ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်စပ်ဒေသရှိ ပြည်သူများအနေဖြင့် တောတောင်များနှင့် လူသူပြတ်လပ်သောနေရာများသို့ တစ်ဦးတည်း သို့မဟုတ် လူအနည်းစုဖြင့် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် အာရက္ခတပ်တော် (AA) က ယမန်နေ့က သတိပေးချက်ထုတ်ပြန်သည်။ ARSA နှင့် RSO အဖွဲ့များက နယ်စပ်မှ စိမ့်ဝင်လာပြီး ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာသော…
Browsing: ရခိုင်သတင်း
ခင်သရဖီဦး စစ်တွေမြို့ရှိ စစ်ကော်မရှင်ရေတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နေ့လယ် ၂ နာရီခွဲကျော်တွင် ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာသို့ စစ်ကော်မရှင် ရေတပ်မှ လှမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာတွင်းသို့…
ခင်သရဖီဦး ARSA အဖွဲ့၏ လူမျိုး ဘာသာမခွဲဘဲ ခြုံခိုတိုက်ခိုက်မှုများ ရှိနေသောကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်နေသည့် မူဆလင်လူမျိုးများအနေဖြင့် စိုးရိမ်မှု ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ အာရက္ခတပ်တော် AA ထံတွင် တာဝန်ထမ်းဆောင်နေသူများနှင့် စီးပွားရေးသမားများအား အဓိကထားကာ ARSA တပ်ဖွဲ့ဝင်များအနေဖြင့် မောင်တောမြို့တွင် နေထိုင်သည့် သူများအား…
ယမန်နေ့ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ အသက် ၁၇ နှစ်အရွယ် မောင်အောင်ငြိမ်းဖြိုးမှာ ယနေ့နံနက်အစောပိုင်းတွင် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော်(AA)ကသတင်းထုတ်ပြန်သည်။ သေဆုံးသူ မောင်အောင်ငြိမ်းဖြိုးမှာ Grade 11 တွင်ပညာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်ပြီး ဗုံးကြဲခံရသော သရက်တပင်ဒေသခံကလေးငယ်တစ်ဦးဖြစ်သည်ဟု အေအေက သတင်းထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ယမန်နေ့…
ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းနေသည့် စက်လှေများအား ဖမ်းဆီးရာတွင် အဆိုပါ လှေနဲ့ အတူလိုက်ပါလာသည့် အကြမ်းဖက်သမားများမှ AA တပ်ဖွဲ့ဝင်နှစ်ဦးအား သတ်ဖြတ်သွားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် ရသေ့တောင်မြို့နယ် အပိုင် ကိုးတန်ကောက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာ အနီးက ရခိုင်ရေပိုင်နက်တွင် ဘင်္ဂလားဒေ့ရှ်…
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက ယနေ့ အာရုံတက်ချိန် နံနက် ၁ နာရီကျော်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကျောင်းနေအရွယ် ကလေး ၁၈ ဦးသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။ ယနေ့…
မကွေးတိုင်း၊ ငဖဲမြို့နယ်ကို ထိုးစစ်ဆင်လာသည့် ခလရ ၂၅၉ တပ်စစ်ကြောင်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။ အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီအချိန်တွင် မကွေးတိုင်း၊…
ခင်သရဖီဦး စစ်တွေမြို့၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ဝင်ထွက်သွားလာခွင့်များအား ကန့်သတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီးနောက် ဒေသခံများသည် စားဝတ်နေရေး အခက်ခဲဆုံး အခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် ပြည်မသို့ စစ်ဘေးရှောင်နေသော နေအိမ်အားလုံးနီးပါး နေ့စဉ် ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့ရှိ ဒေသခံများသည် စစ်ကောင်စီ၏ အထွေထွေ ပိတ်ဆို့မှုများကြောင့် ပြီးခဲ့သည့်…
ခင်သရဖီဦး ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး မြေပြင်ထိုးစစ်အတွင်း စစ်တပ်ဘက်မှ အထိအခိုက် အကျအရှုံးများနေ၍ ထွက်ပြေးနေရသည်ဟု ယမန်နေ့ စက်တင်ဘာလ ၅ ရက်တွင် AA က သတင်းထုတ်ပြန်သည်။ မကွေးတိုင်းအတွင်း၌ လုပ်ဆောင်ခဲ့သည့်…
မိုင်းယု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်နယ်မြေအတွင်းရှိ စားဝတ်နေရေးအခက်အခဲများရှိနေသော ရွှေ့ပြောင်းအလုပ်သမား များအား အာရက္ခတပ်တော်(AA)၊ မီးနဂါးစစ်ဒေသမှ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့မှုအစီအစဉ်တွင် စားဝတ်နေရေးခက်ခဲသည့် ရွှေ့ပြောင်းအလုပ်သမား ၁၂၀ ဦးအား ၃ဦးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ် ၄၀ကို အာရက္ခတပ်တော်-AA၊ မီးနဂါးစစ်ဒေသမှ ရဲမှူးဦးဆောင်၍…