ဂျာမုန်း မေ ၁၂၊ ၂၀၂၃။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က Non-Commissioned Officer – NCO ဟုခေါ်သည့် အကြပ်သင်တန်းကို အချိန် ၅ လခန့်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့ မေလ ၁၁ ရက်နေ့က သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။ အဆိုပါသင်တန်းကို ရက္ခိုင့်တပ်တော်က သင်တန်းဆရာများအဖြစ် ကြီးကြပ်…
Month: May 2023
သံလွင်ခက် မေ ၁၂ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်နှင့်BGF တပ်များက ကာကွယ်ရေး ပူးပေါင်းတပ်စစ်ကြောင်းများရှိရာဘက်သို့ တက်လာသောကြောင့် ယနေ့နံနက်အစောပိုင်းကတည်းက ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု မြဝတီမြို့အနီးစစ်မြေပြင်၌ ရောက်ရှိနေသည့် PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်ဘက်မှ စစ်ကောင်စီတပ်စစ်ကြောင်းကကာကွယ်ရေးတပ်ဖွဲ့များရှိရာဘက်တက်လာသောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။ “…
သဇင် မေ ၁၂၊၂၀၂၃။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ညောင်ပင်သာကျေးရွာ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၉ ဦး၏ အလောင်းများတွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ အဆိုပါ သေဆုံးသူများတွင် စစ်ကောင်စီ မိသားစုဝင်များလည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ မေလ ၁၀ ရက် ညနေ ၅ နာရီလောက်ခန့်တွင် တပ်မ(၄၄)လက်အောက်ခံတပ်ရင်း…
သံလွင်ခက် မေ ၁၂၊ ၂၀၂၃။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဝင်ရောက်လာနိုင်ရာလမ်းကြောင်းအဖြစ် ပညာရှင်များမှန်းထားသည့် မြို့နယ်များတွင် ပါဝင်နေသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းရှိ ဒေသခံများ ယနေ့တွင် ဆက်လက်ရွှေ့ပြောင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။ ငမန်းရဲကျွန်းဒေသတွင် ကျေးရွာ ၁၃ ရွာရှိပြီး ယမန်နေ့…
သံလွင်ခက် မေ ၁၂၊ ၂၀၂၃။ လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) သည် ကမ်းခြေကိုဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းဝင်နိုင်သည့် အခြေအနေရှိနေသည်ဟု ယနေ့နံနက်ပိုင်းတွင် ပညာရှင်များက ဖော်ပြထားကြသည်။ မုန်တိုင်းလမ်းကြောင်းသည် ကုန်းတွင်းပိုင်း ဝင်ရောက်လာလျှင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းဒေသများကို ဖြတ်သန်းသွားနိုင်ခြေရှိသည်ဟု Google Earth…
သံလွင်ခက် မေ ၁၂၊ ၂၀၂၃။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာရှိ စစ်ကောင်စီ ရဲကင်း ယနေ့နံနက် ၉ နာရီခန့်ကမီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျေးရွာနေ ဒေသခံများထံက သိရသည်။ စစ်အာဏာသိမ်းပြီးနောက် အဆိုပါ ရဲကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေထိုင်ခြင်းမရှိတော့သည့်စခန်းတစ်ခု ဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ)…
သံလွင်ခက် မေ ၁၁ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း KNDF B11 မှတပ်ရင်းမှူး အန်းဂျေလို ကျဆုံးခဲ့သည်ဟု ယနေ့ညပိုင်းတွင် KNDF B11 တပ်ရင်းကသတင်းထုတ်ပြန်သည်။ တပ်ရင်းမှူး အန်းဂျေလိုသည် ပြီးခဲ့သည်ရက်ပိုင်း မေ ၈ရက်တွင် ဖြစ်ပွားခဲ့သည့်…
သံလွင်ခက် မေ ၁၁၊ ၂၀၂၃။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ကူညီသူများကပြောသည်။ ရခိုင့်တပ်တော် ULA/ AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးHDCO က လည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ရန် သတိပေးထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းမှ…
ကောင်းချစ်အောင် မေ ၁၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကန်ဒေါင့်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်အင်အားအသာစီးဖြင့် ပြန်လည်ခုခံသောကြောင့် စခန်းမသိမ်းပိုက်နိုင်ဘဲဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ မုံရွာ−ပုလဲ−ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသည့် ကန်ဒေါင့်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၇၀ကျော်ခန့်တပ်စွဲနေပြီး ယခုနှစ်ဆန်းပိုင်းကတည်းက ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါကန်ဒေါင့်ရဲစခန်းကို ယမန်နေ့ ည၈နာရီ…
သဇင် မေ ၁၁၊၂၀၂၃။ စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်၂ဦးသည် ရေဦး-ခင်ဦးကားလမ်းပေါ်သို့ ထွက်လာစဉ် ထိတွေ့မှု ဖြစ်ပွါးခဲ့သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ နေ့လည် ၁နာရီခန့်တွင် ရေဦး-ခင်ဦးကားလမ်းပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ရောက်ရှိလာသည်ဟုကြိုတင်သတင်းရရှိသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့(LDF)နှင့် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ်ပကဖ)တို့က…