Month: May 2023

သံလွင်ခက် မေ ၁၆၊ ၂၀၂၃။ မိုခါ မုန်တိုင်းကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် တည်ရှိသည့် စစ်ရှောင်စခန်းနှစ်ခုက နေအိမ်များ ပျက်စီးသွားသည်ဟု စစ်ရှောင်တာဝန်ခံများက ပြောသည်။ မေလ ၁၄ ရက်နေ့ညက တိုက်သည့် မိုခါကြောင့် မဂါ့ယန် (Maga yang) စစ်ရှောင်စခန်းက နေအိမ် ၁၈…

Read More

သဇင်  မေ ၁၆၊၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး မီးဘေးနှင့် သဘာဝဘေးသင့် ပြည်သူများအတွက် Solar Power Station-SPS ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ Solar Power Stationကို ပြီးခဲ့သည့် ဧပြီလအစပိုင်းက စတင်ထုတ်လုပ်ခဲ့ရာ…

Read More

သံလွင်ခက်  မေ ၁၆ ၊ ၂၀၂၃ ။ မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည့် ခင်ဦးဒေသခံ ၂၀၀၀ ကျော်တို့သည် မုန်တိုင်းကာလပြီးသည်အထိ နေရပ်မပြန်နိုင်သေးဘဲ နေစရာနှင့် စားစရာများအရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ရှိ ကျေးရွာများ ဖြစ်သော…

Read More

သံလွင်ခက်။ မေ ၁၆ ၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရပြီး လတ်တလောတွင် ရုပ်အလောင်း ၄၀ ကျော် တွေ့ထားသည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။ မုန်တိုင်းဒဏ်ကြောင့်…

Read More

ယမင်းဖူးပွင့်အောင် မေ ၁၆၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီး ထိမှန်မှုကြောင့်…

Read More

သံလွင်ခက် မေ ၁၆၊ ၂၀၂၃။ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းဈေးများ အဆမတန် တိုးမြင့်လာသည်ဟု ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် အိမ်အမိုးသွပ်များ ဝယ်ယူရန် ခက်ခဲနေပြီး မိုးကာများနှင့် အိမ်အမိုးသွပ်များ ဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို…

Read More

သံလွင်ခက်။ မေ ၁၇ ၊ ၂၀၂၃။ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းကို စစ်ကောင်စီက ယနေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံကမှ သိရသည်။ ကနီမြို့နယ်အတွင်းရှိ ချောင်းမနှင့် မင်းမကျေးရွာအနီးကို စစ်ကောင်စီက ဂျက်လေယာဉ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းမာပင်မြို့နယ်…

Read More

သံလွင်ခက်  မေ ၁၇၊ ၂၀၂၃။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးကို စစ်ကောင်စီလေတပ်က ယနေ့နံနက်အစောပိုင်းတွင် လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ မြဝတီမြို့အနီး၌ KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများ နေရာယူထားသည့် ကျောက်တောင်တစ်ဝိုက်ကို လာရောက် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကို…

Read More

ကောင်းချစ်အောင် မေ ၁၇ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရွာများမှ မီးဘေးသင့်ပြည်သူများ ယာယီစစ်ဘေးရှောင်နေသည့်နေရာရှိ တဲအိမ်များ မိုခါမုန်တိုင်းဒဏ်ကြောင့် ရာချီ ပျက်စီးခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကူညီပေးနေရသည်ဟု သိရသည်။ အဆိုပါယာယီစစ်ဘေးရှောင်နေသည့်နေရာတွင် မီးဘေးသင့် ပြည်သူ ၅၀၀ဦးခန့်တိမ်းရှောင်နေကြပြီး တဲအိမ်၁၀၀ခန့် ချောင်းရေတက်လာမှုကြောင့်ပျက်စီးသွားခဲ့သည်။ တဲအိမ်များအပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကာကွယ်ရေးရဲဘော်များက…

Read More

သံလွင်ခက်။ မေ ၁၅၊ ၂၀၂၃။ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်ကျောက်ထုတိုက်နယ်အတွင်းက စပါးလယ်ဧက ၁၀၀၀ ခန့်နီးပါး ရေမြှုပ်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ပြီးခဲ့သည့် မေ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ၄၈ နာရီ ၂ ရက်…

Read More