ထွယ် ဩဂုတ် ၃၀၊ ၂၀၂၄။ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကြီးကျေးရွာတွင်ရှိသည့် စစ်ကောင်စီ၏ အမြန်လမ်းလုံခြုံရေးတပ်စခန်းတစ်ခုကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်က နွားထိုးကြီး – PDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တာဝန်ရှိသူထံက သိရသည်။ အဆိုပါတပ်စခန်း…
Month: August 2024
သံလွင်ခက်။ ဩဂုတ် ၃၀၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ အကြမ်းဖက် လက်နက်ကိုင် များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူ ၂,၆၀၀၀ နီးပါးကို အာရက္ခတပ်တော်- AA က ကယ်ထုတ်ထားနိုင်ခဲ့သည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။ မောင်တောမြို့တွင်းမှ ခုခံစစ်ဆင်နွှဲနေခဲ့သော…
သံလွင်ခက်။ ဩဂုတ် ၃၀၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့်…
သံလွင်ခက် သြဂုတ် ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့သည်ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် တောင်တန်းမြိုင်ကျေးရွာအနီးတွင် အင်အား ၁၀၀…
ကောင်းချစ်အောင် သြဂုတ် ၂၉၊ ၂၀၂၄။ ခေတ်အဆက်ဆက် မြို့ပြနိုင်ငံတွေထူထောင်ရာမှာ အင်အားဗဟိုချက်ဖြစ်ခဲ့တဲ့ အလယ်ပိုင်းမြေပြန့်ဒေ သဟာ ခုလက်ရှိမှာလည်း စစ်ကောင်စီတဖြစ်လည်း မြန်မာစစ်တပ်အင်အားထုထည်ကြီးမားစွာရှိနေတဲ့ ဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ တကျော့ပြန်စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေ ကနေတဆင့် တော်လှန်ရေးတပ်တွေဟာ အလယ်ပိုင်းဒေသကို ထိုးဖောက်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။ ရှမ်း-မန်းစစ်ဆင်ရေး နှစ်လတာအတွင်း…
ခင်သရဖီဦး ဩဂုတ် ၂၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ကောင်စီ၏တစ်ခုတည်းကျန်ရှိနေသေးသည့် မောင်ရွှေလေးရေတပ်မှာ အာရက္ခတပ်တော်- AA ထံ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံခဲ့သည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်က မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် AA က ရှော့တိုက်ဒုံးဖြင့်…
ယမင်းဖူးပွင့်အောင် ဩဂုတ် ၂၈၊ ၂၀၂၄။ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်မှုများကြောင့် အခုနှစ် ၆ လတာအတွင်း အရပ်သား ၄၉၉ ဦးသေဆုံးပြီး ၄၆၄ ဦး ဒဏ်ရာရခဲ့သည်ဟု မြန်မာ့ပြည်တွင်းပဋိပက္ခများကို လေ့လာဆန်းစစ်နေသည့် Data For Myanmar အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းအတွင်း တစ်လလျှင်ပျှမ်းမျှအနေဖြင့် အရပ်သား…
သံလွင်ခက်။ ဩဂုတ် ၂၇ ၊ ၂၀၂၄။ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့များတွင် လက်တလော ကာလ အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLA မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ၌ အရပ်သားများပါဝင်သော ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က…
ဘုန်းမောင် သြဂုတ် ၂၇၊ ၂၀၂၄။ ထိုင်းရေတပ်တွင် ဒုဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Boonsak Butnean သည် အရာရှိကောင်း တစ်ယောက်ဖြစ်ခဲ့ပါသည်။ “ကျွန်တော် ရိုးရိုးသားသားလုပ်ကိုင်ဆောင်ရွက်နေတာတွေ အောင်မြင်လာခဲ့ပေမယ့် အဲဒါက ကျွန်တော့်ဌာ နကလူတွေအတွက်တော့ သတင်းဆိုးပါပဲ” ဟု သူကရှင်းပြလေသည်။ ထို့နောက်မှာတော့ ၎င်း၏အသက်ကိုခြိမ်းခြောက်သောအန္တရာယ်နှင့် စတင်ရင်ဆိုင်ခဲ့ရသည်ဟု Boonsak က…
သံလွင်ခက်။ ဩဂုတ် ၂၇ ၊ ၂၀၂၄။ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့တွင် ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၁ နာရီမှ…