အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ည၌ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်အုပ်စုသည် နောက်တစ်ရက် (ဒီဇင်ဘာ ၁၁) တွင် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာအား လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၁ ရက် ညဦးပိုင်း…
Browsing: ရခိုင်သတင်း
ကမ္ဘာတစ်ဝန်းလုံးက လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို တန်ဖိုးထားလေးစားကြသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ (၇၇) ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်မူ ထိုညသည် ငရဲခန်းတစ်ခုသဖွယ် ကြုံတွေ့ခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်တွင် စစ်အုပ်စု၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးသည် မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်သို့ ရောက်လာသည်။…
ITJ08 ယမန်နေ့( အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့)ညပိုင်းတွင် စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံရသော မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဆေးကုသမှု လာရောက်ခံယူနေသော မူဆလင်မိသားစုလိုက်သေဆုံးခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ အဆိုပါ ဗုံးကြတိုက်ခိုက်ခံရမှုတွင် ဆေးရုံ၌ လာရောက်ဆေးကုသမှုခံယူနေသော ပေါက်တော်မြို့နယ်၊ ဆင်တက်မော်ရွာဒေသခံ အသက် ၅၁ နှစ်အရွယ် ဦးအာဒူဇော်လီ၊ အသက် ၄၇နှစ်အရွယ် ဟာဆီနှင်း၊…
“ဒီလောက်လောက် ကမ္ဘာကြီးမှာ မတရားသတ်ဖြတ်နေတဲ့ အစိုးရတစ်ရပ်ကို ဝိုင်းဝန်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ကြတယ်။ ဩဘာပေးကြတယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်လည်း ကြံရာပါဖြစ်လိမ့်မယ်လို့ ယူဆပါတယ်” လက်ရှိကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကိုဝေဟင်အောင်နှင့် ဆက်သွယ်မေးမြန်းချက် 🟩 မနေ့ညက မြောက်ဦးပြည်သူ့ဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ကိုဝေဟင်အောင် – ဖြစ်စဉ်က မနေ့ညနေ ဒီ…
ခင်သရဖီဦး (၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုဟာ ရခိုင်ပြည်၊ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်) မနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့…
ခင်သရဖီဦး ရခိုင်ပြည်၊ မြောက်ဦး ပြည်သူ့ဆေးရုံ အလယ်တည့်တည့် သားဖွားဆောင်အား စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သည့်အတွက် ဆေးရုံးအတွင်းမှ လူနာ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးအထိ ဒဏ်ရာ ရရှိခဲ့သည်ဟု မြေပြင်မှ သိရသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကမ္ဘာတဝှမ်းက ကျင်းပနေကြချိန်…
ခင်သရဖီဦး ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား ယနေ့ည ၉:၁၃ နာရီခန့်အချိန်တွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် လူနာ ၁၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။ ဂျက်ဖိုက်တာဖြင့် ဆေးရုံကြီးရှိ သားဖွားဆောင်အား ဗုံးတစ်လုံး တည့်တည့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု အသက်…
ခင်သရဖီဦး စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့မှာ ကျောက်ဖြူမြို့နယ်တွင် နေ့စဉ် ထိတွေ့ တိုက်ပွဲများရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ကျောက်ဖြူမြို့နယ်ရှိ မင်းပြင်ဝန်းကျင်နှင့် သိုင်းချောင်းဘက်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ အသက် ၂၅ နှစ်အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “နှစ်ဖက်တိုက်ပွဲက နေ့တိုင်း…
ခင်သရဖီဦး ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များနှင့် ကူညီနေသူများထံမှ သိရသည်။ စစ်ကော်မရှင်၏ ရေတပ် (နေဗီ) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထွက်ပြေးလာရသည့်အတွက် လိုအပ်ချက်များ ရှိနေသည်ဟု အသက် ၂၀ အရွယ် စစ်ဘေးရှောင် ကူညီနေသူ အမျိုးသမီး…
ခင်သရဖီဦး ရခိုင်ရိုးမနယ်စပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် ရှိသည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းမကြီးတွင် စစ်ကော်မရှင်တပ်သား ၃၀၀ ခန့်ကို အာရက္ခတပ်တော် AA က ပိတ်ဆို့ထားသည့်အတွက် ဆက်လက် ပိတ်မိနေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ “ပိတ်မိနေတဲ့ အထဲမှာ ဗိုလ်မူးကြီးတစ်ယောက် ပါတယ်။ လူ…