Month: October 2024

ဘုန်းမောင် အောက်တိုဘာ ၂၉၊ ၂၀၂၄။ ပြင်းထန်သောအကြမ်းဖက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများက တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေပါသည်။ ရာသီဥတုပြောင်းလဲမှုက လူသားတို့၏အသက်မွေးဝမ်းကျောင်းမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်ရမှု၊ ရွှေ့ပြောင်းအခြေချ နေထိုင်ရမှု၊ နဂိုရှိနှင့်ပြီးသား ပဋိပက္ခဒိုင်းနမစ်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအား တိုက်ရိုက်မ ဟုတ်သောနည်းလမ်းဖြင့် တိုးမြှင့်လာစေကြောင်း လက်ရှိလေ့လာမှုများအရ တွေ့ရှိထားပါသည်။ အပြန်အ လှန်ဆက်စပ်မှုအရဆိုလျှင်လည်း ရာသီဥတုပြောင်းလဲမှုများက နိုင်ငံတစ်ခုချင်းစီတိုင်း၏…

Read More

သံလွင်ခက် အောက်တိုဘာ ၂၈၊၂၀၂၄။ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA သည် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်နိုင်တော့မည်ဟု တပ်တော်၏ကွပ်ကဲရေးမှူး၊ မောင်ဆောင်းခမှ ၎င်း၏ ဖေ့စဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးဖော်ပြခဲ့သည်။ ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်၌ ညီနောင်မဟာမိတ်…

Read More

သံလွင်ခက် အောက်တိုဘာလ ၂၈ ၊၂၀၂၄။ ပဲခူးတိုင်း၊ ခရိုင် ၃ ခုအတွင်းရှိ စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့တွင် ထုတ်ပြန်သည်။ တောင်ပိုင်းအမှတ် ၂ စစ်ဒေသခွဲနယ်မြေများဖြစ်သည့် ပဲခူးတိုင်း၊…

Read More

သံလွင်ခက် အောက်တိုဘာ ၂၈၊၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ- မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူ (ခေါပုတ်) အုပ်စု နှင့် ပါဟိုက်အုပ်စု၊ ဆောဘွဲဒဲကျေးရွာအား စစ်ကောင်စီက ၂ ရက်အတွင်း Y-12 ဖြင့် ဗုံးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်က…

Read More

နန်းဆုပန်ခန့် အောက်တိုဘာ ၂၈၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကြောင်းထိုးနေသည့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား စစ်ကူပေးသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ကော့ကရိတ်- သင်္ကန်းညီနောင် အာရှလမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်နှင့်…

Read More

သံလွင်ခက် အောက်တိုဘာ ၂၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းညီနောင်တပ်ဖွဲ့များမှ ထိန်းချုပ်ထားသည့် သိန္နီမြို့၊ နမ့်ခမ်းမြို့နှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ကို ဗုံးသုံးကြိမ်ကြဲတိုက်ခိုက်ခဲ့သလို လောက်ကိုင်မြို့ကိုလည်း…

Read More

မောင်ဘဦး အောက်တိုဘာ ၂၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် တပ်စွဲထားသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီခွဲမှစတင်၍ ဘုတလင်မြို့၏အနောက်မြောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာနှစ်ရွာကိုလည်း လေကြောင်းဖြင့် တိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ အင်အား ၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကြောင်းသည်…

Read More

သံလွင်ခက် အောက်တိုဘာ ၂၈၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့ကြားရှိ ပြိုကျပျက်စီးသွားသည့် တံတားတစ်စင်းကို TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူများက ပြန်လည်တည်ဆောက်ပေးခဲ့သည်ဟု TNLA က ယမန်နေ့တွင်ထုတ်ပြန်သည်။ အဆိုပါ တံတားသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပိတ်ပင်တားဆီးမှုကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့နောက်…

Read More

ယမင်းဖူးပွင့်အောင် အောက်တိုဘာ ၂၇၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ပေါင်း ၃၈ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇…

Read More

မြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု SNLD ဥက္ကဌဆို **************** သံလွင်ခက်။ အောက်တိုဘာ ၂၆ ၊ ၂၀၂၄။ မြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ယနေ့ကျရောက်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနား…

Read More