ကောင်းချစ်အောင် အောက်တိုဘာ ၂၇၊ ၂၀၂၄။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မနက်လေးနာရီခန့်မှာ တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာကနေ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့စစ်ဆင်ရေးဟာ…
Month: October 2024
သံလွင်ခက်။ အောက်တိုဘာ ၂၆ ၊ ၂၀၂၄။ စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အမှန်တကယ် ရွှေစျေးနှုန်းထိန်းချုပ်နိုင်ခြင်းရှိမရှိထက် ပြည်တွင်းရွှေများ ပြည်ပသို့ထွက်နိုင်ချေရှိသည်ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ” မပြောတတ်ဘူး စောင့်ကြည့်ရမှာပဲ။ ဒီမှာ ဈေးကျရင် ပြည်ပကိုထွက်မှာပဲ။ ဥပမာ အခု ပြည်တွင်းမှာ အကြမ်းဖျင်း စျေးက…
ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၂၆၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ယမန်နေ့တစ်ရက်တည်း၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံတချို့ထံက သိရသည်။ “ဒီနေ့တစ်နေကုန် ငါးကြိမ်ကြဲတယ်။ ဆက်တိုက်ပဲ။ စက်ရုံရဲ့ ပတ်ဝန်းကျင်ကိုကြဲချတာ။ ပြည်သူတစ်ယောက်က ဆိုင်ကယ်စီးရင်း အစမှန်ပြီး…
သံလွင်ခက် အောက်တိုဘာ ၂၅၊ ၂၀၂၄။ မြန်မာစစ်တပ် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့သည်ဟု ယမန့်က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဒေါက်တာနေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ယက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှုလုပ်ဆောင်ခဲ့ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့သို့…
သံလွင်ခက် အောက်တိုဘာလ ၂၄၊ ၂၀၂၄။ မွန်လူမျိုးများအတွက် အကျိုးဆောင်ခဲ့သော ထိုင်းနိုင်ငံဖွား မွန်အမျိုးသားရေးဆောင်ရွက်သူ နိုင်ဘန်ကဒီး (ခေါ်) နိုင်တန်ရွန်းသည် ယမန်နေ့ အောက်တိုဘာ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု မွန်တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ နိုင်ဘန်ကဒီး ကွယ်လွန်ချိန်၌ အသက် (၉၈) နှစ်ရှိပြီဖြစ်ပြီး ဘန်ကောက်မြို့၊ ထိုင်းဘုရင်မဆေးရုံတွင် ရောဂါကုသရင်း…
ကောင်းချစ်အောင် အောက်တိုဘာ ၂၄၊ ၂၀၂၄။ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး ၅ ရက်တာ ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို ကပ္ပလီပင်လယ်ပြင်မှာ လုပ်ဆောင်တာဟာ နောက်ဆုံးရက်ဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံပူးတွဲလေ့ကျင့်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပင်လယ်ပြင်မှာ မြေပြင်၊ ဝေဟင်နဲ့ ရေအောက်လေ့ကျင့်ခန်းတွေ လက်တွေ့လေ့ကျင့်ပစ်ခတ်တာတွေ ပါဝင်တယ်။…
သံလွင်ခက် အောက်တိုဘာ ၂၄၊ ၂၀၂၄။ မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့် ထောင်တွင်းကပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်တွင် အကျဉ်းထောင်အတွင်း ရေသန့်စက်တပ်ဆင်ထားသော်လည်း ၎င်းစက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများတက်နေသဖြင့် သောက်ရေသန့်သောက်သုံးချင်သူများမှာ အကျဉ်းထောင်မှ ၁,၅၀၀ ကျပ်ဖြင့်…
ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၁၄၊ ၂၀၂၄။ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ၆၅ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများထဲမှ ၉၂…
(စစ်ကြောင်းထိုးကာလ ဒေသခံ ၂၀ ကျော်သေဆုံးကာ ၁၀၀ ဖမ်းဆီးခံခဲ့ရ) မောင်ဘဦး အောက်တိုဘာ ၂၄၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများသို့ နှစ်ပတ်ခန့် စစ်ကြောင်းထိုးပြီး လူသတ် မီးရှို့ခဲ့သည့် စစ်ကောင်စီ နမခ စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့ထဲကို ပြန်လည်ဝင်ရောက်ခဲ့သည် ဟု ဒေသခံများထံမှ…
သံလွင်ခက် အောက်တိုဘာ ၂၃၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟံလင်းတိုက်နယ် သခွတ္တောကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဒုတပ်ခွဲမှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။ တရားခံ ပြည့်ထွန်းနိုင် (ခ) လင်းစေသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း…