စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က သေနတ်များရမ်းသမ်းပစ်ခတ်၍ ကျေးရွာများအတွင်းဝင်ရောက် စစ်ကြောင်းထိုးလာသော ကြောင့် ပြည်သူ ၁၅၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့မတ်လ၉ရက်၊ နံနက်၈နာရီဝန်းကျင်တွင် အင်အား၉၀ ဦးကျော်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်စစ်ကြောင်းက သေနတ်များပစ်ဖောက်၍ ကျေးရွာများအတွင်းဝင်ရောက်လာခဲ့သည်။ အဆိုပါစစ်ကြောင်းဝင်ရောက်မှုကြောင့် အောင်ချမ်းစီ၊ ကံကုန်းရွာ၊ ဒုန်းတောရွာ၊ ထနောင်းကုန်း၊ အေးကုန်းရွာအပါအ၀င်…
Month: March 2023
ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ နယ်မြေပေါင်း ၆၉ တွင်သတ်မှတ် စံချိန်ထက် ကျော်လွန်ကာ မီးခိုးမြူမှုန်များထူထပ်ကာလေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည်ဟု ထိုင်းနိုင်ငံလေထုအရည်အသွေး၊ အသံနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် မတ်လ၇ ရက်နေ့နံနက် ၅ နာရီမှ ၇ နာရီအတွင်း PM 2.5 လေထုညစ်ညမ်းမှု တိုင်းထွာချက်အရ ဘန်ကောက်ခရိုင်ခရိုင် ၆၉…
မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်းတန်းတူရည်တူအခွင့်အရေးပေးနိုင်ရန်လိုအပ်ပြီး၊ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်သည်ဟု မြန်မာအမျိုးသမီးများ သမဂ္ဂအဖွဲ့ချုပ်ကတောင်းဆိုသည်။ ယနေ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ကြသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေးများအဘက်ဘက်မှကျဆင်းလာမှုသည် အမျိုးသမီးများကြုံတွေ့နေရသောအခက်ခဲများကို ပိုမိုဆိုးရွားလာစေသည်ဟု…
ကရင်နီပြည်( ကယားပြည်နယ်)ရှိ စစ်ကောင်စီတပ် လက်နက်ကြီးစခန်းကုန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့မှတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စခန်းကုန်းရှိ လက်နက်ကြီးများကို သယ်ယူရန် ဆွဲချနေချိန် လေကြောင်းမှအပါအဝင် စစ်ကောင်စီပစ်ကူတပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ကရင်နီတပ်တော် KA ရဲဘော် ၈ ဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ရှိသူခူးညေးရယ်က…
ယနေ့ မတ်လ ၈ရက်တွင်ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်းနိုင်ငံမဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအားအမှုဆောင်ဒါရိုက်တာ နန်းမေသန့်ဇင်က ပြောကြားခဲ့သည်။ ထိုနောက် NUGအမျိုးသမီးနှင့်လူငယ်ဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇာန်နာလှလှစိုးကအမှာစကားပြောကြားပြီး စစ်ဘက်ဆိုင်ရာတာဝန်ထမ်းဆောင်နေသော ဗမာ့လွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးမှူး ရိုးအံ့မင်း နှင့် အမျိုးသမီးအခွင့်အရေးတက်ကြွစွာပါဝင်လှုပ်ရှားသူဆရာမနေခြည်တို့က အမျိုးသမီးနေ့ ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထိုအခမ်းအနားအပြီးတွင် သီချင်းဖြင့်ဖျော်ဖြေပေးခြင်း၊ အထူးသဖြင့် အမျိုးသမီးနှင့်ဆိုင်သောပန်းချီကားချပ်များကိုလည်း ပြသထားသည်။…
မုံရွာ-မန္တလေး ကားလမ်း မြေနဲရွာအနီးရှိ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ဦး ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။ ယခုလ မတ်လ၆ရက်၊ ည၁၁နာရီခန့်တွင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ၆ဦးပွဲချင်းပြီး သေဆုံးသွားသည်ဟု Monywa Lightning PDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “ညဘက်အိပ်ချိန်ကြီး သွားပစ်တာ…
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများက သံလွင်ခက်ကို ပြောသည်။ လက်နက်ကြီးပစ်မှုကြောင့် ပြည်သူအချို့တိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည် ဟုဒေသခံတစ်ဦးကပြောသည်။ ရွှေကူမြို့နယ်ရဲစခန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ဆယ်နာရီအချိန်ခန့်တွင် ရေလဲရွာနှင့်မိုးစစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ “အိမ်တစ်အိမ်ရဲ့ ခြေရင်းကိုသွားကျတော့ ဘေးအိမ်က အသက် ၅၀…
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM စခန်းနှင့် CRF စခန်းတို့ကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက် ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ယခုလ မတ်လ၅ရက်၊ ညနေ၃နာရီတွင် တပ်ရင်းနှစ်ရင်းစာအင်အားရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများက စစ်ကြောင်းသုံးကြောင်းခွဲ၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDSOMက ယနေ့တွင်ထုတ်ပြန်ထားသည်။ ” စစ်ကြောင်း၃ကြောင်း လက်နက်ကြီး အာပီဂျီ ၇လက် ၊…
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အရေအတွက်ထိဖြစ်ပွားခဲ့သည့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင် ယခုနှစ်အပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်းတို့၌ တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း၌ပြီးခဲ့သော ဇန်နဝါရီလတွင် တိုက်ပွဲ ၂၀၉ ကြိမ်နှင့် ဖေဖော်ဝါ ရီလအတွင်း၌တိုက်ပွဲ ၁၇၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု…
အမှတ်(၁)စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်၁၅လတာအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်(၁)စစ်ဒေသနယ်မြေများတွင် တိုက်ပွဲပေါင်း၂၄၆၀ ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၄၄၆၇ ဦး သေဆုံးခဲ့ပြီး ၄၆၁၈…