တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲချမှုကြောင့် စာသင်ကျောင်း ၇ လုံးနှင့် နေအိမ်အဆောက်အဦးများ မီးလောင်ပျက်စီး ***************************** ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ၇ ကျောင်းနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု…
Month: February 2023
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက်မှစပြီး ပခုက္ကူမြို့နယ်ဘက်မှ ထွက်ခွာသည့် စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ကြောင်းခွဲကာ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက…
KNU တပ်မဟာ၆ နယ်မြေရှိ PDF စစ်ကြောင်းများကို NUG သုံးလဆက်တိုက် လက်နက်များတပ်ဆင်ပေး *************************** ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆ နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် နဂါးနီစစ်ကြောင်းအား NUG မှ လက်နက်များတပ်ဆင်ပေးသည်ဟု သိရသည်။ အဆိုပါလက်နက်များအား တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး…
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း စီးပွားကျပ်တည်းလာမှု၊ အကြမ်းဖက်မှု၊ လုံခြုံစိတ်ချမှု မရှိသည့် အခြေအနေများကြောင့် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဘိန်းစိုက်တောင်သူများက ပြောသည်။ စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါကြောင့် တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေးမြို့များဖြစ်သည့် မူဆယ်၊…
မကွေးတိုင်း ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ရေစကြိုမြို့ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် တပ်စွဲထားရာ ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညနေ ၅နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။…
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသုံးပြုမည့်Myanmar Electronic Voting Machine (MEVM)သည် အရည်သွေးပြည့်မှီခြင်းမရှိပဲ လုံခြုံရေးအရ အလွန်အားနည်းသော စက်ပစ္စည်းဖြစ်သည်ဟုရွေးကောက်ပွဲကျွမ်းကျင်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVMသည် လုံခြုံရေးအရ အလွန်အားနည်းပြီး နိုင်ငံတကာတွင်သင်ထောက်ကူပစ္စည်းအဖြစ်သာ အသုံးပြုကြောင်း ယင်းကဆက်ပြောသည်။ “လုံခြုံရေးအရလည်း အရမ်းအားနည်းတယ်။ဘက်ထရီလဲ မခိုင်ဘူး။ နိုင်ငံတကာမှာတော့ ဒီစက်ကို သင်ထောက်ကူ …
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို စစ်ကောင်စီက ရေတပ်၊ ကြည်းတပ်တို့မှအင်အားများဖြည့်ပြီးစစ်ကြောင်းထိုးနေသည်ဟု ယနေ့တွင် ပလက်ဝ CDFက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီ၁၂ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မှနေ၍ Navy တပ်(ရေတပ်)က အင်အား၁၀၀ ဦးကျော် စစ်သင်္ဘော၂ စီးဖြင့် ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်သို့တက်ခဲ့သည်။ ထို့နောက် ပလက်ဝ ၂၈၉…
မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့ပြပျောက်ကြားတပ်ဖွဲ့များပူးပေါင်းကာ အလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၄နာရီဝန်းကျင်ခန့်တွင် အဆိုပါရုံးရှေ့၌ လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီစစ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ChinDwin Attack Force တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys အဖွဲ့ကဉီးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(CAF)၊ မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ Teachers People Defense Force၊Spring Dove တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လဝကရုံးထဲတွင် အင်အားနှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး ရုံးရှေ့သို့ လုံခြုံရေးယူရန်ထွက်လာသည့် စစ်သားငါးယောက်ထွက်အလာကို စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ChinDwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့ထွက်အလာကို ကျွန်တော်တို့ကားပေါ်ကနေ စောင့်နေခဲ့တာ ပစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”ဟု၎င်းကပြောသည်။ ထိုပစ်ခတ်မှုတွင် စစ်သားငါးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ရုံးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်တွင်လည်း မုံရွာ နမခစစ်ဌာနချုပ်ကို ရှောတိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနစ်ဦး ကျဆုံးခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်မှ ထွက်လာသော အင်အား ၁၀၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကို ပုလဲမြို့နယ်အစပ်တွင် ကာကွယ်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်ရန်စီစဥ်ခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ပုလဲမြို့နယ်…
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံ ချမှတ်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်တစ်ထောင်ခရိုင်တရားရုံးက ကိုဂျိမ်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ)…