ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၁၂၊ ၂၀၂၄။ ကရင်နီပြည်အနောက်ဘက်ခြမ်း တောင်ငူ-လိပ်သို-ယာဒိုလမ်းမပေါ်ရှိ ယာဒိုစစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၁၀ လုံးခန့်ရေထဲမျောပါပြီး ပြည်သူ ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။ ယမန်နေ့ နံနက် ၄ နာရီမှ တောင်ကျချောင်းရေ ရေစီးကြမ်းသည့်အတွက် နေအိမ်များအိမ်လုံးကျွတ်မျောပါသွားခြင်းဖြစ်သည်ဟု ထွန်းမြန်မာဒိုနေးရှင်းမှ စစ်ရှောင်အရေးကူညီသူ ကိုဖိုးဇော်က…
Month: September 2024
(ရမည်သင်းဒေသခံ ၁၀ ဦးသေဆုံး) ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၁၂၊ ၂၀၂၄။ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ပေါင်း ၁၀ ခုနီးပါးတွင် ရေကြီးရေလျှံ နေပြီး နေအိမ်ခေါင်မိုးနှင့် သစ်ပင်ပေါ်တွင် ရေဘေးရှောင်နေရသူများကို ရှာဖွေကယ်ဆယ်နေသည်ဟု မန္တလေးလူမှုကူညီရေးအသင်းဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ရေကတော့ မနေ့ကမနက်ပိုင်းလောက်ကစပြီး ဝင်လာတာပေါ့။ ရေတက်တဲ့အရှိန်ကတော့ မြန်တယ်ပဲ ပြောရမှာပေါ့။…
ထွယ် စက်တင်ဘာ ၁၂၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းကို ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးရှင်းလင်းရေးပြုလုပ်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။ အဆိုပါ ရဲကင်းစခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်က…
မောင်ဘဦး စက်တင်ဘာ ၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အနီးနား ကျေးရွာများကို နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများထွက်ပြေးတိမ်ရှောင်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်တွင် ယင်းစက်ရုံကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရပြီးနောက် အင်အား ၆၀ ရှိသည့် စစ်ကောင်စီတပ်သည်…
(နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမည်) မေသံလွင် စက်တင်ဘာ ၁၁ ၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ ညနေပိုင်းကစပြီး မြဝတီမြို့ အမှတ်…
နန်းဆုပန်ခန့် စက်တင်ဘာ ၁၁၊ ၂၀၂၄။ ထိုင်းနိုင်ငံမှတစ်ဆင့် စစ်ကောင်စီတပ်ထံ လွှဲပြောင်းခံခဲ့ရသည့် မြန်မာလုပ်သား ၂၇ ဦးသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၅ ထံ ယခုလ ပထမအပတ်တွင် လာရောက်ခိုလှုံခဲ့သည်ဟု တပ်မဟာ ၄ သတင်းစဉ်ဖြစ်သည့် Kwe Ka…
သံလွင်ခက် စက်တင်ဘာ ၁၁ ၊ ၂၀၂၄။ နေပြည်တော်၊ တပ်ကုန်းမြို့၏အရှေ့ဘက် နဝင်းချောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်နေပြီး ကူညီမှုများ လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။ ယခုရက်သတ္တအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆင်သေဆည်မှ ရေလွှတ်ချခြင်း၊ တောင်ကျချောင်းရေများ ကြောင့် ယနေ့နံနက် ၄ နာရီမှစပြီး…
မောင်ဘဦး စက်တင်ဘာ ၁၁၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ဘေးရှောင်အမျိုးသား ၃ ဦးကို မဒေါင်းကြီးရွာအနီးတွင် ဖမ်းဆီးသတ်ခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင် အင်းအာ ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်သည် ဂျပို့၊ ပေါက်သင့်တုံနှင့် စည်ပုတ္တရာရွာတို့ကို…
သံလွင်ခက်။ စက်တင်ဘာ ၁၁ ၊ ၂၀၂၄။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ကျည်တချို့ သိမ်းဆည်းရမိခဲ့သည်ဟု Myingyan Black Tiger (MBT) က…
ထွယ် စက်တင်ဘာ ၁၁၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်မှာ ၂ ရက်ဆက်ရှိနေပြီဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က အင်းမြိုတော်မြို့နှင့် ၇ မိုင်ခန့်အကွာရှိ ကြာအင်းကျေးရွာကို စစ်ကောင်စီက စတင်မီးရှို့ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက အင်းတော်မြို့အနီးကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက…