Saw Smith မတ် ၃၀ ၊ ၂၀၂၃ ။ မွန်ပြည်နယ်၊သထုံခရိုင်အတွင်း၌ စစ်ကောင်စီဂိတ်စခန်းများကိုတိုက်ခိုက်မှုအပါအဝင် ယခုမတ်လတွင် စစ်ရေးမစ်ရှင်ရှစ်ခုခန့်ကို ဆောင်ရွက်ခဲ့သည်ဟု ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်)ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တို့၏စစ်ရေးပစ်မှတ်များကို KNLA အမှတ်၁ တပ်မဟာတပ်ဖွဲ့ဝင်များ၊ PDF၊ KRF နှင့် PPDF-KD…
Month: March 2023
Saw Smith မတ် ၃၀၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ဖြစ်စဥ်၌ လက်နက်မျိုးစုံ ၂၃ လက်နှင့်ကျည်မျိုးစုံ ၃၃၀၀ ကျော်သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မဟာ၅ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့တွင်သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီတပ်၏ မယ်ခါးထာ့တပ်စခန်းကို KNLAနှင့် FFDပူးပေါင်းတပ်ဖွဲ့က…
Saw Smith မတ် ၃၀ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ယနေ့မတ်လ ၃၀ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ၇ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ “ဂျက်ဖိုက်တာနှင့် ထန်တလန်မြို့နယ်၊ခွါဖိုကျေးရွာပေါ်သို့ ဗုံးကြဲ ချသောကြောင့် လက်ရှိပြည်သူ ၇ဦးသေဆုံး၊အများအပြားဒဏ်ရာရ အိမ်များလည်း မီးလောက်ပျက်စီးနေ “ဟု ချင်းဒေသခံများနှင့်မီဒီယာတချို့က ယနေ့…
သဇင် မတ် ၃၀ ၊၂၀၂၃။ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်တွင် အမျိုးသား ၂ ဦးထက်ပို ဆိုင်ကယ်စီးသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။ မတ်လ ပထမပတ်မှ စတင်ကာ ည ၆ နာရီနောက်ပိုင်း အမျိုးသား၂ဦးထက် ပိုစီးသူများကို ဖမ်းဆီးမှုများရှိလာသည်ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦးကပြောသည် ။…
ကောင်းချစ်အောင် မတ် ၃၀၊ ၂၀၂၃။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အနေဖြင့်…
ကောင်းချစ်အောင် မတ်၂၉၊ ၂၀၂၃။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်ဖွဲ့စည်းပြီးသား နိုင်ငံရေးပါတီများကိုဖျက်သိမ်းခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။ တည်ဆဲဥပဒေများကိုချိုးဖောက်ထားသည့် စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထုအားကိုယ်စားပြုမှုလည်းမရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို စစ်ကောင်စီ လက်ဝေခံရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် …
Saw Smith မတ် ၂၉ ၊ ၂၀၂၃ ။ ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပအိုဝ်းပြည်သူများကို ဖိအားပေး၍ လုံခြုံရေးယူပေးရန် အမိန့်ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ ပင်လောင်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့်အခြေအနေ၌ လက်နက်မဲ့ပြည်သူများကိုလုံခြုံရေးယူခိုင်းသည့် PNO၏လုပ်ရပ်သည် ရိုးသားသည့် ပအိုဝ်းပြည်သူများအပေါ် လွန်စွာယုတ်မာအောက်တန်းကျသည့်လုပ်ရပ်ဟု ပအိုဝ်းလူငယ်များက…
မတ် ၂၉ ၊ ၂၀၂၃ ။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု ယနေ့တွင်တောင်ပိုင်းတိုင်းစစ်ဒေသက ဖော်ပြထားသည်။ အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF…
မတ် ၂၉၊ ၂၀၂၃ ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP၏ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ရာနှုန်းပြည့်ထိန်းချုပ်ထားသည့်အတွက် ကရင်နီပြည်နယ်အတွင်း၌ စစ်ဘေးရှောင်အနည်းငယ်သာ WFPထောက်ပံ့မှုကိုရရှိသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားကသံလွင်ခက်ကိုပြောသည်။ ကရင်နီပြည်တွင် ယခုမတ်လအတွင်းစစ်ကြောင်းထိုးနေမှုများနှင့်တိုက်ပွဲများပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်နှစ်သိန်းခွဲဝန်းကျင်အထိတိုးလာပြီးစစ်ရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကူညီပေးနေသူများထံမှသိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုနှင့်လေကြောင်းမှတိုက်ခိုက်မှုများကြောင့် စစ်ရှောင်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် အရေးပေါ်လိုအပ်သည့် ဆေးဝါး၊အစားအသောက်နှင့်အမိုးအကာတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများမရရှိသေးဟု…
ကောင်းချစ်အောင် မတ် ၂၉၊ ၂၀၂၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီလေးဆယ်အားဖျက်သိမ်းကာ စုစုပေါင်းပါတီ ၆၃ခု မှတ်ပုံတင်ထားပြီး ပါတီသစ်ထောင်ခြင်းကိုဆက်လက်ခွင့်ပြုထားသည်ဟု စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ယမန့်နေ့ညကထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုလျှင် မတ်လ၂၈ရက်နေ့နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိလျှင် အလိုအလျောက်ပယ်ဖျက်ခံရမည်ဟု ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ…