NUG PDF တပ်ရင်းရှေ့တန်းစခန်းတစ်ခု ဝေဟင်၊မြေပြင်တို့မှ စီးနင်းတိုက်ခိုက်ခံရ ******************************** ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ဝေဟင်နှင့် မြေပြင်တို့မှနေ၍ ရှေ့တန်းစခန်းနေရာတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရသည်ဟု NUG PDF တပ်ရင်းအမှတ် (၁၂၂၂)က ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။ ယခုလ ဇန်နဝါရီ…
Browsing: နေ့စဉ်သတင်း
ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့ မီးရှို့ဖျက်ဆီး ******************************** ဇန်နဝါရီ ၂၄၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဘုရားသုံးဆူမြို့ပြပြောက်ကျားအဖွဲ့တာဝန်ရှိက သံလွင်ခက်ကို ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ၂၃ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ “…
မင်းတပ် CDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီယနေ့ထပ်မံ ဗုံးကြဲ ၊ ယခုလအတွင်း ၈ ကြိမ်အထိရှိလာ *********************************** ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထား၍ လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။…
လက်နက်ကြီးကျရောက်မှုကြောင့် ဒီးမော့ဆို၌ ကလေးငယ် ၂ ဦး အပါအဝင်စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရ ***************************** ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ…
လေကြောင်း ထိုးစစ်ကြောင့် ကသာဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရ ********************* ဇန်နဝါရီ ၂၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ကို စစ်ကောင်စီလေတပ်က သုံးရက်ဆက်တိုက် လေကြောင်းသုံးထိုးစစ်ဆင်မှုကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ လူဦးရေ ၈၀၀၀ ခန့်ရှိသည့် မိုးဒါးလေးကျေးရွာနှင့် လူဦးရေ ၁၅၀၀…
အစမ်းခန့် ဒုဗိုလ်မှူးကြီးနှင့် တပ်ဖွဲ့ဝင်လေးဦး ပစ်ခတ် ဖမ်းဆီးခံရ *********************** သံလွင်ခက် ဇန်နဝါရီ ၂၃၊၂၀၂၃။ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင် အပါအဝင် လေးဦးကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်လာသည်။ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊…
တော်လှန်ရေးအဖွဲ့အမည်ခံ ခြိမ်းခြောက်ငွေညှစ်တောင်းခံသူအား ဖမ်းဆီး ******************* ဇန်နဝါရီ ၂၃၊ ၂၀၂၃။ မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေညစ်တောင်းခံနေသူအား စုံစမ်းဖမ်းဆီးနိုင်ခဲ့သည်ဟု Ye Defense Force YDF တာဝန်ခံမှတဆင့် သိရသည်။ YDF အမည်ခံ၍စီးပွားရေးလုပ်ငန်းရှင်များကို ဖုန်းဆက်ငွေညစ်တောင်းခံနေသည်ကို ကြားသိရသဖြင့် YDF အဖွဲ့မှ…
ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်သူများ စစ်ကောင်စီဒေါက်တိုင်အဖြစ်သတ်မှတ်၍ စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည် ************************************ ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ တိုက်ပွဲနှင့်စစ်ရေးမစ်ဆင်များကိုဖော်ဆောင်ထားသည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFက စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်ပတ်သတ် ပူးပေါင်းသူများအား စစ်ရေးအရပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။ ၂၀၂၃…
DKBA အကြီးအကဲနေအိမ်ကို စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲ၊ သတင်းကြိုရ၍ မိသားစုဝင်များ အထိအခိုက်မရှိ ရှောင်နိုင်ခဲ့ ********************************** ဇန်နဝါရီ ၂၁ ၊ ၂၀၂၃ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်ဖွဲ့၏ အကြီးအကဲတစ်ဦးနေအိမ်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် တိုက်လေယာဥ်များဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။…
ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းအား ကရင်နီတပ်များ ပူးပေါင်းသိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ************************************* ဇန်နဝါရီ ၂၁ ၊ ၂၀၂၃ ။ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီ၏ တပ်စခန်းအား ကရင်နီတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KNDFက ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ကောင်စီတပ်စခန်းအား…