Month: August 2024

သံလွင်ခက်။ ဩဂုတ် ၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင်…

Read More

သံလွင်ခက် ဩဂုတ် ၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းသည် ယနေ့မနက်ပိုင်းတွင် ကိုးကန့်တပ်- MNDAA လက်ထဲသို့ကျရောက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကစပြီး MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လအကြာ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။…

Read More

သဇင် ဩဂုတ် ၂၊၂၀၂၄ ယခုနှစ် ၆ လအတွင်း စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၁၅,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar ကောက်ယူထားသည့် စာရင်းများအရ သိရသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မတ်လ၊ ဧပြီလ နှင့်…

Read More

ထွယ် ဩဂုတ် ၂၊ ၂၀၂၄။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်ရှိ ခြေလျင်တပ်ရင်း ခ.လ.ရ…

Read More

သဇင် ဩဂုတ် ၂၊၂၀၂၄ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် တက်ကောတဲတိုက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ခြေ ၁၅ လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်ဒုတိယအပတ်မှ စတင်၍ အင်အား ၁၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည်…

Read More

သဇင် ဩဂုတ် ၂၊ ၂၀၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ယနေ့နံနက်ပိုင်းတွင် မိုင်းခွဲဖျက်စီးခံခဲ့ရသည့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ အမှတ် ၃/၁၃၄ သံကူကွန်ရစ်တံတားတွင် မြေဖို့ပြီးစီး၍ ယာယီဖြတ်သန်းခွင့်ရနေပြီဟု ဒေသခံများထံက သိရသည်။ အလျား ၇၀ ပေ၊ အနံ ၁၂ ပေ ရှိသည့် ယင်းတံတားသည် ယနေ့နံနက်အစောပိုင်းတွင်…

Read More

ဘုန်းမောင် သြဂုတ် ၅၊ ၂၀၂၄ ​ စစ်အေးတိုက်ပွဲကာလမျက်နှာပြင်ပေါ်မှာ တရုတ်-မြန်မာဆက်ဆံရေးကိုတင်ကြည့်လျှင် ထူးခြားချက်များရှိနေသည်ကို တွေ့ရပေလိမ့်မည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ – PRC ကို အသိအမှတ်ပြုခဲ့သည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်အငြင်းပွားမှုကို ပထမဆုံးဖြေရှင်းရသောနိုင်ငံဖြစ်လာ ခဲ့သည်။…

Read More

ခင်သရဖီဦး သြဂုတ် ၁၊ ၂၀၂၄ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းမှာလည်း ၃ ဆအထိ မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲတစ်ချို့ရှိခဲ့ပြီးနောက် စစ်ကောင်စီမှစစ်ဆေးရေးတင်းကြပ်လာသဖြင့် ကုန်တင်ကားသွားလာမှုတစ်ချို့ရပ်တန့်နေပြီး ကုန်စည်စျေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်သည်။ “ရန်ကုန်ဖက်က…

Read More

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၊ ၂၀၂၄ စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှ အမျိုးသမီး ၁,၀၀၀ ကျော်နှင့် ကလေးသူငယ် ၇၀၀ နီး ပါးသေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယနေ့တွင်ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်မှ ယခုနှစ်ဇူလိုင်လကုန်အထိ အမျိုးသမီးပေါင်း ၅,၆၁၁ ဖမ်းဆီးခံရပြီး…

Read More

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၊ ၂၀၂၄။ စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်း ၆ လတိုးလိုက်ခြင်းသည် မြန်မာပြည်သူများ၏ဆန္ဒနှင့် ဆန့်ကျင်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမေလာက ယနေ့တွင် ဆိုလိုက်သည်။ အများပြည်သူဆန္ဒကို ကိုယ်စားပြုသည့် ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ရာတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။ ထို့ပြင် စစ်ကောင်စီအနေဖြင့်…

Read More