိုကျောထောက်နောက်ခံပေးထားသည်ဟု မြန်မာပြည်သူအများစုက ယုံကြည်ထားသောကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ် ဓာတ်များ ပို၍ပြင်းထန်လာခဲ့သည်ဟု အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုက ရဲမျိုးဟိန်းအပါအဝင် ကျွမ်းကျင်သူများက မှတ်ချက်ပြုထားကြသည်။

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့တွင်တာဝန်ရှိကြောင်း မည်သူကမှထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အဆိုပါတိုက်ခိုက်မှုသည် တရုတ်နိုင်ငံ၏ရပ်တည်ချက်နှင့် တရုတ်နိုင်ငံ၏ ဒေသတွင်းပဋိပက္ခများတွင် ပါဝင်ပတ်သက်နေမှုအပေါ် လူထု၏မကျေမနပ်ဖြစ်မှုကို ထင်ဟပ်စေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

မှတ်သားစရာတစ်ချက်က ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ချိန်ကတည်းကပင် တရုတ်နိုင်ငံသည် မြန်မာစစ်တပ်ကိုသာမက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ ဆက်ဆံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်ကိုတိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ပံ့ပေးနေသည့်နည်းတူ မြန်မာစစ်တပ်ကိုလည်းထောက်ပံ့နေသည့် ဗျုဟာနှစ်ရပ်ဖြင့် မြန်မာ့အရေးတွင် ပါဝင် ကစားနေသည်။ ထိုသို့ဖြစ်ရသည်ကလည်း အွန်လိုင်းလိမ်လည်မှုများကိုတားဆီးရန်နှင့် တရုတ်နိုင်ငံ၏ BRI ပရောဂျက်များကိုကာကွယ်ပေးရန် မြန်မာစစ်တပ်ဘက်ကပျက်ကွက်မှုအပေါ် မကျေနပ်သောကြောင့်ဖြစ်သည်ဟု လေ့လာသူအချို့ကဆိုသည်။

တစ်ဖက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့လာရောက်ရန် တရုတ်ကဖိတ်ကြားခဲ့သည်။ အဆိုပါဖိတ်ကြားမှုက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်အား ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၆ ရက် မွန်းလွဲပိုင်းမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Mr. Li Qiang တို့သည် ကူမင်းမြို့ရှိ Haigeng Garden Hotel တွင်တွေ့ ဆုံခဲ့ကြပြီး တရုတ် – မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခု လဲလှယ်ခဲ့ကြသည်။ ယင်းတွင် မြန်မာကောင်စစ်ဝန်ရုံး (ကူမင်းမြို့)နှင့် တရုတ်ကောင် စစ်ဝန်ချုပ်ရုံး (မန္တလေး)တို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင် ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာလိုအပ်ချက်များနှင့် အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ပါဝင်သည်ဟုသိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော အာရက္ခတပ်တော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်တို့နှင့် စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများစတင်ရန်ရည်ရွယ်ချက်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်အား အသိပေးပြောကြားခဲ့သော်လည်း ညီနောင်မဟာမိတ်များအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေးလိုချင်ကြောင်းဖော်ပြနိုင်မှသာ ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက အလေးအနက်ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲများအတွင်း တရုတ်ထံက အထောက်အပံ့များပိုမိုရရှိလာစေရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ကြိုးပမ်းခဲ့သည့်အပြင် တရုတ်နိုင်ငံကလည်း စစ်ကောင်စီ၏ နိုင်ငံရေးလမ်းပြမြေပုံကိုထောက်ခံကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ မြန်မာစစ်ကောင်စီအပေါ် ဆက်လက်ကူညီပံ့ပိုးနေမှုများက မြန်မာနိုင်ငံတွင်းရှိ တရုတ်၏ BRI စီမံကိန်းများလုံခြုံဖို့ရည်ရွယ်သော ဗျူဟာမြောက်အကျိုးစီးပွားကိုမီးမောင်းထိုးပြနေခြင်းဖြစ်သလို မြန်မာ့သဘာဝအရင်းအမြစ်များအား ထိန်းချုပ်နိုင်ရေးရည်ရွယ်ချက်လည်းဖြစ်သည်။ အရေးအကြီးဆုံးက အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ခွင့်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း တရုတ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အထူးသဖြင့် နယ်စပ်ဒေသများတွင်ဖြစ်သည်။

အိန္ဒိယ၏ဟန်ချက်ညီသောလှုပ်ရှားမှု

၂၁ ကြိမ်မြောက် အာဆီယံ – အိန္ဒိယထိပ်သီးအစည်းအဝေးနှင့် ၁၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ က အာဆီယံ၏ဗဟိုချုပ်ကိုင်မှုနှင့် မြန်မာ့အရေးသဘာတူညီချက် ၅ ရပ် (5 PC) ကို အလေးအနက်ထားပြောကြားခဲ့သည်။
အိန္ဒိယ၏ မြန်မာ့အရေးချဥ်းကပ်မှုသည် ၎င်း၏ နယ်စပ်လုံခြုံရေးနှင့် အရှေ့အာရှမူဝါဒအပေါ် စိုးရိမ်မှုနှင့် ဆက်စပ်နေသည်။

(အရှေ့အာရှမူဝါဒဆိုသည်က ဒေသတွင်း တရုတ်ဩဇာကြီးမားလာမှုကိုတန်ပြန်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် အိန္ဒိယတို့အကြား ကျယ်ပြန့်သော စီးပွားရေးနှင့် မဟာဗျူဟာ မြောက်ဆက်ဆံရေးထူထောင်ရန် အိန္ဒိယနိုင်ငံ၏ကြိုးပမ်းမှုတစ်ခုဖြစ်သည်- ဘာသာပြန်သူ)

ပြီးခဲ့သော အောက်တိုဘာလ ၁၄ ရက်တွင် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်သော “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects – QIP)ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၅ စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းအပြင် အဓိကကျသောစီမံကိန်းများကိုလည်းဆက်လက်လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အိန္ဒိယသည် ချစ်ကြည်ရင်းနှီးမှုအစီအစဥ် (Operation Sadbhav)လက်အောက်တွင် မြန်မာ နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့လေသည်။ အိန္ဒိယသည် မြန်မာစစ်ကောင်စီနှင့်ဆက်ဆံနေသကဲ့သို့ တစ်ဖက်တွင်လည်း အတိုက်အခံအင်အားစုများနှင့်ထိတွေ့ဆက်ဆံမှုများ တိုးလာနေပါသည်။
ပြီးခဲ့သော နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA) က ဦးဆောင်ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တွင်ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့နိုင်ငံရေးနှင့်စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီဘက်ကဆိုလျှင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးစင်တာ(CPR)၊ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကကိုယ်စား လှယ်များ အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည့်အပြင် ယင်းခေါင်းစဥ်ဖြင့်ပင်ကျင်းပသောဆွေးနွေး ပွဲကို တက်ရောက်ရန် ICWA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကိုလည်းဖိတ်ကြားခဲ့သည်ဟုသိရသည်။ ဤဆောင်ရွက်ချက်များကိုကြည့်လျှင် အိန္ဒိယနိုင်ငံသည် ၎င်း၏နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဒေသတွင်း တရုတ်ဩဇာလွှမ်းမိုးမှုများကိုတန်ပြန်ရန်ရည်ရွယ်သောအားထုတ်မှုများကို မြင်တွေ့နိုင်ပါသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏နိုင်ငံအရှေ့မြောက်ပိုင်းနှင့်ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများရှိနေသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရှေ့မြောက်ဒေသတွင် လက်နက်ကိုင်လှုပ်ရှားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုများအပြင် ဒုက္ခသည်အရေအတွက် ပို၍တိုးလာခဲ့သည်။

ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ မြန်မာနိုင်ငံကို လာရောက်ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ၁,၆၄၃ ကီလိုမီတာတလျှောက် နှစ်နိုင်ငံလွတ်လပ်စွာသွားလာခွင့်ကို ပြန်လည်ရုတ်သိမ်းပြီး နယ်စပ်တလျှောက်ခြံစည်းရိုးခတ်ရန်ဆုံးဖြတ်ခဲ့လေသည်။ အစောပိုင်း၌ မဏိပူရ်နှင့်မီဇိုရမ်တို့တွင် ကန့်ကွက်မှုများရှိခဲ့ပြီး မကြာသေးခင်မှာတော့ နယ်စပ်ခြံစည်းရိုးခတ်ခြင်းကိုဆန့်ကျင်သည့် ဆန္ဒပြမှုများက နာဂလန်းတွင်လည်းပေါ်ပေါက်လာခဲ့သည်။

အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ- မြန်မာနယ်စပ်တလျှောက်ခြံစည်းရိုးခတ်ခြင်းအား နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCK)၊ နာဂလန်းဌာနေတိုင်းရင်းသားများဖိုရမ် (NIPF) နှင့် မီဇိုရမ်အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့ (ZORO) တို့က ပြင်းပြင်းထန်ထန်ကွန့်ကွက်ခဲ့ကြသည်။

နယ်စပ်တလျှောက်ခြံစည်းရိုးခတ်မည့်အစီအစဥ်ကို အိန္ဒိယအစိုးရအနေဖြင့် ပြန်လည်သုံးသပ်သင့်သော်လည်း ခြံစည်းရိုးခတ်လိုက်မည်ဆိုပါက ကုန်စည်နှင့်လူများ၏ တရားဝင်သွားလာခွင့်နှင့် နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းညှိပေးနိုင်မည်လည်းဖြစ်သည်။ မတည်ငြိမ်မှုများနှင့်ရင်ဆိုင်နေရသောဒေသများအဖို့လည်း ခြံစည်းရိုးခတ်လိုက်ခြင်းက နယ်စပ်လှုပ်ရှားမှုများကိုထိန်းချုပ်နိုင်မည်ဖြစ်ပြီး အကြမ်းဖက်မှုများပျံ့နှံ့လာခြင်းကိုလည်း တားဆီးနိုင်မည်ဖြစ်ပေသည်။ ထပ်မံဖြည့်စွက်ရမည်ဆိုပါက အိန္ဒိယနိုင်ငံသည် နယ်စပ်လုံခြုံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဒရုန်းများဖြင့်စောင့်ကြည့်နိုင်သလို အခြားသော ခေတ်မီထောက်လှမ်းရေးနည်းပညာများကိုလည်း အသုံးချနိုင်ပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာကပြစ်တင်ရှုတ်ချနေသည့်ကြားကပင် မြန်မာစစ်ကောင်စီထံသို့ မကြာသေးခင်ကပင် FTC – 2000G တိုက်လေယာဥ် ၆ စီး ပေးပို့ခဲ့လေသည်။ အဆိုပါပေးပို့မှုက တရုတ်၏စစ်ကောင်စီ အပေါ်တိုးမြှင့်ထောက်ခံနေမှုကို မီးမောင်းထိုးပြနေပါသည်။

အိန္ဒိယအတွက်တော့ တရုတ်နှင့် မြန်မာနိုင်ငံကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများက ၎င်း၏နယ်စပ်လုံခြုံရေးကိုအန္တရယ်ဖြစ်စေသောလုပ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိသောင်းကျန်းသူများနှင့် သမိုင်းဝင်ဆက်ဆံရေးရှိခဲ့သည်။

နာဂလန်းနှင့် မဏိပူရ်ကဲ့သို့သော ထိလွယ်ရှလွယ်ဒေသများတွင် လက်နက်မှောင်ခိုမှုနှင့် အကြမ်းဖက်မှုများ ပြန်လည်ပေါ်ပေါက်လာမည်ကို အိန္ဒိယက အထူးသဖြင့်စိုးရိမ်လျက်ရှိနေသည်။ မြန်မာစစ်တပ်ကို တရုတ်က ပိုမိုခိုင်မာအောင်လုပ်ဆောင်ပေးနေခြင်းက အိန္ဒိယ၏တည်ငြိမ်ရေးနှင့် နယ်စပ်လုံခြုံရေးထိန်းသိမ်းနိုင်မှုကို ပို၍ရှုပ်ထွေးစေပါသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားများဦးဆောင်နေသော အွန်လိုင်းလိမ်လည်မှုများက စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ပို၍ကြီးထွားလာခဲ့သည်။ အိန္ဒိယကဲ့သို့သောနိုင်ငံများကိုပစ်မှတ်ထားလိမ်လည်မှုများကြောင့် ဘီလီယံနှင့်ချီသောငွေကြေးများဆုံးရှုံးနေကြရသည်။ စစ်ကောင်စီကို ဩဇာလွှမ်းမိုးဖို့ တရုတ်က စစ်ကောင်စီ နှင့်ပေါင်းဖက်နေချိန်တွင် အိန္ဒိယသည် ၎င်း၏ဒေသတွင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အတွက် ဂရုတစိုက်ဖြင့် ချိန်ခွင်လျှာညှိရမည်သာဖြစ်သည်။

မကြာသေးခင်တုန်းကတော့ အိန္ဒိယသည် ပိုမိုမျှတသောချဥ်းကပ်မှုတစ်ရပ်ကို ဆောင်ရွက်ခဲ့လေသည်။ အိန္ဒိယသည် စစ်ကောင်စီနှင့်၎င်းတို့အကြားက သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားချိန်မှာပဲ အတိုက်အခံအဖွဲ့အစည်းများနှင့်လည်း ထိတွေ့ဆက်ဆံခဲ့သည့်အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့လေသည်။

အိန္ဒိယ၏ အဓိကစိုးရိမ်မှုက နယ်စပ်လုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများဖြစ်သည်။ သို့သော် အိန္ဒိယ၏ မြန်မာနိုင်ငံအခြေအနေအပေါ်လွှမ်းမိုးနိုင်ရေးက ၎င်း၏ပြည်တွင်းစိန်ခေါ်မှုများနှင့် ဒေသတွင်း ရှုပ်ထွေးသောပထဝီနိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကန့်အသတ်ရှိနေသည်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင်ရွေးကောက်ပွဲကျင်းပမည်ဟုဆိုထားသည်။ ထို့ကြောင့် စစ်ကောင်စီကကျင်း ပမည့်ရွှေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏လွှမ်းမိုးမှု လျော့ကျသွားမည်ဆိုပါမူ မြန်မာနိုင်ငံအပေါ် အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးနိုင်မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် တရုတ်၏အခန်းကဏ္ဍကနက်ရှိုင်းနေသောကြောင့် အိန္ဒိယသည် ၎င်း၏ နိုင်ငံအရှေ့ မြောက်နယ်စပ်၌ ကြီးထွားလာနေသော လုံခြုံရေး၊ စီးပွားရေးနှင့် ဗျူဟာမြောက်စိန်ခေါ်မှုများအပေါ် သတိကြီးကြီးထားနေရမည်သာ ဖြစ်ပေတော့သည်။
___________________
Ref: Myanmar’s conflict deepens amid growing influence of China

Author

  • thanlwinkhet
    thanlwinkhet
    View all posts
Share. Facebook Twitter WhatsApp
Previous Articleမထောစခန်းမှ ဆုတ်သွားသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခံရပြီး ၁၀ဦးခန့်သေဆုံး
Next Article အာဏာသိမ်းစစ်ခေါင်းဆောင်ကို ICCရှေ့နေက ဖမ်းဝရမ်းထုတ်ရန် အဆိုတင်သွင်း
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.