Browsing: သတင်းဆောင်းပါး

မေ့လျော့ခံထားရတဲ့ ပလောတပို့စစ်ရှောင်တွေ ******* ယမင်းဖူးပွင့်အောင် မေ ၃၁၊ ၂၀၂၄။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မြန်မာစစ်တပ် အာဏာသိမ်းခဲ့တာ အခုဆိုရင် ၃ နှစ်ကျော် ကာလအတွင်းရောက်ရှိနေပါပြီ။ အာဏာသိမ်းကာလအစောပိုင်းမှာကတည်းက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ စစ် ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာလည်း စစ်ကြောင်းထိုးမီးရှို့မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။…

Read More

ကရင်နယ်ခြားစောင့်တပ်ရဲ့ အမှောင်ဘက်ခြမ်းမျက်နှာစာ ******** ကောင်းချစ်အောင် မေ ၃၁၊ ၂၀၂၄။ မြဝတီမြို့‌မြောက်ဘက်က ကရင်အမျိုးသားအစည်းအရုံးရဲ့ အမာခံစခန်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ကော်မူးရာ ခေါ် ဝမ်ခသစ်စခန်းကြီးဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အောက်ကျဆုံးသွားခဲ့ပါတယ်။ KNU ခွဲထွက်ဖြစ်တဲ့ နယ်မြေခံ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA တပ်ဖွဲ့ဝင်တွေက မြန်မာစစ်တပ်ရဲ့စခန်းသိမ်းထိုးစစ်မှာအကူအညီပေးခဲ့ပြီး KNUအနေနဲ့…

Read More

သုံးပွင့်ဆိုင်ပဋိပက္ခကြားက ဘူးသီးတောင်မြေ ******* ကောင်းချစ်အောင် မေ ၂၅၊ ၂၀၂၄။ မြန်မာနိုင်ငံ အနောက်ဖျားဆုံးဒေသဖြစ်ပြီး ဗဟိုအစိုးရရဲ့ အာဏာစက်သက်ရောက်မှုနဲ့လည်းကင်းဝေးနေတဲ့ ဘူးသီးတောင်မြို့နယ်လေးဟာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားလှပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက အမုန်းတရားတွေအမြစ်တွယ်ခဲ့တဲ့ လူမျိုးစုချင်းကြားကပြဿနာဟာ ၂၀၁၇ ခုနှစ်မှာတော့ အရှိန်အဟုန်နဲ့ပေါက်ကွဲထွက်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံနဲ့စစ်ကြောင်းထိုးမှုကြောင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက ရိုဟင်ဂျာမူဆလင်တွေ…

Read More

မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF ******** ကောင်းချစ်အောင် မေ ၂၅၊ ၂၀၂၄။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်မှာစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်း/မြောက် တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ကလည်း စစ်ရေးအတွေ့အကြုံတွေယူရင်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဟိုင်ဂင်သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက်မှာ ယာယီအပစ်ရပ်စဲပြီးတဲ့နောက်…

Read More

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးရောင်းဝယ်မှုအခြေအနေ – ဇာတ်သိမ်းပိုင်း ******** ဘုန်းမောင် မေ ၂၂၊ ၂၀၂၄။ တတိယအချက်က အစိုးရအုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးပြီးဆုံးချိန်တည်းက မြန်မာနိုင်ငံမှာ လူ တွေရဲ့ သတင်းအချက်အလက်ပေးပို့မှုကို ကန့်သတ်နိုင်တဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေး စတင်ခဲ့ပါတယ်။ Financial Times ကဆောင်းပါးတစ်ပုဒ်မှာ မီးမောင်းထိုးပြထားတဲ့အတိုင်း အစိုးရဩဇာမသက်ရောက်တဲ့နေရာတွေမှာ မူးယစ်…

Read More

ဘုန်းမောင် မေ ၂၁၊ ၂၀၂၄။ (ဆောင်းပါးဟောင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်) နိဒါန်း မြန်မာနိုင်ငံသမိုင်းမှာ ဗုဒ္ဓဘာသာခေတ် မတိုင်မီက ၃၇ မင်းနတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ခဲ့ပါ တယ်။ လူသိများထင်ရှားတဲ့ဒဏ္ဍာရီတစ်ခုအရဆိုရင်တော့ အဲ့ဒီ ၃၇ မင်းနတ်တွေထဲက တစ်ပါးဖြစ်တဲ့ မောင်မင်းဖြူနတ် လို့လည်းခေါ်ကြသလို ဒလဆုံး မင်းရဲကျော်စွာနတ်လို့လည်းခေါ်တဲ့ နတ်တစ်ပါးဟာ ဘိန်းအလွန်အကျွံသုံးစွဲတဲ့အတွက်ကြောင့်…

Read More

စစ်ကောင်စီအတွက် အသက်ကယ်ပေါက်ဖြစ်လာတဲ့ ဒရုန်းနည်းပညာ ******** ကောင်းချစ်အောင် မေ ၁၉၊ ၂၀၂၄။ နှစ်ဖက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ လေကြောင်းအားသာမှုက အောင်ပွဲဖော်ဆောင်နိုင်တဲ့ အဓိကအကြောင်း အရင်းတစ်ခုဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလည်း လေကြောင်းသာလွန်အင်အားရှိတဲ့ အမေရိ ကန်နဲ့ မဟာမိတ်နိုင်ငံတွေ အနိုင်ရရှိခဲ့တာက ထင်ရှားတဲ့သာဓကတစ်ခုပါပဲ။ ခေတ်သစ်စစ်ပွဲတွေမှာတော့ တိုက်လေယာဉ်တွေအပြင် မောင်းသူမဲ့လေယာဉ်ငယ် – ဒရုန်းတွေက လေကြောင်း…

Read More

သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – ဇာတ်သိမ်းပိုင်း ******** ဇေယျာဦး မေ ၁၅ ၊ ၂၀၂၄။ (IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထားသောယခုဆောင်းပါးကို စာတမ်းရှင် ဇေယျာဦး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်) ကျောင်းသားများပို့ခဲ့သော စာများသည် အောက်ခြေတွင်ရှိသောဝန်ထမ်း များက သက်ဆိုင်ရာလူကြီးများထံမပို့ဘဲ လက်စဖျောက်လိုက်နိုင်သည်လည်း ဖြစ်ရာ…

Read More

သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၅ ******** ဇေယျာဦး မေ ၁၄၊ ၂၀၂၄။ (IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထားသောယခုဆောင်းပါးကို စာတမ်းရှင် ဇေယျာဦး ၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်) ထိုအချိန် တစ်ပြိုင်နက်တည်းတွင် စတုတ္ထနှစ်ကျောင်းသားများကို အလုပ်ရုံခန်းမကြီးထဲတွင် ဆက်လက်ထားရှိကာ စောင့်နေစေသည်။ ထိုနေ့ ညနေမှာပင်…

Read More

လားရာမတူတော့တဲ့ နယ်ခြားစောင့်တပ်တွေ ******* ကောင်းချစ်အောင် မေ ၁၃၊ ၂၀၂၄။ နဝတ/နအဖ အစိုးရလက်ထက်မှာ ၂၀၀၈ အခြေခံဥပဒေကိုအသက်သွင်းပြီးတဲ့နောက် စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အဲဒီအချိန်တုန်းက အပစ်ရပ်ထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို စစ်တပ်ဩဇာခံနယ်ခြားစောင့်တပ် – BGF အဖြစ်ပြောင်းကြဖို့ ဖိအားပေးခဲ့ပါတယ်။…

Read More