Month: April 2023

ယမင်းဖူးပွင့်အောင် ဧပြီ ၇၊ ၂၀၂၃။ တပ်မတော်ပိုင်မီဒီယာများအနေဖြင့်  အာဏာသိမ်း စစ်ကောင်စီအာဏာတည်မြဲရေးအတွက် မမှန်သတင်းများဖြင့်ဝါဒဖြန့်ပေးနေသည်ဟု (Media Information Literacy) မီဒီယာသတင်းအချက်အလက် အသိပညာဖြန့်ဝေမှုလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ “တပ်မတော်ပိုင်မီဒီယာတွေက ပြည်သူတွေကို အဆိပ်သင့်တဲ့ သတင်းအချက်အလက်တွေကျွေးပြီး သူတို့ရဲ့အာဏာတည်မြဲဖို့အတွက် ဝါဒမှိုင်းတိုက်နေတယ်” ဟု ၎င်းကပြောသည်။ ၂၀၂၁ သြဂုတ်လတွင် နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုများဖြစ်ပွားခဲ့သော်လည်း…

Read More

Saw Smith ဧပြီ ၇ ၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှ ၈၅ ဦးထက်မနည်းသေဆုံးသည်ဟု Lion Battalion ဗျူဟာစစ်ကြောင်းကသတင်းထုတ်ပြန်သည်။ ရွှေကုက္ကိုလ်မြို့သစ်အနီး ထီးဝါးပလော၊ ထီးကော်ထော်ကျေးရွာများအတွင်း KNLA၊ KNDO၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ BGFတပ်တို့ ဧပြီ…

Read More

နန်းဆုပန်ခန့် ဧပြီ ၆ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုမြို့သစ်အနီး၌ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးလာသည့် ဒေသခံ ၅၀၀၀ ဦးကျော်ရှိနေပြီဟု စစ်ရှောင်များကို ကူညီနေသူများထံက သိရသည်။ ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့အနီးရှိ မဲကနယ်၊ ကုန်သွယ်ရေးဇုန်နှင့်သင်္ကန်းညီနောင် တို့တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ယမန်နေ့တွင်…

Read More

သံလွင်ခက်။ ဧပြီ ၆၊ ၂၀၂၃။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ယမန်နေ့ မွန်းလွဲပိုင်းက စီသာကျေးရွာကိုလက်နက်ကြီးများ…

Read More

ကောင်းချစ်အောင် ဧပြီ ၆ ၊ ၂၀၂၃။ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ခရိုင်ငါးခုအတွင်း၌ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများနှင့်ပတ်သက်သည့် စစ်တမ်းတစ်ခုကို ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့(PMCSG) ကထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါ ကျူးလွန်မှုများရှိနေသည်ဟု ပါရှိသည်။ အဆိုပါစစ်တမ်းကို ၂၀၂၂ခုနှစ် ဩဂုတ် ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ…

Read More

သဇင် ဧပြီ ၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFစခန်းတစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကMi35 ရဟတ်ယာဉ်( ၂)စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ ဧပြီလ ၅ရက် မနက် ၉နာရီခွဲခန့်တွင် ပုလဲအခြေစိုက် M7 PDF စခန်းအား လေကြောင်းမှတိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ…

Read More

သံလွင်ခက်။ ဧပြီ ၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းသို့ ဧပြီလ ၄ ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် လေကြောင်းဖြင့် နှစ်ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ ကသာမြို့နယ်၊ ကျွန်တောကုန်းကျေးရွာနှင့် ပေလမ်းကုန်းကျေးရွာအနီး ပစ်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတောကုန်းကျေးရွာရှိ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု…

Read More

သံလွင်ခက်။ ဧပြီ ၅ ၊ ၂၀၂၃။ စစ်ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။ ယနေ့ KNUက ပထမအကြိမ်  ပြုလုပ်သည့် ” မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် …

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၅၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် ကျေးငှက်တိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းကို ကာကွယ်နိုင်ရေးအတွက် သစ်ပင်များတွင် ငှက်အိမ်ချိတ်ဆွဲရန် ဒေသခံများက စီစဉ်ဆောင်ရွက်နေသည်ဟု ပြောဆိုသည်။ လက်ရှိဆောင်ရွက်မှုအနေဖြင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင် ငှက်အိမ် အလုံးရေ ငါးရာခန့် ချိတ်ဆွဲနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဆောင်နေသူများက ပြောသည်။ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည့်…

Read More

သံလွင်ခက်။ ဧပြီ ၅၊ ၂၀၂၃။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးလာသည့် သံခွံအမျိုးအစားရေယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်က အပစ်ခံရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး‌ သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထပ်မံအတည်ပြုသည်။ အဆိုပါ…

Read More