ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်ရှင်အကြား အငြင်းပွားနေသည့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသည့်အတွက် လုပ်အားခရလိုမှုအား အလုပ်သမားမဟာမိတ်အဖွဲ့ WAG အဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးရာ ပြေလည်မှု ရရှိသွားပြီဟု သိရသည်။ လက်ရှိတွင် အဆိုပါ အလုပ်သမားများအား အလုပ်သမားရှာဖွေရေးကုမ္ပဏီမှ တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်၊ လုပ်ခလစာများ အမြန်ဆုံးထုတ်ပေးရန်နှင့် အလုပ်သမားများနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝပေးရန်…
Browsing: ပြည်ပသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက်တွင် ရာဇာမနူ တပ်ဖွဲ့၊ နရေစွမ်း တပ်မတော်၊ ၃၅ ခြေလျင်တပ်ရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၃၄ တို့ ပူးပေါင်းကာ ကမ်းလှည့်လျက်ရှိ သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ရာဇာမနူ အထူးတပ်ဖွဲ့၊…
အမေရိကန်သမ္မတ ထရမ့်နှင့် ထိပ်တန်းဖက်ဒရယ်ကျန်းမာရေးအရာရှိများသည် အကိုက်အခဲပျောက်ဆေး Tylenol ၏ အဓိကပါဝင်ပစ္စည်းဖြစ်သော Acetaminophen ကြောင့် Autism ဖြစ်နိုင်သည်ဟု အချက်အလက်အသစ်မရှိဘဲ တနင်္လာနေ့တွင် သတိပေးခဲ့သည်။ ၎င်းတို့၏ ပြောဆိုမှုများသည် Autism ကို အများစုလက်ခံထားသော အယူအဆများနှင့် ဆန့်ကျင်နေသည်။ အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီး ရောဘတ်…
ချင်းမိုင်ခရိုင်၊ မယ်ကျန်မြို့တွင် Mae Chaem မြစ်ရေ ပြည့်လျှံလာသောကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားသည်ဟု မယ်ကျန်မြို့နယ် ဦးစီးမှူးရုံးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် Tha Pha ခရိုင်နှင့် Chang Keng ရွာအနီးက စိုက်ပျိုးခင်းများလည်း ရေနစ်မြုပ် ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။ ထိုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း…
မြန်မာပြည်သူများကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သက်တမ်းကို ဆက်လက်အသိအမှတ်ပြုရန်နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နိုင်ငံတကာမှ ပိုမိုဖိအားပေးရန် တောင်းဆိုသည့် အင်အားပြချီတက်ပွဲကြီးကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသား များစွာက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် စက်တင်ဘာလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ “Global Action for Credential Campaign 2025″တစ်ရပ်အဖြစ်…
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ကမ္ဘောဒီးယားနိုင်ငံသားများ၏ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုင်းအာဏာပိုင်များက အဓိကရုဏ်းနှိမ်နင်းရေးသုံး ရေအမြောက်ယာဉ်များကို ယနေ့ နေ့လယ်ပိုင်းက ကြိုတင်နေရာချထားကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ထိုင်းအာဏာပိုင်များသည် ဖိအားမြင့်ရေအမြောက်ကားများကို Sa Kaeo ခရိုင်၊ Khok Sungမြို့နယ်ရှိ Ban…
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော အင်တာနက်ဆင်ဆာစနစ်ကြီး၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့ရာ အဆိုပါပေါက်ကြားမှုသည် မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် အချက်အလက်များကို ဖော်ထုတ်ပေးလိုက်သည်။ တရုတ်နိုင်ငံ၏ နာမည်ကျော် “Great Firewall” ဟုခေါ်သော အင်တာနက်ထိန်းချုပ်ရေးစနစ်ကြီးကို တည်ဆောက်ပုံ၊ ထိန်းသိမ်းပုံ အပါအဝင် အတွင်းပိုင်းစာရွက်စာတမ်းများ၊ ကုဒ်များနှင့်…
ယမန်နေ့ နေ့လယ် ၃ နာရီခန့်က ဦးသျှောင်ဌာနီပြည်နယ်၊ နောင်ချန်းက နေအိမ်တစ်ခုမှာ နှစ်လသားအရွယ် ကလေးငယ်ကို Pitbull အမျိုးအစား အိမ်မွေးခွေးကိုက်၍ သေဆုံးခဲ့သည်ဟု Khaosod ထိုင်းသတင်းက ဖော်ပြသည်။ နောင်ချန်းခရိုင်၊ ထွန်းဖိုရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သတ္တုအပိုင်းအစများစုဆောင်းသူ ကလေးမိဘများက အဆိုပါနေအိမ်ရှိ ပြန်လည်အသုံးပြုနိုင်သော စွန့်ပစ်ပစ္စည်းများကို လာရောက်စုဆောင်းစဉ် နေအိမ်တွင်…
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်အပါအဝင် မြန်မာ ၅၃ ဦးသည် ကန်ချနပူရီတွင် ယနေ့ နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည်ဟု Khaosod သတင်းဌာနတွင် ဖော်ပြသည်။ ဖမ်းဆီးရမိသူ အရွယ်ရောက်ပြီးသူများထဲတွင် အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၂၁ ဦး…
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ကန်ချနပူရီပြည်နယ်၊ ထောင်းဖဖုမ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၈ ဦးနှင့် ကလေးငယ် ၂…