သဇင် ဧပြီ ၃၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်) အလုပ်သမား ၁၀၆၀ ဦး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီသူများကပြောသည်။ မတ်လ ၃၀ ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။…
Month: April 2023
ဧပြီ ၃ ၊ ၂၀၂၃ ။ လေကြောင်းကိုအသုံးပြု၍ သာမာန်အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာသည့် စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများ ပိုမိုစုစည်းကြရန်လိုအပ်နေပြီဟုချင်းအမျိုးသားတပ်ဦးCNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ယခုနှစ်အစပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် ချင်းပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက ထန်တလန်မြို့နယ်ခွာဖိုရွာကို စစ်ကောင်စီကတိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၌ ပြည်သူ ၈ဦးသေဆုံး၍ ၁၁…
ဧပြီ ၃ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကကျေးရွာချင်းဆက်လမ်းပိုင်းများကို ဘူဒိုဇာဖြင့် တူးကော်ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စိုင်ပြင်မြို့မှ ဒီးပဲယင်းမြို့ဘက်စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ဦးခန့်ရှိစစ်ကြောင်းက လမ်းများကိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ” ဒီပဲယင်းမြို့နယ်ထဲက သူတို့ဖျက်ဆီးသွားတဲ့ လမ်းပိုင်းတွေက ၅ ခု၊ ၆ခု လောက်ရှိတယ်။ စိုင်ပြင်ကနေ…
ဧပြီ ၃ ၊ ၂၀၂၃ ။ ယခုရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်နှင့်စစ်ကောင်စီလက်အောက်ခံBGFတပ်တို့၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကေအဲန်ယူဗဟိုက ဖော်ပြထားသည်။ ယမန်နေ့ ဧပြီလ ၂ရက်၊နံနက် (၈) နာရီ ခွဲဝန်းကျင်၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-အမှတ် (၉) ဝင်းပ မှလက်နက်ကြီး (၃)…
သံလွင်ခက်။ ဧပြီ ၂ ၊ ၂၀၂၃။ ညနေ မှောင်ရီပျိုးစအချိန်ရောက်လျှင် လူများ၏ လှုပ်ရှားသံများ၊ စက်ယန္တရားများ၏ အသံများသည် ပုံမှန်ပေါ်ထွက်လာနေသည်။ ဤသို့ မြင်တွေ့၊ ကြားသိနေရသည့် အရာများသည်ကား စည်းကားလှသည့် ပွဲတော်တစ်ခုတော့ မဟုတ်ပေ။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များအတွင်းမှ ထွက်ပေါ်လာသည့်ကျောက်တူးလုပ်သားများ၏ လှုပ်ရှားမှု မြင်ကွင်း၊…
မေသံလွင် မတ် ၁၅၊ ၂၀၂၃။ အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းလှိုင်သည် စစ်တပ် အာဏာမသိမ်းခင်က တိုင်းပြည်ကာကွယ်ရန် ဖွဲ့စည်းထားသော တပ်မတော်တွင် စစ်မေတစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့ဖူးသူ ဖြစ်သည်။ “စစ်သားတွေ တောတွေ၊ တောင်တွေ သွားရတာကို သနားလည်း သနားတယ်။ ဂုဏ်ယူတယ်။ ကိုယ်လည်း အဲဒီလိုမျိုး စစ်မေတစ်ယောက်…
“ပြည်တွင်းရေးမဟုတ်ဘဲ လူသားတစ်ရပ်လုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ် ” Saw Smith ဧပြီ ၁ ၊ ၂၀၂၃ ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများအပါအဝင် ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့်အရပ်သားနှင့်စစ်ဘေးရှောင် ၄၄၇ ဦးအသက်ဆုံးရှုံးထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များထံမှ သိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး လစဉ်အချက်အလက်များထုတ်ပြန်နေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု…
သဇင် ဧပြီ ၁၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် လှည့်လည် စစ်ကြောင်းထိုးနေသော အင်အား၁၀၀ကျော်ရှိ ဘီလူးစစ်ကြောင်းကိုMyaung Special People Defense Force (MSPDF)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက နှစ်ရက်ဆက်တိုက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ၂၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်တွင် “ဘီလူးကွန်မန်ဒို”စစ်ကြောင်းသည် ခြေရာတော်ကျေးရွာတွင် အထိုင်ချတပ်ဆွဲထားကာ…
သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၃။ စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် တစ်ပတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။ ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အတွက်အခြေခံ စားသောက်ကုန်ပင်…
ကောင်းချစ်အောင် ဧပြီ ၁၊ ၂၀၂၃။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဆုသွန်းပိုင်ကိုစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နှင့်မတ်လ ၃၀ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ မဆုသွန်းပိုင်သည် အထက ၂ မရမ်းကုန်း ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသူတစ်ဦးဖြစ်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မဆုသွန်းပိုင်သည် ရန်ကုန်မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်နေသည့် ရဲဘော်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသည့်ရဲဘော်မှတစ်ဆင့် ဖုန်းဆက်ချိန်းဆို ထောင်ဖမ်းခံရခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌက သံလွင်ခက်ကိုပြောသည်။ “ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ်ကိုဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်”ဟု ၎င်းကဆိုသည်။ သတင်းကြားသိရချင်း မိဘများသည် စိတ်မကောင်းဖြစ်ကာ ငိုယိုခဲ့ပြီး သမီးဖြစ်သူကို ထောင်ထဲတွင် မနေစေချင်တော့ဘူးဟု မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ မဆုသွန်းပိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးကာ ငါးလအကြာတွင် ယခုလိုထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်သုံးလအတွင်း ရုံးထုတ်သည့်အကြိမ်ရေ ၆ကြိမ်ရှိပြီး မဆုသွန်းပိုင်သည် ကျန်းကျန်းမာမာရှိသည်ဟုနီးစပ်သူတစ်ဦးဖြစ်သည့် ကိုမှန်ကြီးက ဆိုသည်။ “ဖက်ဆစ်တပ်ကိုပိုပြီးနာကျည်းမုန်းတီးလာရတယ်ဗျ ပြီးတော့ဗျာ ၁၈နှစ်ပဲရှိသေးတဲ့မိန်းကလေးငယ်တဦးကို၃နှစ်အထိကတော့ ဒါက မတရားမှုကမ်းကုန်အောင်ပါပဲဗျ”ဟု ၎င်းကဆိုသည်။ ထို့အတူ ၂၀၂၂ စက်တင်ဘာ ၁၃ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြလူငယ်များအနက် ၁၃ဦးကိုလည်း စစ်ကောင်စီတရားရုံးက ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။